Friday, August 5, 2016

"ငါတို့အားလုံး မဘသများ ဖြစ်ကြသည်" =ဒေါက်တာ အရှင်သောပါက= ***********************************


       ''မဟနအဖွဲ့ရှိပြီးသားမို့ မဘသအဖွဲ့အ
စည်း မလိုပါဘူး''လို့ ပြောဆိုလာတဲ့ရန်ကုန်တိုင်းေ
ဒသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့စကားများ
အပေါ်မှာ တစ်ပြည်လုံးရှိ မဘသများက မခံမရ
ပ်နိုင်ဖြစ်နေကြပါတယ်။ ဗဟိုအနေနဲ့
အောက်ခြေအဆင့်ဆင့်ကို ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့နဲ့ စနစ်တကျဖြစ်ဖို့ ဆောင်ရွက်နေရပါတယ်။

   ဝန်ကြီးချုပ်အနေနဲ့ ကိုယ့်စကားကိုယ်တာဝန်ယူဖို့တော့ လိုအပ်ပါတယ်။
ဒီစကားနဲ့ပတ်သက်ပြီး လေ့လာကြည့်ရင် ပြောဆိုသူဝန်ကြီးချုပ်ဟာ မဟနအဖွဲ့အစည်းကြီးအကြောင်းနဲ့ မဘသအဖွဲ့ကြီးအ
ကြောင်းကို ဘာမှသိရှာသူမဟုတ်ဘူးဆိုတာထင်ရှားလို့နေပါတယ်။

မဟနနဲ့ မဘသအဖွဲ့တို့ရဲ့ တာဝန်နဲ့ဝတ္တရားလုပ်ရပ်တွေကို သေချာ
မလေ့လာဘဲ လက်လွတ်စပယ် ပြောလိုက်တဲ့သဘောတွေ တွေ့နေရပါတယ်။ လူကြီးတစ်ယောက်ဖြစ်လာရင် အပြောအဆို အနေအထိုင်ကအစ ဆင်ဆင်ခြင်ခြင် ပြောဆိုဖို့လိုအပ်တာပေါ့။

ခုတော့ ပြောတဲ့စကားကလည်းအချိုးမပြေ။ ပြောတဲ့ဟန်ပန်နဲ
့ နေထိုင်မှုဟန်အမူအရာကလည်း အချိုးမကျ၊ အခြောက်တိုက်
ဘဝင်ရူးပေါက်နေတဲ့ အသွင်သဏ္ဌာန်ကို သူရဲ့စင်ကာပူမှာပြောခဲ့တဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့လိုက်ရပါတယ်။ ကိုယ့်တိုင်းဒေသကြီးရဲ့ ဝန်ကြီး
ချုပ်တစ်ယောက်ကို အဆင့်အတန်းရှိရှိ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ပြောရတာပါ။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ မဘသအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ပုတ်ခတ်ပြောဆိုမှုအပြီး မဘသဗဟိုဦးဆောင်ဆရာတော်များက အထူးအစည်းအဝေးတစ်ရပ်ကျင်းပပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များအား ဖြေရှင်း
ပေးရန် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည့်အပြင် သဘောထား ထုတ်ပြန်ကြေညာချက်တစ်ရပ်လည်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့နောက် ၁၂-
၇-၂ဝ၁၆ နေ့မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။

  တရားဝင်စာမပေါ်ထွက်ခင် တစ်ရက်လောက်ကတည်းက မဟနလက်မှတ်မပါ
သော ကြေညာချက်မူကြမ်းတစ်စောင်အွန်လိုင်းစာမျက်နှာတွေမှာ ပြန့်နှံ့ပေါ်ထွက်လာခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ကြေညာလိုက်တဲ့အခါမှာလည်း ထိုစာသားအတိုင်း လက်မှတ်ထိုးကာ ပြန်လည်ဖော်ပြထားတာ တွေ့ရပါ
တယ်။

       မဟနကြေညာချက်အပေါ်မှာ မဘသများ၊ အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများက ဝမ်းနည်းစိတ်မကောင်းမှုများတော့ ဖြစ်
ခဲ့ရပါတယ်။ မလိုလားသူတွေကတော့ ဝမ်းမြောက်နေကြမှာပေါ့။ မည်သို့ပင်ဆိုစေ မဟနဆရာတော်များရဲ့ ကြေညာချက်အပေါ်မှာ
မဘသအနေနဲ့တုံ့ပြန်စရာမရှိသလိုဆရာတော်ကြီးများအား ပြစ်တင်ပြစ်မှားမှုများလည်းမပြုခဲ့ကြပါဘူး။ ထိုကြေညာချက်ကိုလည်း လက်မခံနိုင်စရာမရှိပါဘူး။ သူ့ဟာနဲ့သူ အနှစ်သာရရှိတာ တွေ့ရပါတယ်။ လွတ်လပ်စွာ သဘော
ထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။ဒီမိုကရေစီရဲ့သဘောထားတွေပေါ့။ ဒေသဆိုင်ရာမဘသများက မဘသအဖွဲ့ကြီးကတော့ ပျက်သွားပြီ၊တရားမဝင်ဖြစ်သွားပြီ၊ ခွင့်မပြုတော့ စသည်ဖြင့် ထင်မြင်ယူဆကာ စိုးရိမ်စိတ်များ၊ စိတ်နှလုံး
မသာမယာဖြစ်မှုများကြောင့်၁၃၇၂ဝ၁၆နေ့မှာထပ်ပြီးအသိပေးလမ်းညွှန်ချက်အမှတ်(၁၃)ကိုလည်း ထပ်မံထုတ်ပြန်ခဲ့ရပါတယ်။

     မဟနရဲ့ကြေညာချက်က မဘသအဖွဲ့ကို ကန့်ကွက်တာမဟုတ်ပါဘူး။ မဘသရဲ့၇၇-၂ဝ၁၆ နေကထုတ်ပြန်လိုက်တဲ့ဦးဖြိုးမင်းသိန်းနဲ့ပတ်သက်သော ကြေညာချက်ကို ကန့်ကွက်ခြင်းသာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

     မဟနရဲ့ မဘသတို့အပေါ်မှာ ယုံမှားသံသယ
မဖြစ်စေဖို့ ရည်ရွယ်ထားတွေ့ရပါတယ်။ မှန်ကန်တဲ့ ရည်ညွှန်းထုတ်ပြန်မှုလို့ပဲ ဆိုချင်ပါတယ်။ မဘသကို ဖျက်သိမ်းသင့်တယ်၊ မလိုအပ် စသည်ဖြင့် ဦးဖြိုးမင်းသိန်း ပြောသကဲ့သို့ထုတ်ပြန်ကြေညာထားတာ တစ်လုံးတစ်ပါဒမှ
မတွေ့ရပါဘူး။

         မဟနကြေညာချက်ကို ကြည့်မယ်ဆိုရင်
မဟနနဲ့ မဘသဟာ စင်ပြိုင်သံဃာ့အဖွဲ့အစည်းလို့ ထင်နေကြတဲ့ ရဟန်းရှင်လူပြည်သူများအတွက် တိကျမှန်ကန်တဲ့ သဘောထား
တစ်ခုကိုထုတ်ပြန်အတည်ပြုပေးသလို ဖြစ်သွားပါတယ်။ ကျေနပ်စရာကောင်းတဲ့ ထုတ်ပြန်ချက်လို့ပဲ ဆိုချင်ပါတယ်။မဟနဆိုတာ နိုင်ငံတော်သံဃမဟာနာ
ယကအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားဝင်အသိအမှတ်ပြုထားသော သံဃဂိုဏ်းကြီး(၉)ဂိုဏ်းလုံးပါဝင်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့
အစည်းကြီးဖြစ်တယ်။မဟနရဲ့ အဓိကလုပ်ငန်းစဉ်ဟာ-

၁။ သာသနာတော် သန့်ရှင်းရေး၊

၂။ သာသနာတော် တည်တံ့ခိုင်မြဲရေး၊

၃။ သာသနာတော် ထွန်းကားပြန့်ပွား
ရေးဆိုပြီးထိုလုပ်ငန်းစဉ်သုံးရပ်ကိုအကောင်အထည်ဖော်
ဆောင်ရွက်တော်မူနေကြပါတယ်။

     မဘသဆိုတာက အမျိုး ဘာသာ သာ
သနာစောင့်ရှောက်ရေးအဖွဲ့ဖြစ်ပါတယ်။ မဟနရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်း မဟုတ်သလိုသံဃအဖွဲ့အစည်းသက်သက်လည်း မဟုတ်ပါ
ဘူး။ မဟနက ဂိုဏ်းပေါင်းစုံပါဝင်တဲ့ သံဃအဖွဲ့အစည်း မဘသက မဟနခွင့်ပြုထားတဲ့ဂိုဏ်းကြီး (၉)ဂိုဏ်းအတွင်းထဲက ဂိုဏ်းပေါင်း
စုံပါဝင်တဲ့ သံဃာတော်များ၊ အသိပညာရှင်၊အတတ်ပညာရှင်၊ အနုပညာရှင်၊ ဥပဒေပညာရှင် အမျိုးသား၊ အမျိုးသမီးစတဲ့ အလွှာအသီး
သီးက လူပုဂ္ဂိုလ်များပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

      ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီးရဲ့''သာသနာတော် သန့်ရှင်းရေး၊ တည်တံ့ရေး၊ပြန့်ပွားရေး''ဆိုတဲ့လုပ်ငန်းစဉ်သုံးရပ်တွင်တည်တံ့ရေးနဲ့ ပြန့်ပွားရေး(၂)ရပ်ကိုစွမ်းနိုင်သလောက်ကူညီဆောင်ရွက်ပေးရန်မဘသကဆုံးဖြတ်ထားတဲ့အတိုင်းပဲ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး အမုန်း
ပွားစေမှုတွေကို ဆောင်ရွက်မှာမဟုတ်၊ လူမျိုးရေးပဋိပက္ခများငြိမ်းအေးစေရန်နှင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သွားရန်အတွက်ကိုသာ မဘသက လုပ်ဆောင်နေတာဖြစ်ပါတယ်။

      မဘသလုပ်ငန်းကြောင့် တိုင်းပြည်တိုးတက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစတဲ့အနှောင့်အယှက် အဟန့်အတားများ လုံးဝမရှိပါဘူး။ ထိုလုပ်ရပ်များကြောင့် နိုင်ငံတော်သံဃမဟာနာယကက (မဟန)ကလည်း မဘ
သကိုကန့်ကွက်ခြင်းမရှိသလို နိုင်ငံတော်အစိုးရကလည်းကန့်ကွက်ခြင်းမရှိခဲ့ပါဘူး။ ယခင်ကလည်းမရှိ၊ ယခုလည်းမရှိသေး၊ နောင်ရှိလာမှာလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ဥဒေဘောင်အတွင်းကနေ သက်ဆိုက်ရာ
လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ ဆောင်ရွက်နေကြလို့ပါ။ မဟနနဲ့ မဘသတို့အားသံဃာအချင်းချင်း သွေးကွဲအောင်ခွဲမယ့် ပုဂ္ဂိုလ်
တွေရဲ့လုပ်ရပ်ကိုလည်းမိမိတို့မဘသအဖွဲ့ဝင်များကသတိထားဖို့လိုအပ်ပါတယ်။ ၈-၅-၂ဝ၁၄ နေ့က မဟနထံမှာ တရားဝင်တွေ့ဆုံ၍ သြဝါဒများ ခံယူခဲ့သလို မဟနဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီး အချို့တို့
၂ဝ၁၄ ခုနှစ်က ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာမဘသသစုံညီ,ညီလာခံကြီးမှာ ကြွရောက်ကာသြဝါဒများ ပေးတော်မူခဲ့ပါတယ်။ ဒါဟာ
သမိုင်းတွေပါပဲ။

