ရန်ကုန်၊ဩဂုတ် ၂၅
ကုလသမဂ္ဂ
အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖျက်သိမ်းပေးရန် ရခိုင်အမျိုးပါတီက
ယနေ့ (ဩဂုတ်လ ၂၅ ရက်)၌ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
ယင်းထုတ်ပြန်ချက်တွင်
ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံသားများ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေး
အပြည့်အဝ ပေးနိုင်ခြင်း မရှိသောကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်တွင် ရခိုင်နောက်ခံသမိုင်းနှင့် ဖြစ်တည်နေမှုကို
နားလည်နိုင်စွမ်း မရှိသော နိုင်ငံတကာမှ ပုဂ္ဂိုလ် သုံးဦးအား ကန့်ကွက်ကြောင်း
ဖော်ပြထားသည်။
“ရခိုင်ပြည်နယ်က ပြဿနာက ပြည်တွင်း
ပြဿနာ ဖြစ်တယ်။ ပြည်တွင်း ပြဿနာကို ပြည်းတွင်းက အသိပညာရှင်
အတတ်ပညာရှင်တွေနဲ့ပဲ ဖြေရှင်းသင့်တယ်။ နိုင်ငံတော်က လုပ်သင့်တာက ၁၉၈၂
နိုင်ငံသား ဥပဒေနဲ့ပဲ ဖြေရှင်းရင် ရခိုင်ကိစ္စက ပြေလည်သွားမယ်”ဟု
ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း
ဖြစ်ပေါ်နေသော ပြဿနာများသည် ဘင်္ဂါလီလူမျိုးတို့ တရားမဝင် ဝင်ရောက်
နေထိုင်ရာမှ လူမျိုးအမည် အသစ် တစ်ခုဖြင့် နိုင်ငံသား/ တိုင်းရင်းသား
ဖြစ်လိုပြီး ရခိုင်ပြည်နယ်ကို အပိုင် စီးလိုသော ပြဿနာ ဖြစ်ပွားလာရခြင်းကို
အစိုးရ အဆက်ဆက်က ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ခြင်း မရှိခြင်းကြောင့်
ရှုပ်ထွေးနေသော ပြည်တွင်းရေး ပြဿနာ တစ်ရပ်ဖြစ်ကြောင်း ယင်းကြေညာချက်တွင်
ထုက်ပြန်ထားသည်။
အဆိုပါ ကော်မရှင်ကို
နိုင်ငံတော်အစိုးက ဖျက်သိမ်းပေးခြင်း မရှိပါက ရခိုင်ပြည်နယ်လွှတ်တော်၌
အရေးကြီးအဆို တင်သွင်းသွားမည်ဟု ရခိုင်အမျိုးသားပါတီ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ဆိုသည်။
ရခိုင်ပြည်နယ်
အကြံပေးကော်မရှင်အား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်မှ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံသား ၆ ဦး၊ နိုင်ငံတကာ ပုဂ္ဂိုလ် ၃ ဦး၊
စုစုပေါင်း ၉ ဦးနှင့် ဖွဲ့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး
ဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့်
ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment