Tuesday, April 19, 2016

ကုလသမဂ္ဂက ကျောထောက် နောက်ခံပေး ထားတဲ့ လစ်ဗျား နိုင်ငံ အစိုးရသစ်ကို ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ က ဒေါ်လာ သန်း တစ်ရာကျော် အကူအညီ ပေးမယ် လို့ အီးယူ ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂေရီးနီး က ပြောပါတယ်။

ကုလသမဂ္ဂက ကျောထောက် နောက်ခံပေး ထားတဲ့ လစ်ဗျား နိုင်ငံ အစိုးရသစ်ကို ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ က ဒေါ်လာ သန်း တစ်ရာကျော် အကူအညီ ပေးမယ် လို့ အီးယူ ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂေရီးနီး က ပြောပါတယ်။ အီးယူရဲ့ ငွေတွေကို လစ်ဗျား နိုင်ငံရဲ့ လုံခြုံရေး၊ ပြန်လည် တည်ဆောက်ရေးနဲ့ နယ်စပ် အဝင်အထွက် ထိန်းချုပ်ရေး ကိစ္စတွေ မှာ အသုံးပြုမှာ ဖြစ်တယ်လို့လည်း မစ္စ မိုဂေရီးနီး က ဆိုပါတယ်။ လစ်ဗျား နိုင်ငံမှာ အပြိုင် အစိုးရ နှစ်ခု အကြား စစ်ဖြစ် နေခဲ့ပြီး တဖွဲ့နဲ့ တဖွဲ့ တိုက်ခိုက် နေကြတဲ့ လက်နက်ကိုင် အုပ်စုတွေ အများအပြား ရှိနေတဲ့ အခြေအနေ အပေါ် အခွင့်ကောင်း ယူပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ထကြွ လာပါတယ်။

No comments: