Thursday, August 4, 2016

ဒ်ါအောင်ဆန်းစုကြည်အား အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့ (IS)၏ သတ်ဖြတ်ရန်စာရင်း၌ ပါဝင်နေမှုနှင့် ပတ်သက်၍ မဘသအဖွဲ့ကြီး မှ IS အဖွဲ့အား လုံးဝ ရှုတ်ချကြောင်း ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးကိုယ်တိုင် လက်မှတ်ရေးထိုး ၍ သဘောထားထုတ်ပြန် •••••••••••••••••••••••••••••••••••••••••

==သဘောထားထုတ်ပြန်ချက်==

IS အဖွဲ့က လုပ်ကြံသတ်ဖြတ်မည့် လူစာရင်းထဲမှာ နိုင်ငံအချို့၏ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေကြောင်း တရုတ်နိုင်ငံထုတ်သတင်းစာတွင် ပုံနှင့်တကွ ဖော်ပြထားရှိပါသည်။

မလေးရှားနိုင်ငံရဲစခန်းသို့လည်း ယင်းသို့ခြိမ်းခြောက်စာပေးပို့ကြောင်း စင်္ကာပူနိုင်ငံထုတ်The Straits Times သတင်းစာ၌ ဖော်ပြထားရှိပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းချက်များကို
(၄.၈.၂၀၁၆) ကြာသပတေးနေ့ထုတ် စံတော်ချိန်၊ ဒီမိုကရေစီတူဒေး-စသော
ပြည်တွင်းသတင်းစာများ၌လည်း ဖော်ပြထားသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသားအပေါ် ကျရောက်လာမည့်အဆိုပါအန္တရာယ်များကို ကာကွယ်တားဆီးရမည့် အရေးမှာမြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။

ထို့ကြောင့် အဆိုပါ အကြမ်းဖက်မှုမျိုးကို လုံးဝ
ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကလည်း ၀ိုင်းဝန်းကန့်ကွက်
ရှုတ်ချပေးဖို့လိုကြောင်း မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ကိုယ်စားမိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး မ.ဘ.သ(ဗဟို)မှ
သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၁၂၊ စီမံ-မဘသ၊ ၂၀၁၆

နေ့စွဲ ၁၃၇၈-ခု၊ ၀ါဆိုလဆန်း ၁-ရက်

သြဂုတ်လ ၄-ရက်၊ ၂၀၁၆၊ ကြာသပတေးနေ့

                                  "ဘဒ္ဒန္တတိလောကာဘိဝံသ´´
                                      ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
                            အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒစရိယ
                              ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစန်

No comments: