Sunday, August 7, 2016

မုံရွာမြို့ပေါ်က မူးယစ်ဘိန်းခန်းတစ်ခုကို ရဲတပ်ဖွဲ့က ညအချိန်ဝင်ရောက်ဖမ်းဆီး =======


သတင်း = ကိုတိုးကြီး
မုံရွာ၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ၊ မြို့သစ်ရပ်ကွက်၊ ထင်းရှူးပင်လမ်းရှိ လူနေအိမ်တစ်လုံးအား သြဂုတ် ၆ ရက်နေ့ည ၁၀ နာရီ ၄၅ မိနစ်အချိန်က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းများအရ ၀င်ရောက်ဖမ်းဆီးခဲ့သည်။
ထိုသို့ ၀င်ရောက်ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါးနှင့် သုံးစွဲရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ကားတစ်စီး၊ ဆိုင်ကယ်ငါးစီးနှင့် မူးယစ်ဆေးဝါးသုံးစွဲနေသူများကို ဖော်ထုတ်စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးရရှိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မုံရွာမြို့မရဲစခန်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းများအဖြစ် သိရှိရသည်။

#ကိုတိုးကြီး

No comments: