Tuesday, April 19, 2016

အာဆင်နယ်အသင်း စာချုပ်သစ် ဆွေးနွေးနေသည့် အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့က အသင်းကို အင်အားဖြည့်တင်းရန် အာမခံချက် တောင်းဆို

အာဆင်နယ်အသင်း စာချုပ်သစ် ဆွေးနွေးနေသည့် အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့က အသင်းကို အင်အားဖြည့်တင်းရန် အာမခံချက် တောင်းဆို ================================ အာဆင်နယ်အသင်း စာချုပ်သစ် ဆွေးနွေးနေသည့် အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့က အသင်းကို အင်အားဖြည့်တင်းရန် အာမခံချက် တောင်းဆိုခဲ့ကြောင်း သိရသည်။ အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ် နှစ်ဦးစလုံးသည် အာဆင်နယ် အသင်းနှင့် ၂၀၁၈ အထိ စာချုပ်ရှိနေပြီး အာဆင်နယ်အသင်းက သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်သည်။ ၄င်းတို့ နှစ်ဦးစလုံးသည် တစ်ပတ်လုပ်ခ ပေါင်(၁၆၀၀၀၀) အလိုရှိနေပြီး အာဆင်နယ်အသင်းကလည်း ပေးချေရန် အသင့်ဖြစ်နေကြောင်း သိရသည်။ သို့ရာတွင် အလက်ဆစ်ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့က စာချုပ်သစ် မချုပ်မီ အာဆင်နယ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ကစားသမားသစ်များဖြင့် အင်အားဖြည့်တင်းပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သည့်အသစ်အဖြစ် တည်ဆောက်ရန် အာမခံချက် တောင်းခံထားကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီက အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အတိမ်းအစောင်းဖြစ်ကာ လက်ရှိအချိန်တွင် အဆင့်(၄)နေရာ၌ ရပ်တည်လျက်ရှိသည်။ Photo: Express

No comments: