Tuesday, April 19, 2016

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ နော်ဝေးမှာ ပြုလုပ်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ နော်ဝေးမှာ ပြုလုပ်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ အော်စလို ဧပြီ ၁၈ မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးအတွက် ဦးဆောင်နေသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်အား ဂုဏ်ပြုသောအားဖြင့် (Aung San Suu Kyi Parkere) အောင်ဆန်းစုကြည် ပန်းခြံဟု အမည် ပေးထားသည့် ပန်းခြံကို နော်ဝေးနိုင်ငံ ဖရိုလန်း(န်)မြို့တွင် လာမည့်ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် စတင် ထူထောင်မည်ဟု ဖရိုလန်း(န်)မြို့မှလာသော သတင်း အရ သိရသည်။ ''နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မြန်မာပြည်ဒီမိုကရေစီ စနစ်ထူထောင်ရေး အတွက် မဆုတ် မနစ်ဦးဆောင်မှုနဲ့ အားထုတ်မှု ကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နော်ဝေးပြည်သူတွေအကြား သူတို့ တန်ဖိုးထားတဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ရေရှည်တည်တံ့နိုင်မယ့် အဓိပ္ပာယ်ဆောင်ချင်လို့ အခုလို ပန်းခြံလေးတစ်ခုဖြစ်လာအောင်စီစဉ် ရတာပါ''ဟု ပန်းခြံဖြစ်မြောက်ရေး အတွက် အဓိက ဦးဆောင်နေသူ International Caffe –Froland အဖွဲ့မှ တာဝန်ခံTorgeir Oveland က ဆိုသည်။ လွန်ခဲ့သော ဧပြီ ၁၆ ရက်က ကျင်းပသည့် ဖရိုလန်း(န်)မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က နော်ဝေးနိုင်ငံ တောင်ဘက်ပိုင်းရှိ ဖရိုလန်း(န်) မြို့နယ် တီယူးဗယ်ဂန်း အရပ်တွင် အဆိုပါပန်းခြံအတွက် နေရာ သတ်မှတ် သဘောတူ ထားပြီးဖြစ် ကြောင်းနှင့် လာမည့်ဇွန် ၁၉ ရက်၌ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ရုပ်တု နှင့်အတူ နှစ်ပေါင်း (၁ဝဝဝ) အထိ သက်တမ်းရှည်သည့် သစ်အယ်ပင် အမျိုးအစား နော်ဝေးအခေါ်Eik Tre ပင်နှင့် တောင်ဇလပ်မျိုးနွယ် ပန်းများ၊ ချယ်ရီပင်များကို စတင်ပျိုး ထောင်သွားမည်ဟုလည်း သိရသည်။ ''သက်တမ်းရှည်ပြီး ကြံ့ခိုင်သန်စွမ်း တဲ့ သစ်အယ်ပင်ပေါက်နဲ့ ကျန်တဲ့ သစ်ပင်ငယ်တွေကို ကျွန်တော်တို့ ဒိန်းမတ်နိုင်ငံကနေ မှာယူထားပြီးဖြစ် တယ်။ သက်တမ်းရှည်တဲ့ သစ်အယ် ပင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ထက်မြက် သန်စွမ်းတဲ့ သတ္တိခွန်အားကို ပုံဆောင် တာလည်းဖြစ် တယ်။ နှစ်စဉ် သူ့မွေးနေ့ရောက်တိုင်း တစ်နှစ်ကို တစ်ပင် ပုံမှန်အမြဲစိုက် သွားမှာဖြစ် တယ်''ဟု မြန်မာဒီမိုကရေစီအရေး အတွက် တစ်စိုက်မတ် မတ်ဆောင်ရွက် ပေးနေသူ နော်ဝေးလူမျိုး Arnfinn Landsverk က ဆိုသည်။ ဖရိုလန်း(န်)မြို့လယ်တွင်ရှိသည့် အဆိုပါပန်းခြံအနီးတွင် ဘတ်စ်ကား ဂိတ်တစ်ခု လည်းရှိပြီး နောင်အခါ အဆိုပါမှတ်တိုင်ကို အောင်ဆန်း စုကြည် ဘတ်စ်ကားမှတ် တိုင်ဟု အမည်ပေးသွားဦးမည် ဖြစ်ကြောင်း လည်း သိရသည်။ ဖရိုလန်း(န်)မြို့ တွင် နေထိုင်သောInternational Caffe အဖွဲ့ဝင် မြန်မာနိုင်ငံ သား တိုင်းရင်းသားများက မြို့နယ်အုပ်ချုပ်ရေးဌာနသို့ ဒေါ်အောင် ဆန်းစုကြည်ပန်းခြံ ပေါ်ပေါက်လာ ရေးအတွက် အကြံပေးဆော်သြခဲ့ကြ ပြီးနောက် ယခုကဲ့သို့ အစီအစဉ်များ ဖြစ်လာကြောင်းလည်း သိရသည်။ ''ကျွန်တော်တို့မြို့နယ်နဲ့ အနီး တစ်ဝိုက်မြို့နယ်တွေက ချင်း၊ ကရင်၊ ကချင်၊ ဗမာတိုင်းရင်းသားတွေလည်း ဒီပန်းခြံ ဖြစ်မြောက်ရေး အတွက် ကော်မတီ တစ်ခုဖွဲ့ပြီး ဝိုင်းဝန်းပါဝင်ကြ မှာဖြစ်သလို လာမယ့် ဒေါ်အောင် ဆန်းစုကြည်ရဲ့ (၇၁)နှစ်မြောက် မွေးနေ့ကျရင် တိုင်းရင်းသားရိုးရာ အကတွေ၊ အတီး အမှုတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုနဲ့ ရောင်စုံပန်းပင်တွေပျိုးပြီး ဖွင့်ပွဲကို ကျင်းပ သွားမှာဖြစ်တယ်။ ကျွန်တော် တို့ သားစဉ်မြေးဆက်အထိ ဒီပန်းခြံ လေး တည်တံ့သွားမှာကိုတွေးပြီး ကြည်နူးစိတ်ဖြစ်ပေါ်လာတယ်'' ဟု ပန်းခြံဖြစ်မြောက်ရေးအတွက် တက်ကြွလှုပ်ရှားသူ ဆလိုင်းဂျွန်မန်းက ဆိုသည်။ အဆိုပါဖရိုလန်း(န်)မြို့တွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ တိုင်းရင်း သားများ က လွန်ခဲ့သော ၂ဝဝ၃ ခုနှစ်တွင် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ် မြောက်ရေး လှုံ့ဆော်လှုပ်ရှားသည့် အနေနှင့် အောင်ဆန်း စုကြည် အမှတ်တရသစ်ပင်စိုက်ပွဲကိုလည်း ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ကိုညို(အော်စလို)

No comments: