01-Aug-2016 tagged as
တန်ဖိုးငွေ ကျပ်သိန်း ၃၀၀ နီးပါး ရှိသည့် တရားမဝင် စိတ်ကြွရူးသွပ်ဆေးပြားများ တောင်ငူမြို့နယ် အတွင်းမှ ဖမ်းဆီးရရှိခဲ့ကြောင်း တောင်ငူခရိုင် မူးယစ်အထူးအဖွဲ့ တာဝန်ခံ ဒုရဲအုပ် အောင်ဇေမျိုးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဆိတ်ဖူးတောင် ကျေးရွာအုပ်စု ငါးမိုင်ကျေးရွာ တောင်ငူ-သံတောင် ကားလမ်းပေါ်ရှိ မော်တော်ယာဉ်ကို ဇူလိုင် ၃၁ ရက် ည ၇ နာရီခန့်က ရပ်တန့်စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“သတင်းအရ ကားတစ်စင်းကို ရပ်တန့်စစ်ဆေးတဲ့အခါ ခေါင်းခန်း ထိုင်ခုံနှစ်ခုကြားမှာ ပလက်စတစ် အမဲရောင်အိတ်နဲ့ ထည့်ထားတဲ့ ဆေးပြားအထုတ်တွေကို တွေ့ရှိခဲ့ရတာပါ။ ဖမ်းဆီးရရှိတဲ့ ဆေးပြားက စုစုပေါင်း ၅၉၁၄ ပြားနဲ့ လွယ်အိတ်ထဲက ငွေကျပ်သုံးသောင်းကျော်ပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။
the voice
No comments:
Post a Comment