Thursday, April 21, 2016

ဘက်စုံပညာထူးချွန် လူငယ်အစီအစဉ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင် ▄▄▄▄▄▄▄▄▄▄

ဘက်စုံပညာထူးချွန် လူငယ်အစီအစဉ်များနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဧပြီ ၂၀

၁၉၆၄ ခုနှစ်မှစတင်၍ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သည့် လူရည် ချွန်စီမံကိန်း အစီအစဉ်ကို ၂၀၁၂-၂၀၁၃ ပညာသင် နှစ်မှစ၍ ဘက်စုံပညာ ထူးချွန်လူငယ်အစီအစဉ်အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့သည်။ ယခု ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်အတွက် အဋ္ဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းတို့မှ ဘက်စုံပညာထူးချွန်လူငယ် ၁၇၆ ဦးစီ တို့အား စိစစ်ရွေးချယ်ထားပြီး ဖြစ်သည်။

အဋ္ဌမတန်း ဘက်စုံပညာထူးချွန်လူငယ်များအတွက် ပုဂံအပန်းဖြေစခန်း၊ န၀မတန်း ဘက်စုံပညာ ထူးချွန် လူငယ်များ အတွက် အင်းလေး အပန်းဖြေ စခန်းနှင့်ဒသမတန်း ဘက်စုံပညာထူးချွန် လူငယ်များအတွက် ငွေဆောင် အပန်းဖြေ စခန်းတို့ကို ဧပြီ ၂၇ ရက်မှ မေ ၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စခန်းဝင်စဉ် ကာလ အတွင်း လူရည်ချွန်ဟောင်း များနှင့် တွေ့ ဆုံခြင်း၊ လေ့ လာ ရေးခရီးစဉ် သွားရောက်ခြင်းတို့ကို ဆောင်ရွက် ကြမည် ဖြစ်သည်။

အတန်းတစ်တန်းစီအတွက် အပန်းဖြေစခန်းတစ်ခုစီ သတ်မှတ်ဆောင် ရွက်လျက်ရှိရာ သုံးနှစ်ဆက်တိုက် ရွေးချယ် ခံရပါက စခန်းသုံးခုစလုံး၌ အပန်းဖြေခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းရယူလိုသည့် မီဒီယာများအနေဖြင့် ဘက်စုံပညာထူးချွန်လူငယ် စခန်းများနှင့်ပတ်သက်၍ ဒေါက်တာ စိုးမြင့်ထွန်း (ပုဂံစခန်းမှူး) ဖုန်း- ၀၉-၂၀၀၃၂၃၆၊ ဦးမြင့်အောင် (အင်းလေးစခန်းမှူး) ဖုန်း-၀၉-၅၂၁၃၅၅၅ နှင့် ဦးဝင်းမောင်(ငွေဆောင်စခန်းမှူး) ဖုန်း-၀၉-၄၂၅၀၀၀၅၃၄ တို့သို့ ဆက်သွယ်နိုင်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။


No comments: