လောက၌ လူမိုက်တို့သည် စကားကို မပြည့်သောအိုးကဲ့သို့ ဘောင်ဘင်ခတ် အမျိုးမျိုး ပြော တတ်၏ ။
အမှန်ဆိုရသော် လူလိမ်သည်စကားကို သူတစ်ပါး အထင်ကြီးအောင် ယုံကြည်အောင် ပြောတတ်၍ ပညာရှိမူကား မကြွားမ၀ါ ရိုးရိုးသာ ပြော၏။
( ဓမ္မပဒ)
.
မိဘပြည်သူ ဖေ့ဘွတ်သူဖေ့ဘွတ်သားများ ရှင်
ဒေါ်စုကြည် ပါတီ အနိုင်ရပြီး လွန်ခဲ့တဲ့ မတ်လလောက်က
နိုင်ငံပိုင်သတင်းစာတွေနဲ့ မြန်မာ့အသံ MRTV ကို ဖျက်သိမ်းမယ်ဆိုတဲ့ သတင်း အတိ အကျထွက်လာတဲ့အတွက် ၀န်ကြီး ဦးရဲထွဋ် စာမျက် နှာမှာ
.
နိုင်ငံတော်သတင်းဌာနတွေကို ထားသင့်ကြောင်းနဲ့ သတင်းစာတိုက် သတင်းဌာနတွေက ၀န်ထမ်းတွေ အများကြီးနစ်နာမှာ ဖြစ်ကြောင်း မေတ္တာရပ်ခံတဲ့သဘောမျိုးတင်ထားတာတွေ့ရပါတယ် ။
.
သူသူငါငါ ၀န်ထမ်းတွလည်း ဘုံပျောက်မယ့်အရေး ထမင်းအိုးကွဲမယ့် အရေးကြောင့် အတော်ပဲ ပူပင်သောကရောက်ကြရပါတယ် ။
.
ဒါပေမယ့် ဒေါ်စုကြည်တို့ဘက်မှ နိုင်ငံပိုင်သတင်းဌာနများဆက်ရှိစေချင်ရင် မဖျက်သိမ်းစေချင်ရင်
ဒီချုပ်ပါတီရဲ့ လမ်းစဉ်နဲ့စည်းကမ်းအတိုင်း သွားရမယ်ဆိုတဲ့ အကြပ်ကိုင်တဲ့ သတင်း သဲ့သဲ့ထွက်လာပြီး
သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီး အသစ်ကို ခန့်အပ်လိုက်ပါတယ် ။
.
အဲ့ဒီနောက်ပိုင်းမှာတော့ နိုင်ငံတော်သတင်းစာနဲ့ ရုပ်မြင်သံကြားဌာနများကို ဒီချုပ်ပါတီရဲ့ အာဏာသိမ်း ခြင်းခံရပြီး ဒေါ်စုကြည် အထက်က လူရဲ့ သဘောကျ ပြောင်းလဲမှုအများကြီးပေါ် ခဲ့ပါတယ် အဓိကပြောင်းလဲမှုကတော့
.
ပြည်သူ ၅၃. ၅ သန်းကျော် ကိုးကွယ်တဲ့ နိုင်ငံတော်ဘာသာရဲ့ သာသနာတော် အဆုံးအမ လက်မလောက်နေရာလေးကို
၃ - သန်းသော ခရစ်ယန်
၂.၅ - သန်းသော အစ္စလာမ်ဘာသာ ၀င်တွေအတွက် ဒေါ်စုကြည်ရဲ့ အမိန့်နဲ့ ဖြုတ်ပြစ်ခြင်းခံရပါတယ်။
.
ဒီအတွက် ဗုဒ္ဓဘာသာဝင် ပြည်သူများနဲ့ သတင်းစာအယ်ဒီတာများ စိတ်ဝမ်း ကွဲမှု သွေးကွဲမှု အထင်လွဲမှု တွေဖြစ်ပေါ်ခဲ့ ပါတယ်။
.
တစ်ကယ်တော့ နိုင်ငံပိုင် သတင်း သတင်းစာ အယ်ဒီတာများနဲ့ ၀န်ထမ်း အားလုံးရဲ့ နှလုံသားတွေလည်း ကျမတို့လိုပဲ ယူကျုံးမရ စိတ်မကောင်းဖြစ်နေကြမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး ။ အားမတန်လို့ မာန်လျှော့နေကြရ တာပါ ။
.
မြန်မာ့အသံ မြန်မာ့အလင်း ကြေးမုံ သတင်းစာက ၀န်ထမ်းတွေကို မဆဲကြ ပါနဲ့တော့ သူတို့နဲ့မဆိုင်ပါဘူး ။
……………………………………………………
.
၁၃ . ၄ . ၂၀၁၆ နေ့က Myanmar News Update မှ အောက်ပါသတင်းနှင့်အတူ ဗွီဒီအို ဖိုင်တစ်ခု တက်လာခဲ့ပါတယ် ။
.
((( Myanmar News Update
တရားဥပဒေစိုးမိုးမှုလိုချင်လို့ ပါ။သာသနာအတွက်အရေးကြီးလို့  #Share ပေးပါ
မန္တလေးတိုင်း သပိတ်ကျင်းမြို့ နယ် ၆ မိုင် စခန်းသာကျေးရွာ ရွာဦးကျောင်း ရှိပါတယ် ကျောင်းထိုင်ဆရာတော်က(မ.သ.သ) အဖွဲ့ ဝင်ဖြစ်ပြီး ဝိနည်းမညီ ထင်ရာစိုင်းနေတဲ့ အတွက် ရွာကမကြည်ညိုကြပါ
ဒါနဲ့  သက်ကြီး ရွယ်အိုတွေနဲ့  ဥဗုဒ်သီတင်းစောင့် ချင်သူတွေက ရွာပိုင် နားမှုကူညီရေးအဆောက်အဦးတွင်းမှာ တခြားကြည်ညိုသောရိပ်သာ မှဆရာတော် တပါးကို ပင့် ဆောင်ပြီးသီလယူတရားနာကြပါတယ်
အကြိုနေ့ မှာတခါ ယ္ခုအကျနေ့ မှာတခါ အပေါင်းပါ (မ.ဘ.သ)ဘုန်းကြီးများ အားနဲ့ လာရောက်နှောက်ယှက် ရာ လူထုမှတောင်းပန်၍ ပြန်လွှတ်ရပါသည်
ထိုလာရောက်နှောက်ရှက်သော (မ.ဘ.သ)ဆရာတော်မှာ အရက်သေစာ များလည်းသောက်သုံးထားပါသည်
စီးလာသောကားမှာလည်း လိုင်စင်မရှိဟုသိရပါသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အဓိကဖြစ်သော ထေရဝါဒ သာသနာတော် ညှိုးနွမ်ပျက်စီးရာလည်းရောက်ပါသည်
ထို့ ကြောင့်  သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူပေးပါရန် တောင်းဆို အပ်ပါသည်
ဥပဒေစိုးမိုးမှုကိုမြင်ပါရစေခင်ဗျာ
ဖတ်မိသောမိတ်ဆွေများလည်း တဆင့် ဝေမျှပေးစေလိုပါသည်
(မ.ဘ.သ)ဘုန်းကြီးအတုများကို သာသနာရေးဝန်ကြီးပြင်းပြင်းထန်ထန်ကိုင်တွယ်ပေးပါ။
၆ မိုင်ကျေးရွာ သပိတ်ကျင်း
#Myanmar_News_Update ))))))
.
ရေးထားတဲ့ သတင်းတည်ဆောက်ပုံ အရ ဗွီဒီအိုဖိုင်ပါ ရင့်သီးတဲ့ အပြော အဆိုတွေ အရ အောက်က ကွန်မန့်တွေအရ သေချာတာ တစ်ခု ကတော့ ဘာသာခြားပိုင် မြန်မာနယူးစ် အပ်ဒိတ် နဲ့ ဒီမိုတွေနဲ့ပေါင်းပြီး မဘသ ဆိုတဲ့ နာမည်ကို စတင်မြေလှန်ဘို့ ခြေဆင်းတယ်လို့ သတိထားမိပါတယ် ။
.
တစ်ကယ်တော့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက မြို့တိုင်း ရွာတိုင်းမှာ ရွာဦး ကျောင်းတွေရှိပြီး ရွာဦးကျောင်ဆရာတော်ရဲ့ လက်အောက်မှာ တစ်ခြား ကျောင်းငယ်လေးတွေ နဲ့ သံဃာဟာ စည်းလုံးစွာ ရှိကြပါတယ်။
မြို့နယ်တွေ ရွာတွေအထိ တိုင်း မြို့နယ် ရပ်ကွက် ကျေးရွာ သံဃ မဟာနာယ က ၀န်ဆောင် ဆရာတော်ကြီးတွေက အဆင့်ဆင့် အုတ်ချုပ်ပြီး ကျောင်းတွေအလိုက် ဆရာတော်တွေကို ချပေးကြရပါတယ်။
.
