ကံ ကံအကျိုးရှု့ဒေါင့်ကနေ
သုံးသတ်ကြည့်ရင်
ဗိုလ်ချုပ်အောင်ဆန်း
လုပ်ကြံခံရတာ သည်
သူလုပ်ခဲ့သော ပထမဇော
စေတနာက ပစ္စုပ္ပာန်မှာ
အကျိုးပေးခြင်းဖြစ်သည်။
ဗိုလ်ချုပ် ဘာလုပ်လုပ်
အဓိပတိ စိတ်ဖြင့်လုပ်လေ့ရှိပုံရသည်
ကောင်းတာပဲဖြစ်ဖြစ်
ဆိုးတာပဲဖြစ်ဖြစ်
ဆုံးဖြတ်ပြီး မဖြစ်မနေလုပ်ခြင်းသည်
အဓိပတိ၏ သဘောပင်ဖြစ်သည်
အသက်ငယ်ငယ်နှင့်
ထိပ်တန်းရောက်ပြီး
လုပ်ငန်းကြီးများ အောင်မြင်ခဲ့မှုသည်
အဓိပတိ တပ်သော
လုပ်ငန်းကောင်းများကြောင့်ဟု
ယူဆနိုင်သည်။
အင်္ဂလိပ်, ဂျပန်တို့နှင့် စစ်တိုက်ရာ၌
ဗိုလ်ချုပ်သည် အဓိပတိ စိတ်ဖြင့်သာ
တိုက်ခဲ့ပါလိမ်မည်။
သူပုန်, သူခိုး, ဒါးပြ များကိုလည်း
အဓိပတိ စိတ်ဖြင့်ပင် ကွက်မျက်ခဲ့မှာ
သေခြာပါသည်။
သူတစ်ပါးအသက် သတ်ရာ၌
အဓိပတိ စိတ်ဖြင့်သတ်ခဲ့ပါက
ထိုစိတ်နှင့်ယှဉ်သော ပထမဇောသည်
လက်ရှိဘဝ မှာအကျိုးပေးဖို့
ပိုပြီးသေခြာသည်။
ဗိုလ်ချုပ်လုပ်ကြံခံရခြင်းသည်
သူ့လုပ်ခဲ့သော ကံမှ
လက်ငင်း အကျိုးပေးခြင်းဟု
ယူဆသော် ဖြစ်နိုင်ခြေပိုများပါသည်။
ဒေါ်အောင်ဆန်းစုကြည် သည်
ဗိုလ်ချုပ်လို စိတ်ဓါတ်မျိုးဖြစ်သော်လည်း
လူ တစ်ဦးတစ်ယောက်၏
အသက်ကို သတ်ဖူးသည်ဟု
မကြားဖူးပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့်
အကျယ်ချုပ်ကာလအတွင်း
ဘာသာရေးလုပ်ဖြစ်ခြင်း
ဝိပဿနာ အားထုတ်ဖူးခြင်းများသည်
ဗိုလ်ချုပ်ထက်သာသည့်အချက်များဖြစ်သည်။
အတိတ်ကံ မပါခဲ့ဘူးဆိုပါက
ပစ္စုပ္ပါန်ကံအရ ပြောရရင်
ဒေါ်အောင်ဆန်းစုကြည်သည်
သူများလုပ်ကြံ၍ မသေနိုင်ဟု
သုံးသတ်ရပါကြောင်း...။
(ဒီပဲယင်းကလဲ သက်သေတစ်ခု မဟုတ်လား?)
No comments:
Post a Comment