မြန်မာနိုင်ငံက Social Media အသုံးပြုသူများအပါအဝင် ပြည်သူများအနေနဲ့ ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပြဌာန်းခဲ့တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ" ကို သိရှိထားဖို့ လိုပါတယ်။
ပုဒ်မ (၃)၊ ပုဒ်မခွဲ(ခ) (၁၅) အရ -
"အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ သူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ" ဟာ အကြမ်းဖက်မှု မြောက်ပါတယ်။
ပုဒ်မ (၃)၊ ပုဒ်မခွဲ(ခ) (၁၇)အရ-
"အကြမ်းဖက်သမားကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ ဖမ်းဆီး၍ အရေးယူခြင်း မပြုနိုင်စေရန် သို့မဟုတ် လွတ်မြောက်စေရန် အလို့ငှာ ထိန်ချန်ခြင်း သို့မဟုတ် သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့် ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့် ပေးခြင်း သို့မဟုတ် ဝှက်ထားခြင်း ပြုလုပ်မှုများ" ဆိုရင်လည်း အကြမ်းဖက်မှု မြောက်ပါတယ်။
ပြည်သူအများ သိရှိလေ့လာနိုင်စေရန် မျှဝေလိုက်ရပါတယ်။
အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment