ပဲရစ် ဇန်နဝါရီ ၈
ပါရီမြို့ရှိ ချာလီဟက်ဒို သတင်းစာတိုက် တိုက်ခိုက်ခံရသည့်
နှစ်ပတ်လည်နေ့တွင် သားသတ်ဓား ကိုင်ဆောင်လာသော လူတစ်ဦး ရဲစခန်းအတွင်းသို့
အတင်းဝင်ရောက် ပြီး အသေခံဗုံးခွဲသည့် ခါးပတ်ကို ဖြုတ်ရန်
ကြိုးပမ်းခဲ့သည့်အတွက် ရဲများက ၎င်းကို ပစ်သတ်ခဲ့သည်။
၎င်းသည် မိုဘိုင်းဖုန်းတစ်လုံးကို ယူဆောင်လာခဲ့ပြီး စစ်သွေးကြွအုပ်စု၏ လက်ချက်ဟုယူဆစေသည့် အာရေဗျဘာသာဖြင့် ရေးသား ထားသည့် စာရွက်တစ်ရွက်နှင့် အစ္စလာမ္မစ်အလံကိုလည်း သယ် ဆောင်လာခဲ့ကြောင်း ပါရီရှေ့နေ များက ပြောခဲ့သည်။
ရဲများက လုံခြုံရေးချထားပြီး အဆိုပါနေရာနှင့်အနီးရှိ ကျောင်း နှစ်ကျောင်းနှင့် မြေအောက်မီးရထား ရုံများကို ပိတ်ခဲ့ရသည်။ ဂျူရီလူကြီး များက ၎င်းသည် မော်ရိုကန်လူမျိုး ဖြစ်ပြီး ၁၉၉၅ ခုနှစ်၌ မွေးဖွားခဲ့ သည်ဟု ပြောသည်။
၎င်းသည် အိမ်မဲ့ရာမဲ့ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်က ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ခိုးမှုဖြင့်ဖမ်းဆီးခြင်း ခံခဲ့ရသည်။ သို့သော်လည်း ပြင်သစ် တရားရေးဝန်ကြီးက ၎င်းသည် အကြမ်းဖက် အိုင်အက်စ်စစ်သွေးကြွများနှင့် ဆက်နွှယ်မှုမရှိဟု ပြင်သစ် ရုပ်မြင်သံကြား အိုင်တယ်လီသို့ ပြောသည်။ ထို့ပြင် ၎င်းမှာ စိတ်ပိုင်း ဆိုင်ရာ မူမမှန်သူတစ်ဦးဖြစ် သည်။

(ရိုက်တာ)

No comments:
Post a Comment