ဒီရွာမှာ ရွာဦးကျောင်းဆရာတော်နဲ့ တစ်ခြားကျောင်းငယ်လေးတွေက ဆရာတော်တွေ စည်းလုံးစွာရှိနေရက်နဲ့ တစ်ခြားက မိမိတို့ ပါတီဝင် ဆရာတော် ကို ခေါ်တယ်ဆိုကတည်းက လက်ခံတဲ့ ဆရာတော်အပြင် ဒီလို ငါတို့ပါတီက မဘသ မသုံးဘူး ဒါကြောင့် ဒီမိုဆရာတော်ကိုခေါ်မယ်ဆိုတဲ့ သူတွေအားလုံးဟာလည်း သံဃာ သင်းခွဲမှု အာပတ်ကြီးသင့်ပါတယ် ။
.
ရွာခံ ဆရာတော်တွေ ကျောင်းတွေ ရှိနေရက်နဲ့ တစ်ခြား ဒီမို ဆရာတော်နဲ့ နာရေး ကူညီမှု အသင်းရုံးမှာ အနိုင်ရပါတီက နေရာယူထားတဲ့ ကျေးရွာ အုတ်ချုပ် ရေးမှူး အနိုင်ရပါတီက လူတွေက သီးခြား တရားပွဲ လုပ်တယ် ဆိုကတည်းက အဖြေကရှင်းပါပြီ ။
.
ဒီဆရာတော်မကောင်းရင် အရင်ထဲက အဆင့်ဆင့်တိုင်လို့ရပါလျှက်နဲ့ ပြသနာဖြစ်မှာ မဘသ နာမည်တွင်တွင်သုံးပြီး အရက်သောက်ပါတယ် ဖဲချပါတယ်နဲ့ စတင်နာမည်ဖျက်နေတာကိုကြည့်ရင် ။
မဘသဆရာတော်တွေ စည်းလုံးနေတယ် မလိုလားဘူးဆိုတဲ့ အကြံနဲ့ ဒီမိုဘုန်းကြီးကို တမင်ခေါ်ပြီး ရွာကဒီမိုအုတ်စုနဲ့ တစင်ထောင်ပြီး လုပ်တဲ့ ပြသနာ လို့မြင်ပါတယ် ။
.
လက်ရှိ အနိုင်ရ အစိုးရဟာ မဘသ ကိုမြေလှန်နေတာ လူတိုင်းသိတဲ့ အလုပ်ပါ
ပြီးတော့ ဒီမိုတွေ တင်တဲ့ပိုစ့်မှာ ဒီလို ကျေးရွာက သံဃာတွေကိုအသာထား သီတဂူဆရာတော်ကြီးတောင် လူလိမ် နဲ့နှိုင်း တိရစ္ဆာန်နဲ့နှိုင်း အယုတ်တမာ လို့ခေါ်လိုခေါ် လုပ်နေကြတဲ့သူတွေက ရွာဆရာတော်ကို အရက်သောက်တယ်လို့ စွပ်စွဲတာဟာ သူတို့လျှော့ပြောထားတာပါ ။ အားလုံးချင့်ယုံသင့်ပါတယ်။
.
ကျမအမြင်ကတော့ရွာအလိုက်ကနေ မြို့နယ်အလိုက် မဘသတွေ နေရာမှာ ဒီမိုဘုန်းကြီးတွေ အစားထိုးပြီး တဖြေးဖြေး တိုင်းအဆင့်ထိ မြေလှန် နောက်ဆုံး သံဃ မဟာ နာယက ဆရာတော်ကြီးတွေနဲ့ သီတဂူဆရာတော်အပါအ၀င် ပါချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသကိုပါ အဆင့်ဆင့်ဖြုတ်ချပြီး လက်ရှိ သံဃာ သင်းခွဲနေတဲ့ ဒီမို ဆရာတော်တွေကို အစား ထိုးဘို့ အစပျိုးတဲ့ ပထမဆုံးခြေလှမ်းလို့ ရိုးသားစွာမြင်မိပါတယ်။
.
ဒီရွာမှာ ဒီလိုနာမည်ဖျက်ပြီး သူတို့ဒီမို ဘုန်းကြီးတစ်ပါး အစားထိုးလို့ အောင်မြင်ရင် နောက်ရွာတွေပါ အလားတူ အပြုအမူတွေနဲ့ မဘသနဲ့ မဟန ကို မြေလှန်ကြတော့မယ်လို့ သုံးသပ်မိပါတယ် ။
.
(( မဟနနဲ့ ၀ိနည်းထိုရ် အဖွဲ့ကို ၀ိနည်းနဲ့မညီဘူး ကျောင်းက ဒီလူ ဒီဆိုင်မှာ ဒီနေ့အရက်လာဝယ်တယ် ဆိုတဲ့ သက်သေနဲ့တိုင်ရင် ဘယ်အချိန်တိုင်တိုင် ရနေပါလျှက်နဲ့ တစ်သက်လုံးဘာမှမဖြစ်ပဲ ဒေါ်စုကြည်တက်ပြီး တစ်ပတ်ကျော်အတွင်း မအောင့်နိုင်မအင်းနိုင် ထ ဖြစ်တယ်ဆိုတော့လေ ))
.
https://www.facebook.com/MyanmarNewsUpdates/videos/1095133143861667/
............................................................
.
နောက် သတင်းတစ်ခုကတော့ အိုအိုင်စီနိုင်ငံတွေရဲ့ဥဋောင် တူရကီနိုင်ငံက ၀န်ကြီးချုပ် ဟာ NLD မှ လူများဝန်းရံလျှက်
နိုင်ငံတော် အစိုးရ ကလည်း နိုင်ငံတော်နဲ့ ပြည်သူတွေကို တရားဝင် ပွင့်လင်း မြင်သာ စွာအသိပေးခြင်း လုံးဝ မရှိပဲ ရခိုင်ဒေသမှာ ခိုးဝင်တွေ အတွက် ဆေးရုံဆောက်ဘို့ ကျောင်းဆောက်ဘို့ သင်္ကြန်တွင်းကြီးမှာ တိတ် တဆိတ် သွားရောက် စီစဉ် ခဲ့ပါတယ်။
.
ဦးသိန်းစိန် အစိုးရကိုဆဲဆိုပြီး မိမိကို တောင်ပြိုကမ်းပြိုခဲ့တဲ့ ပြည်သူတွေရဲ့ လက်ရှိခံစားနေကြရတဲ့ မီးဘေး ရေဘေး မုန်တိုင်းဘေးနဲ့ ငလျှင်ဘေး တွေကို တစ်စက်မှ စိတ်ဝင် စားမှု မရှိတဲ့ ဒေါ်စုကြည်ဟာ
.
မျက်စိခွဲထားလျှက်နဲ့ တူရကီ ၀န်ကြီးချုပ် ခရီးစဉ် အလှူငွေကိစ္စနဲ့ ခိုးဝင် အရေးတွေ အတွက် အများပြည်သူရုံးပိတ်ရက် သင်္ကြန်အကျနေ့ ( ၁၄ ) ရက်နေ့ကြီးမှာ ရုံးတက် ခဲ့ပါတယ်။
.
ဒါပေမယ့် အွန်လိုင်းဒီမိုများကတော့ ဒေါ်စုကြည်ဟာ နေမကောင်း ဖြစ်နေတာတောင် အများပြည်သူ ရုံးပိတ်ရက်မှာ မနားနိုင်ပဲ နိုင်ငံတော်အတွက် အလုပ်တွေ လုပ်နေပါတယ် လို့ ၀ါဒဖြန့်ကြပါတယ်။
.......................................................
.
မြန်မာအစိုးရသစ်အနေနဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးပြီးတော့ နှစ်သစ်ကို စတင်ပါလို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ် ။
.
ကျမတို့မြန်မာနိုင်ငံထက် ဘာသာရေးလွပ်လပ်ခွင့် ပိုရတဲ့ နိုင်ငံရှိရင် လက်ညှိုး ထိုးပြပါ ဧည့်ဘာသာဝင်တွေကို ဒိထက်ပိုပြီး မပေးနိုင် တော့ ပါဘူးလို့ပြော ပါရစေရှင်။
.
သင်္ကြန်တွင်း ရှင်တို့သိသင့်တဲ့ သတင်းကတော့ ဒီလောက်ပါပဲ
နှစ်သစ်မှာ ရန်သူမျိုးငါးပါနဲ့ မင်းဆိုးဘေးက အမြန်ဆုံးကင်းဝေးကြပါစေ။
.
No comments:
Post a Comment