Saturday, August 6, 2016

တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့များနှင့် ပင်လုံ အကြိုပြင်ဆင်ရေးအဖွဲ့ တွေ့ဆုံမည် ================================


၆..၈..၁၆
-
တအာင်း၊ ကိုးကန့်၊ AA အဖွဲ့များနှင့် မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေး
မည်ဖြစ် ကြောင်း ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်
ကြီး(ငြိမ်း) ခင်ဇော်ဦးကပြောသည်။
-
အသေးစိတ်အချက်အလက်များ မပြောကြားနိုင်သော် လည်း ယင်းအဖွဲ့
သုံးဖွဲ့နှင့် တိုင်းရင်းသားနယ်မြေ တစ်နေရာတွင် တွေ့ဆုံရန် စီစဉ်နေကြောင်း တပ်မတော်၏ ငြိမ်းချမ်းရေးကိုယ်စား လှယ်တစ်ဦးလည်း ဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး (ငြိမ်း)ခင်ဇော်ဦး က ဆိုသည်။
-
‘‘လာမယ့် တစ်ပတ်အတွင်း မှာ သွားတွေ့မယ်’’ဟု ၎င်းက ပြောသည်။
အထက်ပါတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးဖိတ်ခေါ်
ခဲ့သည့် နောက်ပိုင်းတွင်မှ လက်နက်စွဲ ကိုင်ခဲ့သည့်အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ပါဝင်နိုင်ရေးလက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လိုအပ်သည်ဟု တပ်မတော်ဘက်က ထုတ်ဖော်ပြောကြားထားသည်။
-
AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြဿနာများ ပြေလည်စေ
ရေး တိုက်ရိုက်တွေ့ ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် မိုင်ဂျာယန်အစည်းအဝေး၌7Day Daily အား ပြောကြားခဲ့သည်။
============
7Day News Journal

No comments: