ရေဘေးသင့်ဒေသများတွင်ပါဝင်သော ပွင့်ဖြူမြို့နယ် ကုန်းစောင်းကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဆေးကုခန်းသို့လာပြပြီး နေရပ်သို့ပြန်သွားသော ရေဘေးသင့်ဒုက္ခသည်တစ်ဦး (ဓာတ်ပုံ − စိုင်းဇော်)
နိုင်ငံတစ်ဝန်း ရေဘေး သင့် လူဦးရေ ၃၁၀,၀၀၀ ကျော် ရှိလာပြီး ရေဘေးကြောင့် လေးဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
သေဆုံးသူစာရင်းမှာ မြေပြင်စာရင်းနှင့်ကွာဟနေသည်။
သြဂုတ် ၅ ရက်စာရင်းများ အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုတွင် ရေဘေးသင့်ပြည် သူ ၃၁၅,၀၀၀ ခန့် ရှိနေပြီး နေအိမ်၅၁,၈၉၄ လုံး အရေးပေါ် ရွှေ့ ပြောင်းခဲ့ရသည်။ မကွေးတိုင်းဒေ သကြီးတွင် ရေဘေးသင့်လူဦးရေ ဆက်လက်တိုးနေပြီး စုစုပေါင်း ၁၈၇,၀၀၀ ကျော်ရှိနေကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး တွင် ရေဘေးသင့်မြို့နယ်စာရင်း တိုးလာပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့ ရေကြီးလာကာ ရန်ကုန်တိုင်းသည် ပထမဆုံးအကြိမ် ရေဘေးသင့်တိုင်းနှင့် ပြည်နယ်စာရင်း၌ ပါဝင်လာသည်။
နေရာကွက်မိုးကြီးခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် လူဦးရေ ၃၀၀ ကျော် ရေဘေးလွတ်ရာ၌ ခိုလှုံနေရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။
ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ထုတ် ပြန်ချက်တွင် ရေဘေးကြောင့် စစ် ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ လူလေးဦးသေဆုံးခဲ့သည်ဆို သော်လည်း မတ္တရာမြို့မှ ရေနစ် သေဆုံးမှု၊ ဟိုင်းကြီးကျွန်းမြို့တွင် စက်လှေမှောက်၍ လူသေဆုံးမှု၊ ဟားခါးမြို့တွင် အိမ်ပြို၍ မြေပိ သေဆုံးမှုများ ထည့်သွင်းတွက် ချက်ထားသည်ကို မတွေ့ရပေ။
No comments:
Post a Comment