          မဘသမလိုအပ်ဘူးဆိုရင်တော့ ဘာ
ကြောင့်မလိုအပ်သလဲဆိုတဲ့အချက်ကို ပြောဖို့လိုပါတယ်။ ကျိုးကြောင်းပြပြီး လုံလောက်ခိုင်မာတဲ့ အကြောင်းပြချက်ရှိဖို့ လိုအပ်ပါတယ်။ သေ
ချာတယ်၊ တိကျတယ် တကယ်မလိုအပ်လို့လက်ခံရင်လည်း ပယ်ဖျက်လိုက်ပေါ့။ သေချာလည်း မလေ့လာ၊ တစ်စုံတစ်ခုသော မျှော်လင့်
ချက်၊ရလိုမှုကြောင့်အတိုက်အခံဆန့်ကျင်ဘက်ချည်း ပြောဆိုနေမယ်ဆိုရင်တော့ ကိုယ်စကားကိုယ်တာဝန်ယူရပါမယ်။ ပြည်သူကျေနပ်နပ်တဲ့အထိ ပေးဆပ်သင့်က ပေးဆပ်ရမယ်မဟုတ်လား။

  ဒီမိုကရေစီနည်းကျပေါ့။ဆီလျော်မှုမရှိတဲ့ ဝေဖန်ကန့်ကွက်ချက်မျိုးကိုတော့ နိုင်ငံ
တကာကပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲဖြစ်ဖြစ်လုံးဝလက်မခံဘဲတုံ့ပြန်ပြောဆိုသွားမှာ ဖြစ်ပါတယ်။

       မဘသရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
အခန်း(၃) အပိုဒ်(၅)တွင် ''ဤစည်းမျဉ်းနှင့်ဤအဖွဲ့သည် မြတ်စွာဘုရား၏ ဓမ္မဝိနယနှင့်အညီသာလျှင် ဖြစ်စေရမည်''အပိုဒ်(၆)တွင် ''ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဖြစ်စေရမည်''။

     အပိုဒ်(၇)တွင် ''အမျိုး ဘာသာ သာသ
နာရေးကိစ္စများ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးတို့အား စွမ်းနိုင်သလောက်ပံ့ပိုးကူညီနိုင်ရန် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ရမည်''။

         အပိုဒ်(၈) ''ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့
အစည်းကြီးကသတ်မှတ်ထားသောသံဃာ့ဂိုဏ်များမှသီးခြားသံဃာ့ဂိုဏ်းမဟုတ်စေဘဲအမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက်သက်သက်သာဖြစ်သည့်ရဟန်းရှင်လူပြည်သူများပါဝင်သောအဖွဲ့အစည်းသာ ဖြစ်စေရမည်''လို့ ပြဋ္ဌာန်းထားပါတယ်။ မဘသကိုဝေဖန်သူဟာ ဒီအခြေခံမူများကိုလည်းမသိ၊
လေ့လည်းမလေ့လာဘဲ မလိုအပ်ဘူးချည်းဘဲပြောဆိုနေတာ ဖြစ်ပါလိမ့်မယ်။

       မိမိတို့ မဘသဆိုတာကတော့ ဘယ်
သောအခါမှ ဘယ်သူကိုမှ ဘာအတွက်ကြောင့်မှ ဆန့်ကျင်သူမဟုတ်ပါဘူး။ မဟနကိုလည်းဆန့်ကျင်သူမဟုတ်သလို ယှဉ်ပြိုင်ကာ စင်ပြိုင်တည်ထောင်တဲ့ အဖွဲ့လည်းမဟုတ်ပါဘူး။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားသူများသာ
ဖြစ်ပါတယ်။

      မဘသသည် မည်သည့်ပါတီနိုင်ငံရေး
သမားများ၏သြဇာခံမဟုတ်သလို နိုင်ငံတော်အစိုးရကိုလည်းဆန့်ကျင်ရန်မဟုတ်ဘဲ ကူညီရန်သာ ရည်ရွယ်ပါတယ်။မဘသသည် မည်သည့်ဘာသာ၊ မည်
သည့်လူမျိုးကိုမှထိခိုက်နစ်နာစေလိုစိတ်မရှိဘဲကိုယ့်ဘာသာ၊ကိုယ့်လူမျိုးကိုသာ စောင့်ရှောက်ကာကွယ်ခြင်းဖြစ်တယ်။ အထူးသဖြင့် မြန်မာတိုင်းရင်းသား (၁၃၅)မျိုးလုံးအတွက် စောင့်ရှောက်ပေးနေခြင်းဖြစ်တယ်။မဘသသည် လူ့အခွင့်အရေးကိုချိုးဖောက်တာမဟုတ်လူ့အခွင့်ရေးနှင့်အညီဆောင်ရွက်ကြခြင်းသာဖြစ်တယ်။ အမျိုး ဘာသာ သာသနာအရေးကို ဦးစားပေးဆောင်ရွက်
ရန်သာဖြစ်တယ်။

       မဘသသည် မည်သည့်အကြမ်းဖက် အ
စွန်းရောက်အလုပ်ကိုမျှမလုပ်၊အကြမ်းဖက်အစွန်းရောက်လုပ်ရပ်မှန်သမျှကိုတော့ ဓမ္မဝိနယနှင့်အညီ ကာကွယ်စောင့်ရှောက်နေပါတယ်။

          မဘသ၏ လုပ်ငန်းစဉ်များနဲ့ ဆောင်
ရွက်ချက်များသည် မည်သည့် ပဋိပက္ခဖြစ်ရေးကိုမျှ ရှေးရှုဆောင်ရွက်ရန် ခုလည်းမရှိ၊ နောင်လည်းရှိလိမ့်မည်မဟုတ်ပါ။မိမိတို့နေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် -

= လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေမျိုးတွေ လျော့နည်းသွား
ခဲ့တာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတချို့ဘာသာခြားတွေရဲ့အဓမ္မစော်ကားခံရနေမှုမှ
သက်သာရရခဲ့ကြတာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများအတင်းအကျပ်ဘာသာကူးပြောင်းခံနေရခြင်းဘာဝမှလွတ်မြောက်နိုင်ခွင့်ရခဲ့ကြတာ မဘသ
အဖွဲ့ကြီး ရှိလို့ပါ။

= ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာခြားနဲ့ ယူပြီးတဲ့အခါ တရားဝင် ဇနီးမယားအဖြစ်နဲ့ နေထိုင်ခွင့်ရခဲ့ကြတာဟာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာခြားနဲ့ယူပြီး အမွေဆက်ခံခွင့် မရခဲ့တာတွေလျော့နည်းပြီး ထိုက်သင့်တဲ့ပိုင်ဆိုင်ခွင့်တွေရနိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= လူမျိုးလိမ် စာရင်းသွင်းမှုတွေ၊ လူမျိုးခြား တရားမဝင် ဝင်ရောက်လာမှုတွေကို ကာကွယ်နိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= အကြမ်းဖက်အစွန်းရောက် အန္တရာယ်တွေကို ကာကွယ်နိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ပရဟိတလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပိုလုပ်ဆောင်နိုင်ခဲ့တာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= ဒုက္ခရောက်သူ တစ်ပါးသူတွေကိုကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီနိုင်ခဲ့တာ
မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ရေဘေး၊ မီးဘေး၊ လေဘေးစတဲ့သဘာဝဘေးအန္တရာယ်တွေကြောင့် ဒုက္ခ
ရောက်သူတွေကို အလျင်အမြန် ကူညီနိုင်ခဲ့တာမဘသအဖွဲ့ကြီး ရှိလို့ပါ။

= ၂ဝ၁၅ ခုနှစ်က အကြီးအကျယ်ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့်
ဒုက္ခရောက်သူတွေကို ကျပ်ငွေ သိန်းပေါင်းသောင်းချီပြီး ကူညီနိုင်ခဲ့တာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွေ တစ်နိုင်ငံလုံး အားကောင်းကောင်းနဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= ဓမ္မစကူးလ်ကျောင်းတွေတစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်ပိုပြီးလုပ်ဆောင်နိုင်ခဲ့တာမဘသအဖွဲ့ကြီး ရှိလို့ပါ။

(အဲဒါဟာမဘသရဲ့ယဉ်ကျေးမှုနှင့်စာရိတ္တပညာ မြှင့်တင်ရေးလုပ်ငန်းစဉ်ကြောင့်ပါ)

= သံဃာအချင်းချင်း ရွှေကျင်၊ သုဓမ္မာစတဲ့ ဂိုဏ်းဂဏမကွဲပြားတော့ဘဲ ညီညွတ်ကုန်ကြတာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ဘာသာ သာသနာ စော်ကားတဲ့သူများ မတွန်းလှန်နိုင်ကြတာ မဘသအဖွဲ့ကြီး
ရှိလို့ပါ။

= အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူ မျိုးချစ်ပုဂ္ဂိုလ်များ ပေါများလာခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ဝံသာနုရက္ခိတ အမျိုးသားရေးသမားတွေ ပေါ်ပေါက်လာခဲ့တာ မဘသအဖွဲ့ကြီးရှိလို့ပါ။

= နိုင်ငံတကာနှင့် ပြည်တွင်းပုဂ္ဂိုလ်တချို့ကဘာသာသာသနာနဲ့ပတ်သက်တာတွေကို၎င်းတို့ စိတ်ကြိုက်ပြောဆိုခွင့်မရခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= လှေစီးခိုးဝင်လာသူ ဘင်္ဂါလီတွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ခဲ့တာ မဘသ
အဖွဲ့ကြီး ရှိလို့ပါ။

= လူမျိုးလိမ် ရိုဟင်ဂျာအရေးကို ကာကွယ်နိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်တဲ့ လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့
တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= အမျိုးစောင့်ဥပဒေ လေးရပ်လုံးသမိုင်းဝင်ပေါ်ပေါက်အောင် ကြိုးစားဆောင်
ရွက်နိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ဥပဒေ,မီဒီယာနှင့် သာသနာပြုစွမ်းရည် မြှင့်တင်ရေးသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တာ မဘသအဖွဲ့ကြီး ရှိလို့ပါ။

= စာသင်ကျောင်းများ၊ ဘ/ကများနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းများ ဆောက်
လုပ်လှူဒါန်းခြင်း၊ ဖွင့်လှစ်သင်ကြားခြင်းများဆောင်ရွက်နိုင်ခဲ့တာ
မဘသအဖွဲ့ကြီး ရှိလို့ပါ။

= ဘာသာရေး၊ လူမျိုးရေးစတဲ့ ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သော် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းနှင့်အတူ မဖြစ်အောင် ထိန်းထားနိုင်
တာဟာလည်း မဘသအဖွဲ့ကြီး ရှိလို့ပါ။

ထို့ကြောင့် မဘသအဖွဲ့ကြီးဟာ မြန်မာနိုင်ငံအပါအဝင်ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာ ရှိသင့်တယ်။ ရှိကို ရှိရမယ်။ မရှိလို့ကို မဖြစ်ဘူး။ရှိပြီးသားမဘသများကလည်း မည်သည့်နည်းနှင့်မျှ နောက်မဆုတ်ဘဲ မိမိတို့လုပ်နေကျ အမျိုးသားရေး ဘာသာရေး သာသနာရေးလုပ်ငန်းများကို အင်အားကောင်းကောင်းနဲ့ ညီညီညွတ်ညွတ် ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဆောင်ရွက်တဲ့အခါမှာတော့အဖျက်သမားတို့ရဲ့ဖျက်လိုဖျက်ဆီးလုပ်ရပ်များ သွေး
ထိုးလှုံ့ဆော် နှောင့်ယှက်မှုများကိုတော့အထူးသတိထားရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

အချိန်တိုင်းမှာ မဘသဖြစ်နေရမယ်။နေရာတိုင်းမှာ မဘသရှိနေရမယ်။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ မဘသဖြစ်နေသင့်တယ်။ မဘသအဖွဲ့သို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေအမျိုး ဘာသာ သာသနာတော်ကြီးကို ကြည်
ညိုမြတ်နိုး တန်ဖိုးထားသူတိုင်းဟာ မဘသများဖြစ်ကြပါတယ်။ ဒါကြောင့် ငါတို့အားလုံးဟာမဘသများဖြစ်ကြပါတယ်။

``မေတ္တာဖြင့်ဒေါက်တာအရှင်သောပါက (ဇေတဝန်)´´

သာကီသွေးဂျာနယ် အတွဲ(၄)အမှတ်(၃)

``မဘသ(ဗဟို)Online Media´´
)

``မဘသ(ဗဟို)Online Media´´

No comments: