Tuesday, April 19, 2016

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ ▄▄▄▄▄▄▄▄▄▄▄▄▄▄

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ရန်ကုန် ဧပြီ ၁၈ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအမံဖြင့် သာသနာရေး ဦးစီး ဌာနက တာဝန်ယူကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကို ရွှေတိဂုံစေတီတော် မြတ်ကြီး ချမ်းသာကြီးတန်ဆောင်း၌ ယနေ့မှ ဧပြီ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် စတင်ကျင်းပရာ ခြောက်ထပ်ကြီး သိင်္ဂီဦးကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္တောဘာသထံမှ ဧည့်ပရိသတ် များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက် လာသော သံဃာတော်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာသနာ ရေး ဆိုင်ရာများလျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များ အား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြကာ အနုမောဒနာတရား နာကြား၍ရေစက်သွန်းချ အမျှပေးဝေသည်။ ယင်းနောက် မဟာပဋ္ဌာန်း ပစ္စယုဒ္ဒေဿ ပါဠိတော်ကို သံဃာတော် များနှင့် ပရိသတ်များက စုပေါင်း၍ သုံးကြိမ်ရွတ်ဆိုပြီး မဟာပဋ္ဌာန်းဒေသနာတော် များအား သံဃာတော်များက အသံမစဲရွတ်ဆိုပွားများကြသည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီး ၁၁ ပါးနှင့် နေ့စဉ်ရွတ်ဖတ်ပူဇော်မည့် သံဃာတော် ၁၈ ပါး စုစုပေါင်း ၂၉ ပါးတို့က ငါးရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

No comments: