ဧပြီလ ၂၀ ရက် ညနေပိုင်တွင် ပုပ္ပားတောင် တောမီးလောင်နေစဉ်
ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးတွင် ဧပြီလ ၂၀ ရက် ညနေပိုင်းက တောမီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်အသံလွှင့်စက်ရုံရှိ ၆၀ ကေဗီအေ မီးစက်တစ်လုံးနှင့် ဂိုဒေါင် တစ်လုံး ဆုံးရှုံးသွားကြောင်း သိရသည်။
"လက်ရှိ အခြေအနေက တောမီးတော့ မငြိမ်းသေးဘူး။ ကျွန်တော်တို့ စိုးရိမ်ရတဲ့ အဆောက်အဦးတွေတော့ မရှိတော့ပါဘူး။မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံက ဂိုဒေါင်တစ်လုံး ပါသွားပါတယ်။ ခုတော့ အဆောက်အဦးတွေ မီးလွတ်ရာ ရောက်သွားပါပြီ။ ရုပ်သံကလူတွေ ပြောတာတော့ နေ့ခင်း သုံးနာရီခွဲလောက် ကတည်းက တောမီးလောင်နေတယ်လို့သိရပါတယ်။ မိုက်ကရိုဝေ့တောင်လို့လည်း ခေါ်တယ်။ စပါးအုံးတောင်လို့လည်း ခေါ်တဲ့တောင်မှာ ဖြစ်တာပါ။" ဟု မီးငြိမ်းသတ်ရာသို့ရောက်ရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ည ၁၀ နာရီခွဲခန့်က ပြောကြားပါသည်။
တောမီးလောင်ကျွမ်းမှုမှာ ဆက်သွယ်မေးမြန်းချိန်ကာလ အထိကူးစက်လောင်ကျွမ်းနေဆဲဖြစ်ပြီး အဆောက်အဦးများနှင့် ဝေးကွာသည့်ချောက်နှင့် လျှိုများအတွင်း လောင်ကျွမ်းနေကြောင်း
မီးသတ်တပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်ဒေသခံများက တောမီးငြိမ်းသတ်နိုင်ရေးနှင့် အခြားလူနေကျေးရွာများထိ ကူးစက်လောင်ကျွမ်းမှုမရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Local
Log in to post comments
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, April 21, 2016
ပုပ္ပါးတောင်မကြီးတွင် တောမီးလောင်ကျွမ်းမှုကြောင့် မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင့်စက်ရုံရှိ မီးစက်နှင့် ဂိုဒေါင်တစ်လုံး ဆုံးရှုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment