Friday, April 15, 2016

အခုနှစ် သင်္ကြန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေ ဆောင်ရွက်ချက်တွေကို ပြည်သူတွေက အထူးတလည် ကျေးဇူးတင် ဂုဏ်ပြုနေတာတွေ့ရတော့ ငယ်ငယ်က ဖြစ်စဉ်လေးတစ်ခုကို သတိရမိပြန်ရော

အခုနှစ် သင်္ကြန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေ ဆောင်ရွက်ချက်တွေကို  ပြည်သူတွေက အထူးတလည် ကျေးဇူးတင် ဂုဏ်ပြုနေတာတွေ့ရတော့ ငယ်ငယ်က ဖြစ်စဉ်လေးတစ်ခုကို သတိရမိပြန်ရော !

အဘရေ အဘ ဒီမှာ တရားခံမိလာပြီ ခင်ဗျ

အေးးးးးကောင်းတယ်ကွာ တော်တယ် ငါ့တပည့်တွေ ရုံးခန်းထဲခေါ်လာခဲ့ကွာ

ဟင် ချာတိတ်ပဲကွ ရုပ်ရည်လေး သနားကမားနဲ့ ဘယ်လိုဖြစ်တာတုန်းဟ

ဒီမှာ ငါ့ညီ မင်းခိုးတာသေချာလား

ဟုတ် ဟုတ်ကဲ့ ကျွန်တော်ခိုးမိပါတယ် ဘဘ

ဟေ ! ဘာလို့ သူများပစ္စည်း အချောင်လိုချင်ရတာတုန်း မင်းလဲ လူငယ်ပဲ ကိုယ့်အားကိုကိုးစမ်းပါကွာ အချောင်လိုချင်စိတ်တွေ ဖျောက်ကွ လူငယ်တစ်ယောက်ရဲ့ အရည်အချင်းတွေ ထုတ်ပြလိုက်စမ်းပါ ကွာ

ထိုအခါမှာ

ဟီးးးးးအီးးးးးဟီးးးးးးကျွန်တော် သူခိုးမဟုတ်ပါဘူး တခါမှလဲ မခိုးဖူးပါဘူး ဒီတခါ ပထမဆုံးပါ ဟီးးးးးးအီးးးးး
အခု ၉ တန်းတက်နေတာပါ ဘဘ တို့ရယ်
အဖေက မရှိပါဘူး အမေကအကြော်ရောင်းပြီး ကျောင်းထားပေးခဲ့တာပါ အခု အမေချောင်းတွေ အရမ်းဆိုးပြီး အိပ်ယာထဲလဲနေတာ ၅ ရက်လောက်ရှိပါပြီ အကြော်လဲ မကြော်နိုင်တော့ပါဘူး
ကျွန်တော်တို့မှာ အားကိုးစရာ ဆွေမျိုးလဲမရှိပါဘူး
ကူညီပေးမဲ့ မိတ်ဆွေလဲမရှိပါဘူး ကျွန်တော်ကလဲ ကျောင်းသားဆိုတော့ ငွေလဲမရှာတတ်သေးပါဘူး အခုအိပ်ယာထဲက အမေ့ရဲ့ချောင်းဆိုးသံတွေကို မကြားနိုင်တော့လို့ ဆေးခန်းလေး ပြချင်လွန်းလို့ ကြံမိကြံရာ ကြံလိုက်မိတာပါ
ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဘဘရယ် အမေသိရင် ရိုက်မှာဗျ
ဟီးးးးးးအီးးးးးးးဟီးးးးးးးး

ဟေ မင်းပြောတာ အမှန်တွေပဲလားကွ
သေချာလားးးးးး

အမှန်ပြောတာပါ ဘဘရယ်
ခွင့်လွှတ်ပေးပါ ကျွန်တော်အိမ်ပြန်မလာရင် အမေစိတ်ပူပြီး နေမကောင်းတဲ့ကြားက လိုက်ရှာလိမ့်မယ်
ကူညီပါ ဘဘရယ် နောက်ဒီလို မလုပ်တော့ပါဘူး

ဟေ့ နထ တွေလာဦး ဒီကောင်လေးပြောတာ ဟုတ် / မဟုတ် သူတို့ရပ်ကွက်ထဲ သွားစုံစမ်း
ပြီးရင် ရပ်ကွက်ထဲမှာ နံမည်ပျက်ရှိ / မရှိပါစုံစမ်းခဲ့
တစ်ယောက်က ကျောင်းကိုသွား ၉ တန်းကျောင်းသား ဟုတ် /မဟုတ် စုံစမ်းခဲ့

ဟုတ် ဗိုလ်ကြီး

ကဲ မင်းကခနစောင့် ဟုတ်ပြီလား အချုပ်ထဲမထည့်ဘူး
ဒီအခန်းထဲမှာပဲနေ မပြေးနဲ့ မင်းပြောတာတွေ အမှန်ဆိုရင် ငါပြန်လွှတ်ပေးမယ်ကွာ ဟုတ်ပြီလား

ကျေးဇူးတင်ပါတယ် ဘဘရယ်
ကျွန်တော်မပြေးပါဘူး ဘဘကို လိမ်လဲမလိမ်ပါဘူး အမှန်ပြောတာပါ

အေးပါကွာ ခနတော့စောင့်လိုက်ဦးမယ် ငါ့တပည့်တွေကို စုံစမ်းခိုင်းလိုက်ပြီနော်

( ၁ နာရီခွဲ လောက်ကြာပြီးနောက်)

ဗိုလ်ကြီးရေ ဒီကောင်လေးပြောတာ မှန်တယ်ဗျ သူအမေ့အိမ်ထဲထိ ရောက်ခဲ့တယ် အဖွားကြီး အခြေအနေသိပ်မကောင်းဘူး အိပ်ယာထဲမှာပါ ရပ်ကွက်လူကြီးတွေနဲ့လဲ တွေ့ခဲ့တယ် ကောင်လေးက အရမ်းရိုးတယ်တဲ့ ရပ်ကွက်ထဲမှာ အေးဆေးပါပဲ ဆေးလိပ်သောက်တာတောင် မတွေ့ဖူးပါဘူးတဲ့ ကျောင်းအုပ်ဆရာကြီးကလဲ ကျောင်းသားမှန်ပါတယ်တဲ့

အေးးးးးဒါဆို လွှတ်ပေးလိုက်ကွာ ရော့ ပိုက်ဆံ ၅၀၀၀ ပါယူသွား သူ့အမေကို ဆေးခန်းပါပြပေးလိုက် ပိုတာပေးခဲ့လိုက်ကွာ

ဟုတ်ဗိုလ်ကြီး ကျနော်လဲ ၃၀၀၀ ရှိတယ် သူ့ကိုပေးလိုက်မယ်

အေး အေး သွားတော့ကွာ ကောင်လေး မင်းပြန်လိုက်သွားလိုက် ဒီဆရာနဲ့ ပြီးရင် မင်းရဲ့အမေကိုပါ ဆေးခန်းတခါတည်းပြလိုက် ပိုတဲ့ပိုက်ဆံ မင်းယူထားလိုတာ သုံးရတာပေါ့ နောက်အခက်အခဲရှိရင်လဲ ငါ့ဆီလာခဲ့
လိုအပ်တာပြော အားမနာနဲ့ ဟုတ်ပြီလားးးးး

ဟုတ် ဟုတ် ကဲ့ ကျေးဇူးတင်လိုက်တာ ဘဘရယ်
ဘာပြောရမှန်းတောင်မသိပါဘူး ဘဘရယ်

အေးပါကွာ ရပါတယ် သွား သွား လိမ်လိမ်မာမာနေနော်

ဟုတ်ကဲ့ပါ ဘဘ စိတ်ချပါ

ဒီလိုနဲ့ ကျုပ်က သူခိုးပေါက်စလေးကို သူ့အမေဆေးဖိုး ၅၀၀၀ ပေးပြီး ပြန်လွှတ်လိုက်တယ် မကြာပါဘူးဗျာ ညနေ မိုးချုပ်ခါစလောက်ကျတော့

အဘရေ အဘ

ဟေ ဘာတုန်းဟ

ခရိုင်မင်းကြီးက သူ့ဆီဖုန်းဆက်ပါတဲ့ အခုချက်ချင်း

သြော်အေးအေး ဆက်လိုက်မယ်လေ

ဟုတ်ကဲ့ ကျွန်တော် ဒုရဲမှူး -----ပါ မင်းကြီး ဖုန်းဆက်ပါဆိုလို့ပါ

အေး ခညားးးးးဘာတွေလုပ်နေတယ် ဆိုတာ ကျုပ်ကြားတယ် သိတယ်နော် ကြပ်ကြပ်သတိထားနေ  စက်ဘီးအခိုးခံရတဲ့ အိမ်ကဘယ်သူ့နဲ့ ပက်သက်နေလဲ သိလားးးးး ဗိုလ်ချုပ် ----- ရဲ့ ၁၃၆ ဝမ်းကွဲယောက်ဖရဲ့ ၃၅ ဝမ်းကွဲ အကိုက ဖုန်းဆက်ပြီးတိုင်နေတယ် ရဲတွေက သူခိုးမိပြီးသားကို ပိုက်ဆံတောင်းပြီး ပြန်လွှတ်လိုက်တယ်တဲ့
ခညားတို့ ပြုတ်သွားမယ်နော် အဲဒါ ဗိုလ်ချုပ်တစ်ယောက်ရဲ့ ၁၃၆ ဝမ်းကွဲ ယောက်ဖနဲ့ ပက်သက်နေတာနော်
ဘာမှတ်လဲ သေသွားမယ်

ဒီလိုရှိပါတယ် မင်းကြီး သူခိုးမိတယ်ဆိုတာ မှန်ပါတယ်
ဒါပေမယ့် ဒီကလေးးက ~~~~~~
~~~~~~~~~
~~~~~~~~~~~
~~~~~~~~~~~~~~~~ ဒီလိုရှိပါတယ် မင်းကြီး

မလိုချင်ဘူးကွာ မလိုချင်ဘူးကွာ ဒါတွေ လာပြောမနေနဲ့ ရဲကရဲအလုပ်ရဲလုပ်ရမှာပဲ
သူ့ဖာသာ ဘာဖြစ်ဖြစ် တရားလိုကျေနပ်အောင် ဖမ်းရမှာပဲ အမှုဖွင့်ရမှာပဲကွ
ခညားပြုတ်သွားချင်လား
အဲဒါ ဗိုလ်ချုပ်တစ်ယောက်ရဲ့ ၁၃၆ ဝမ်းကွဲ ယောက်ဖနဲ့ ပက်သက်နေတာနော် ပေါ့သေးသေးမမှတ်နဲ့ သေသွားမယ်

ကဲဗျာ ဒါဆိုကျုပ်က ဘာလုပ်ရမှာလဲသာ ပြောပါမင်းကြီး

အဲဒိသူခိုးကို ပြန်ဖမ်း အမှုဖွင့်ပြီး တရားလိုကိုကျေနပ်အောင် ခေါ်ပြလိုက် သူခိုးမိထားကြောင်း အမှုဖွင့်ထားကြောင်းကို အမြန်ဆုံးလုပ်ပါ ပြီးရင် GD အပိုဒ်နဲ့ ပ နံပါတ်ပုဒ်မ ပြန်ပြော
ဟုတ်ပြီလားးးးးဒါပဲ

ဂွပ်

ဒီလိုနဲ့ပဲ ကောင်လေးကို ပြန်ခေါ် နားလည်အောင်ရှင်းပြ ထောင်မကျအောင် ရဲကကူညီမဲ့အကြောင်း အမေ့အတွက်လဲ ဆေးကုသ စောင့်ရှောက်ပေးထားမဲ့အကြောင်း ရင်ထဲက မျက်ရည်တွေနဲ့ မျက်နှာလေး လွှဲပြီး ပြောပြ အမှုဖွင့် အရေးယူလိုက်ရတယ်ဗျာ

တကယ်လို့သာ လူလိုပြောလို့ လူလိုနားလည်တဲ့ အထက်အရာရှိတွေ ချည်းပဲဆိုရင်
တာဝန်ခံရဲတဲ့ အထက်အရာရှိတွေချည်းပဲ ဆိုရင်
ရာထူး အဆင့်ဆင့်လိုက် တိကျပြတ်သားတဲ့ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်သာ ရှိထားမယ် ဆိုရင်

ကျုပ်တို့ ရဲတွေကို ပြည်သူတွေက ချစ်တာ ကြာလှပေါ့ဗျာ…

-
-
အဘရဲအို '

Credit - ကို ဖီလင်

No comments: