မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, April 19, 2016
တောင်သာတပ်မတော်အဖွဲ့နှင့် မျိုးချစ်အမာခံအင်အားစုအဖွဲ့ပူးပေါင်း၍ ကိုယ်ခံပညာများ သင်ကြားပေး
တောင်သာတပ်မတော်အဖွဲ့နှင့်
မျိုးချစ်အမာခံအင်အားစုအဖွဲ့ပူးပေါင်း၍
ကိုယ်ခံပညာများ သင်ကြားပေး
ဧပြီလ 6
ဦးအောင်သောင်း ကွယ်လွန်ပြီးနောက်
ဖရိုဖရဲဖြစ်နေသော တောင်သာတပ်ကို
ပြန်လည်စုစည်းခေါ်ယူပြီး မဘသအဖွဲ့၏
မျိုးချစ်အမာခံအင်အားစုအဖွဲ့နှင့်
ပူးပေါင်းကာ ရန်ကုန်မြို့ ဘုံပျံကျောင်းတိုက်တွင်
လျှိုဝှက်စွာ သင်တန်းပေးနေကြောင်း
FNG အဖွဲ့မှ စုံစမ်းသိရှိရပါသည်။
ဦးအောင်သောင်း၏ကိုယ်ပိုင်တပ်ဖွဲ့ဖြစ်သော
တောင်သာတပ်မတော်သည်
မီထ္ထီလာအရေးအခင်းတွင် အကြမ်းဖက်
လုပ်ငန်းများလုပ်ကိုင်သွားရာမှ
ကျော်ကြားလာသော တပ်မတော်လက်အောက်ခံ
ပြည်သူ့စစ်အဖွဲ့ဖြစ်ခဲ့ပြီး
ဦးအောင်သောင်း၏သစ္စာခံ အဖွဲ့တဖွဲ့
ဖြစ်သည်။
ဦးအောင်သောင်း ကွယ်လွန်ပြီးနောက်
ကာလအတန်ကြာ ပျောက်ကွယ်နေသော
လည်းကောင်းတပ်ဖွဲ့ကို
ယခု သာသနာရေးဝန်ကြီးဖြစ်သော
သူရဦးအောင်ကို မှ လျှိုဝှက်စွာ
ပြန်လည်စုစည်းပြီး မဘသဗဟိုဖြစ်သော
အင်းစိန် ရွာမ ဆရာတော်ထံသွားရောက်ပြီး
မဘသ မျိုးချစ်လူငယ်အဖွဲ့နှင့်
ပေါင်းစည်း၍ အင်အားပြန်လည်ဖြည့်တင်းရန်
သဘောတူညီခဲ့ပြီး မကြာခင်မှာပင်
သင်တန်းပို့ချနေသော ဓါတ်ပုံများ
အင်တာနက်စာမျက်နှာပေါ်သို့
သတင်းပေါက်ကြားပြီး ရောက်ခဲ့ကြောင်း
FNG အဖွဲ့မှ ပဏာမ စုံစမ်းသိရှိခဲ့ပါသည်။
ထပ်မံစုံစမ်းသိရှိခဲ့သော သတင်းတခုမှာ
ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ၏ကြိုးကိုင်မှုဖြင့်
စီမံကိန်းတခု ချမှတ်ထားကြောင်း
အဆိုပါ စီမံကိန်းမှာ
ပြည်သူလူထု လိုလားတောင်းတသည့်
အစိုးရသစ်အဖွဲ့ကို ဖွဲ့နိုင်ရန်
လွှတ်ပေးထားခဲ့ပြီး အစိုးရသစ်၏
အုပ်ချုပ်စဉ်ကာလများတွင်
တိုင်းပြည်ဆူပူမှုတခုဖြစ်ပွားအောင်
ဘာသာရေးပဋိပက္ခတခုကို အကြီးအကျယ်
ဖန်တီးထားကြောင်း ပြည်သူများက
အစိုးရသစ်၏ တိုင်းပြည်အပေါ်
ကိုင်တွယ်ဖြေရှင်းပုံများ မကျေမနပ်ဖြစ်ပြီး
မျှော်လင့်ထားသလို မဖြစ်ခဲ့သည်ဟု
ပြည်သူများ၏အသိထဲတွင် ဝင်ရောက်သွားရန်
ဝါဒဖြန့်မှုများ ပြုလုပ်ရန် ရေးဆွဲထားသည်ဟု
ထိုင်းနိုင်ငံအခြေစိုက် FNGအဖွဲ့မှာ
နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာတင်မြင့်မှ
သုံးသပ်တင်ပြသွားပါသည်။
FNG GROUP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment