ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က အမှတ်(၁)စစ်အခြေခံလေကျင့်ရေးတပ်(ဖောင်ကြီး)မှာ တပ်သားသစ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၈ ရက်နေ့ မနက် ၆ နာရီခွဲအချိန်လောက်မှာ တပ်သားသစ်တဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မျိုးသီဟကျော်က တပ်တွင်းဆေးခန်း အနောက်ဘက်က သီဟိုဠ်ပင်မှာ ဆွဲကြိုးချ သေဆုံးခဲ့တာပါ။
မှော်ဘီ (၁) ရပ်ကွက် အနောက်ပိုင်းလမ်းမှာ နေထိုင်တဲ့ အဲဒီတပ်သားသစ်က ဧပြီလ ၁၁ ရက်နေ့က နေထိုင်မကောင်းဖြစ်လို့ တပ်တွင်းဆေးခန်းမှာနေရင်း နောက်ပိုင်းအခုလို ဖြစ်ခဲ့တာပါ။
အမှတ်(၁) လေ့ကျင့်ရေးတပ်က ဖောင်ကြီးရဲစခန်းကို အကြောင်းကြားလာလို့ ဒုရဲအုပ် ရဲမင်းထွန်းက သေမှု သေခင်း ၄ / ၂၀၁၆ နဲ့ အမှုဖွင့်ထားပြီး အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံစစ်ဆေးကို စစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ဖောင်ကြီးရဲစခန်းကနေ သိရပါတယ်။
Source & Photo : DVB
No comments:
Post a Comment