Monday, June 6, 2016
ပြည်ခိုင်ဖြိုး ပါတီ ... ဘာကြောင့် ပိုးစိုးပက်စက် ရှုံးနိမ့်လဲ သုံးသပ်ရရင် ... အခြေခံ အကြောင်းရင်း နဲ့  လတ်တလော အကြောင်းဆိုပြီး ... အကြမ်းဖျဉ်း ခွဲခြားသတ်မှတ်လို့ ရတယ် ..
.
အခြေခံအကြောင်းအရင်းဟာ ...
အရင် စစ်အစိုးရလက်ထက်တုန်းက ကိစ္စတွေကို ...
ပြည်ခိုင်ဖြိုး က အမွေဆက်ခံရတဲ့  ကိစ္စဖြစ်တယ် ...
စစ်အစိုးရလက်ထက် လုပ်ခဲ့တဲ့  တစ်ချို့ ကိစ္စတွေဟာ ...
ဘယ်လိုမှ မတရားမမျှတတဲ့  ကိစ္စတွေ ဖြစ်နေတယ် ...
နိုင်ငံပိုင် ပစ္စည်းတွေကို ...
ပါတီပိုင် ပစ္စည်းတွေအဖြစ် ...
လွှဲပြောင်းယူလိုက်တဲ့  ကိစ္စမျိုးတွေ ဖြစ်တယ် ...
၂၀၁၀ မှာ တက်လာတဲ့  ပြည်ခိုင်ဖြိုးပါတီအစိုးရဟာ ...
ဒီအမှားတွေကို ပြန်ကုစားဖို့ မစဉ်းစားခဲ့ဘူး ...
စစ်အစိုးရလက်ထက် လွှဲယူခဲ့တဲ့  ...
နိုင်ငံပိုင် ပစ္စည်းတွေကို ကျွန်တော်တို့ ပြန်အပ်ပါတယ် ...
ဘာညာသာရကာထလုပ်ရင်တောင် ...
လူထုအနေနဲ့  နည်းနည်းပါးပါး ...
အမြင်ကြည်နိုင်စရာအကြောင်းလေးရှိတယ် ...
သို့ သော် အခုကတော့ ...
ဒါမျိုးတွေ မလုပ်ခဲ့တဲ့  အတွက် ...
အသွင်ကူးပြောင်းရေးအစိုးရလို့  ...
ဘယ်လိုပဲ ဖြဲအော်နေပါစေ ...
လူထုက ယုံကို မယုံဘူး ...
စစ်အစိုးရလက်ထက်ကကောင်တွေ ...
အရပ်ဝတ်လဲပြီး ကလိမ်ကကျစ်လုပ်တယ်လို့ ပဲ မြင်တယ် ...
ဒါဟာ ဒီလိုကိစ္စတွေပေါင်း မြောက်များစွာထဲက ...
ကိစ္စတစ်ခုကို ထောက်ပြတာဖြစ်တယ် ...
:) :) :) :)
NLD အနေနဲ့  လုပ်နိုင်နိုင် မလုပ်နိုင်နိုင် ...
အားနည်းချက် ရှိရှိ မရှိရှိ ...
လူထုက စိတ်မ၀င်စားဘူး ....
မင်းတို့ ပြုတ်သွား အေးတာပဲ ဆိုတာမျိုးနဲ့  ရင်ဆိုင်ရတယ် ...
:D :D :D
ရှင်းရှင်းပြောရရင်တော့ ...
တပ်က ၂၅ ရာခိုင်နူန်း ကိုယ့်ဘက်အသာရတယ်လို့  ...
ပြည်ခိုင်ဖြိုးက ထင်နေပေမယ့်  ...
NLD ဘက်မှာ ...
၅၀ရာနူန်း အကြောပေးထားသလို ဖြစ်နေတာကို ...
တကယ်တန်းပြောရရင်တော့ ...
NLD ဟာ မပြိုင်ခင်ကတည်းက ...
ငါးဆယ်ရာခိုင်နူန်း အနိုင်ရခဲ့ပြီးပြီ ...
ကျန်တဲ့ ၂၅ ရာခိုင်နူန်းကိုမှ ...
ပါတီအားလုံး စုပြီးယှဉ်ပြိုင်ကြရတာ ဖြစ်တယ် ...
:) :) :) :)
၂၅ ရာခိုင်နူန်းကို စပြိုင်တော့မှ ...
လတ်တလောအကြောင်းတွေက အကျုံးဝင်လာတယ် ...
လတ်တလောအကြောင်းတွေထဲမှာ ...
မီဒီယာ ဘက်လိုက်မှုပါတယ် ...
ပြည်ခိုင်ဖြိုး ပါတီတွင်း အကွဲအပြဲပါတယ် ...
သစ်ခိုးတရုတ်တွေကို လွှတ်ပေးရတဲ့ ကိစ္စမျိုးတွေပါတယ် ...
ကျောက်စိမ်းအစီရင်ခံစာလိုမျိုးနဲ့  ....
အချိန်ကိုက်တေ့ဖြုတ်ခံရတာတွေ ပါတယ် ...
အများကြီး အများကြီးပဲ ....
ဘယ်လိုပဲဖြစ်ဖြစ် ...
တပ်ကနေ စားလို့ ဝါးလို့ အားရတော့မှ ...
NLD ကို ဘက်ပြောင်းသွားတဲ့  ....
ဆိတ်လစိ ပဲဂျိုးတွေတောင် အနိုင်ရတယ်ဆိုမှတော့ ....
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနေနဲ့  ...
ခွေးကလေး ကြောင်ကလေးတွေကို ၀င်ပြိုင်ခိုင်းတောင် ...
သေချာပေါက် နိုင်မှာ ဖြစ်တယ် ...
ဒါ လက်မခံချင်လဲ လက်ခံရမယ့်  အမှန်တရားတစ်ခုပဲ ....
ဒါဆို ဘာဆက်လုပ်ကြမလဲ ... ?
ဘာမှ လုပ်စရာမလို ...
အရှုံးကို ကျေကျေနပ်နပ် လက်ခံ ...
၂၀၂၀အတွက် အသင့်ပြင် ...
NLD ဟုတ်တာလုပ်ရင် ပူးပေါင်း ....
NLD မဟုတ်တာလုပ်ရင် ဆန့် ကျင် ကန့် ကွက်...
လူထုရဲ့ လေးစားမှုကို ပြန်ယူ ....
ခင်ဗျားတို့ လုပ်ရမှာက ဒါပဲ ...
:) :) :)
ပါတီကို သွေးသစ်လောင်းရမယ် ...
လူဟောင်းကြီးတွေ အကုန်နူတ်ထွက်ကြတော့ ....
အနားယူကြတော့ ...
လူဟောင်းကြီးတစ်ချို့ ရဲ့ နာမည်ပျက်ကို ...
ပါတီက လှည်းကျိုးထမ်းနေရတာ ကြာပြီ ...
ဦးသိန်းစိန် အနေနဲ့  ...
ပါတီအပေါ် အမှန်တကယ် သက်ဝင်ယုံကြည်တဲ့  ....
တိုင်းပြည် အကျိုးကို နိုင်ငံရေးလောက က ထမ်းရွက်မယ့် ...
လူငယ်သွေးသစ်တွေနဲ့  ပြန်ဖွဲ့ စည်းရမယ် ...
၂၀၁၅ နှစ်ဆန်းစာရင်းအရ ...
အင်အား ၄.၈သန်း ရှိတယ်ဆိုတဲ့  ပါတီဝင်တွေကို ...
အသေအချာပြန် စိစစ် ...
၎.၈ယောက်ပဲ ရှိလဲ အရေးမကြီး ...
ရှိတဲ့ သူတွေဟာ ပါတီအပေါ် ...
အမှန်တကယ် သက်ဝင်ယုံကြည်သူတွေ ဖြစ်ဖို့ လိုတယ် ....
မီဒီယာဘက်လိုက်မှုကို တိုက်ဖို့  ...
နည်းလမ်းတစ်ခုပဲ ရှိတယ် ...
အဲဒါဘာလဲဆိုတော့ ပွင့်လင်းမြင်သာမှုပဲ  ....
ပါတီနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရှိသူ ထားရမယ် ...
အလွယ်တကူဆက်သွယ်နိုင်ပြီး ....
ဖော်ပြခွင့်ရှိတဲ့  သတင်းအချက်အလက် အားလုံးကို ...
လွယ်လွယ်ကူကူ ရယူနိုင်ရမယ် ...
ယုတ်စွ အဆုံး ....
သတင်းထောက်က ရစ်ပြီး ဖုန်းဆက်လဲ ....
ကောင်းကောင်းမွန်မွန် ဖြေပြစမ်းပါ ....
ညစ်ပြီး ဖုန်းဆက်လဲ ....
စိတ်ရှည်လက်ရှည် ဖုန်းဖြေလိုက်စမ်းပါ ...
ကြာရင် ခင်ဗျားတို့ အမှတ်ရလာမယ် ....
အငြင်းပွားဖွယ်ကိစ္စရပ်တိုင်းကို ...
ကိုယ့်ဘက်က မီဒီယာတစ်ချို့ က ...
တောက်လျောက် ချက်ချင်း တုံ့ ပြန်ချေပ ....
သတင်းမှန်ထုတ်နိုင်ရမယ်  ...
ကြုံလို့ တပ်ကိုပါ တစ်လက်စတည်း ကင်ရရင် ...
မိုင်းနောင်ကိစ္စ လိုမျိုး ထပ်ဖြစ်ခဲ့ရင် .....
ကွကို ကင်းလှည့်နေတုန်း ခြုံခိုတိုက်ခံရတဲ့  ကိစ္စမျိုး...
ထပ်ဖြစ်လာခဲ့ရင် ....
တစ်ဘက်က လာတိုက်တာ ဟုတ်မဟုတ် ...
သတ်မှတ်ပေးထားတဲ့  နယ်ကို ....
ကျော်လာတာ ဟုတ်မဟုတ် ...
သတင်းထောက်တွေကို ရဟတ်ယာဉ်တစ်စီးပေါ်တင် ...
အခင်းဖြစ်တဲ့   နေရာကို ခေါ်ပြလိုက် ...
ဒေသခံတွေနဲ့  တွေ့ ပေးလိုက် ...
အဲဒါဆို ရှင်းတယ် ...
အားလုံး သဘောပေါက်သွားမယ် ...
အခုက အာ့အလုပ်မျိုးတွေ မလုပ်တော့ ...
ရုပ်ချောသဘောကောင်း စစ်လော်ဘီတစ်ယောက်က ...
အွန်လိုင်းပေါ်မှာ လူတကာ အဆဲခံပြီး ...
SSA က လာတိုက်တာ သိလား ...
SSPP က သိပ်ဆိုးတာ သိလား လုပ်နေရတယ် ...
ဤကား စကားချပ်
:P :P :P :P :P  
၂၀၁၀ နဲ့  ၂၀၁၅ ကြား ...
တကယ့် မဟာအမှားအယွင်းဟာ ...
ဒေါ်စု နဲ့  သူ့ လူတွေကို ....
အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် စီမံခန့် ခွဲခွင့် ....
မပေးလိုက်မိတဲ့ ကိစ္စ ဖြစ်တယ် ...
အလုပ်လုပ်ရင် အမှားရှိတယ် ...
အောင်မြင်တာ ရှိသလို ရှုံးနိမ့်တာလဲ ရှိတယ် ...
ဒါဆို  ဦးသိန်းစိန်အစိုးရ အုပ်ချုပ်လို့ ငါတို့ မွဲနေတာ ...
ဒေါ်စု အုပ်ချုပ်ရင် ငါတို့ ချမ်းသာမှာဆိုတဲ့  ...
အတွေးအခေါ်ကို ကောင်းကောင်းရိုက်ချိုးနိုင်မယ် ...
အခုကတော့ ...
ဒေါ်စုတို့ ဟာ ဘာအုပ်ချုပ်ရေးအာဏာမှ မရှိ ...
ဘာအုပ်ချုပ်ရေးရာထူးမှလဲ မရှိ ...
ဘာမှမရှိလို့ ဘာမှ မလုပ်ရ ...
ဘာမှမလုပ်ရလို့ ဘာမှ မမှား....
ဘာမှမမှားတော့ ....
ခြောက်ပြစ်ကင်း သဲလင်စင် ...
သူတော်စင်လေးတွေ ဖြစ်နေကြတယ် ...
သူတော်စင်လေးတွေ နဲ့  ...
ခင်ဗျားတို့ လို ...
အပြစ်အနာအဆာ ဗလဗွ ငတိတွေနဲ့  ယှဉ်တော့ ...
ခင်ဗျားတို့ ရှုံးတာ ဘာဆန်းလဲ ...
လွှတ်တော်နှစ်ရပ်ပေါင်း ...
အခုလောက် နိုင်တာတာင် ...
ကံကောင်းတယ်မှတ်ရမယ် ...
:D :D :D :D :D
ဒီလို ရေးပြလို့  ...
ခြင်္သေ့ ကို သိပ်ချစ်တယ်လဲ မအောက်မေ့နဲ့  ...
ဒေါင်းကို ပြန်ထိန်းဖို့  ...
လောက်လောက်လားလား က ...
ခင်ဗျားတို့ ပဲ ရှိလို့ ပြောနေရတာ ....
ကိုယ်တွေကတော့ ....
အာဏာရှင် ဒေါင်းလဲ မကြိုက် ....
ပါတီဆိုတာ ...
၅ နှစ် တစ်ကြိမ်တက်လာပြီး ...
ငါးနှစ်တစ်ကြိမ် ဆင်းသွားမယ့် ...
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ....
ထောက်ခံခဲ့တဲ့  ဖဆပလ ကြီးတောင် ...
နောက်ဆုံး ပြိုကွဲသွားခဲ့တာပဲ ...
လက်ရှိပါတီ ဘယ်ပါတီမှ ...
ဖဆပလလောက် ...
လူထု ထောက်ခံမှု မရဖူးခဲ့  ....
:)  :) :) :)  
( ရဲမိုး )
No comments: