လူသတ်သမားကိုရှာဖို့တော့ အချိန်အတော်ကြာကြာ ယူခဲ့ရပါတယ်။
တောအုပ်လေးထဲမှာ စက်ဘီးစီးရင်း ဒီလိုဖြစ်ရပ်ဆိုးဖြစ်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
၁၉၈၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှာ ဂျာမနီနိုင်ငံ၊ အက်ချီးမြို့မှာနေထိုင်တဲ့ အသက် ၁၀ နှစ်အရွယ် အာဆူလာ ဟာမန်ဟာ အိမ်နားမှာရှိတဲ့ တောအုပ်လေးကို ဖြတ်ပြီး အိမ်ကို စက်ဘီးစီးပြီး ပြန်ချိန်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။
ပြန်ပေးသမားဟာ တောထဲမှာ တစ်မီတာခွဲ အနက်ရှိပြီး တစ်မီတာ ကျယ်တဲ့ သစ်သားသေတ္တာတစ်လုံးကို မြေမြှုပ်ထားပြီး အထဲမှာ မီသီးတစ်လုံးတပ်ဆင်ထားကာ ကာတွန်းစာအုပ်တွေ၊ ရေဘူးနဲ့ ဘီစကစ်တွေ ထည့်ထားပါတယ်။ ပြန်ပေးသမားက အာဆူလာလေးရဲ့ မိဘတွေဆီက ငွေမရမချင်း သူမကို အဲဒီထဲမှာ ထည့်ထားပါတယ်။
မစ္စတာဟာမန်တို့ ဇနီးမောင်နှံဟာ စာတစ်စောင်လက်ခံရရှိပြီး ပြန်ပေးသမားက အာဆူလာကို အသက်ရှင်လျက် ပြန်လိုချင်ရင် ဂျာမန် မတ်ငွေ ၂ သန်းပေးဖို့ တောင်းပါတယ်။ ပြီးတော့ ဖုန်းဆက်ပြီး ရဲကို တိုင်မယ်ဆိုရင် သူတို့သမီးကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ခဲ့တယ်။ တကယ်လည်း အဲဒီလို ဖြစ်သွားခဲ့ပါတယ်။
နာရီအနည်းငယ်အကြာ အာဆူလာလေးဟာ ပြန်ပေးသမားဖောက်ပေးထားတဲ့ အပေါက်လေးက သစ်ရွက်တွေ၊ မြေကြီးတွေနဲ့ ပိတ်သွားပြီး အသက်ရှူကျပ်ပြီး သေဆုံးသွားပါတယ်။
သူမရဲ့ အလောင်းကို ၁၉ ရက်ကြာမှ အနံ့ခံခွေးတွေနဲ့ ပြန်ရှာတွေ့ခဲ့ပြီး ရဲတွေက လူသတ်သမားရဲ့ သဲလွန်စကို ရှာတွေ့ဖို့အတွက် ၂၆ နှစ်တောင် ကြာခဲ့ပါတယ်။
အဲဒီအချိန်အတောအတွင်းမှာ အာဆူလာရဲ့ မိဘတွေက သူတို့ရဲ့သမီးလေးအတွက် ဝမ်းနည်းပူဆွေးနေရပြီး သူတို့သမီးလေးကို ဘယ်လိုလူမျိုးက သတ်သွားသလဲဆိုတာ သိချင်နေကြပါတယ်။ အဲဒီလူကို ၂၀၀၇ ခုနှစ်မှာ ဖမ်းမိခဲ့ပါတယ်။
ပြန်ပေးသမား ဝါနာမက်ဇူရက်ခ်ဟာ အာဆူလာလေးကို ပြန်ပေးဆွဲချိန်က သူတို့ရဲ့ အိမ်နီးချင်းဖြစ်နေပါတယ်။ မက်ဇူရက်ခ်က အစပိုင်းမှာ သူမလုပ်ကြောင်း ငြင်းဆန်နေခဲ့ပေမဲ့ အမည်မသိ သတင်းပေးတစ်ဦးရဲ့ သက်သေကြောင့် နောက်ဆုံးမှာတော့ အာဆူလာကို ပြန်ပေးဆွဲခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် သူ့ကို ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ပါတယ်။
No comments:
Post a Comment