မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 25, 2016
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်လေးများ လှုပ်ခတ်လေ့ရှိသော်လည်း ယနေ့ (သြဂုတ်လ ၂၅ ရက်) ညနေ ၅ နာရီခန့်အထိ နောက်ဆက်တွဲငလျင် မလှုပ်သေးကြောင်း
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ်လေးများ လှုပ်ခတ်လေ့ရှိသော်လည်း
ချောက်မြို့အနီးဗဟိုပြု ၍ ယမန့်နေ့က လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲငလျင်
ယနေ့ညနေအထိ မလှုပ်ခတ်သေးကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့၏ အနောက်တောင်ဖက် ၁၂ မိုင်ခန့်အကွာကို
ဗဟိုပြု၍ ပြင်းအားရစ်ခ်ျတာစကေး ၆ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်းငလျင် သြဂုတ်လ
၂၄ ရက် ညနေ ၅ နာရီကျော်က လှုပ်ခတ်ခဲ့သည်။ မြေအနက် ၈၄ ဒဿမ ၁ ကီလိုမီတာတွင်
ဗဟိုပြုလှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး အင်အားပြင်းအဆင့်ဖြစ်သော်လည်း ယနေ့
(သြဂုတ်လ ၂၅ ရက်) ညနေ ၅ နာရီခန့်အထိ နောက်ဆက်တွဲငလျင် မလှုပ်သေးကြောင်း
မိုး/ဇ လဌာန၊ မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှုး
ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။ နောက်ဆက်တွဲငလျင်ငယ်လေးများ
မလှုပ်ရခြင်းမှာ မြေအနက် ၈၄ ဒဿမ ၁ ကီလိုမီတာတွင်
ဗဟိုပြုလှုပ်ခတ်သွားခဲ့ခြင်းကြောင့်ဖြစ်နိုင်ပြီး စောင့်ကြည့်လေ့လာရန်
လိုအပ်နေသေးကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment