ပြည်သူတွေအနေနဲ့ အစိုးရရဲ့ ချို့ယွင်းချက်တွေကို ဝေဖန်ထောက်ပြဖို့ အကြံပြုလမ်းညွှန်ပေးဖို့စတဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပါဝင်ပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့တုန်းက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
"ကျနော်တို့ကိုရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိနေရာကဏ္ဍ အသီးအသီးက ပူးပေါင်းဆောက်ရွက်ခြင်း၊ ကျနော်တို့ ရဲ့ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင့်သင့်တာတွေကို အကြံပြုလမ်းညွှန်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာဝိုင်းဝန်း ပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်"လို့ နိုင်ငံတော်သမ္မတ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment