လတ်စ်ဗီးဂတ် ဇန်နဝါရီ ၈
လူတို့၏နေ့စဉ် ခရီးတို၊ ခရီးရှည် ပျံသန်းမှုခရီးစဉ် များတွင် အသုံးပြုရန်ရည်ရွယ်လျက် တရုတ်ဒရုန်းယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအီဟန်းက ကမ္ဘာ့ပထမဆုံး လူတစ်ဦးလိုက်ပါနိုင်သည့် ဒရုန်းယာဉ်ကိုထုတ်ဖော်ပြသ ခဲ့သည်။
အဆိုပါကုမ္ပဏီက အမေရိကန်နိုင်ငံလတ်စ်ဗီးဂတ် မြို့၌ ပြုလုပ်သော ၂ဝ၁၆ အီလက်ထရွန်းနစ်ထုတ်ကုန်ပြ ပွဲတွင်ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ လူတစ်ဦးလိုက်ပါ နိုင်သည့် ယင်းဒရုန်းယာဉ်ကို တစ်နာရီကီလိုမီတာ ၁ဝဝ နှုန်းဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ၂၃ မိနစ် ကြာ ပျံသန်းနိုင်ကြောင်း ယင်းကုမ္ပဏီက ပြောသည်။
ယင်းဒရုန်းယာဉ်သည် ထောင်လိုက်အတက်အဆင်း ပြုလုပ်နိုင်ခြင်းကြောင့် ပြေးလမ်းသုံးစရာမလိုဟု ဆို သည်။ ခရီးသည်များအနေဖြင့် အဆိုပါဒရုန်းယာဉ်ကို ပိုက်လော့လိုင်စင်မသုံးဘဲ လိုက်ပါစီးနင်းနိုင်မည်ဖြစ် ကြောင်းကွမ်ကျိုးအခြေစိုက် ယင်းကုမ္ပဏီကပြောသည်။
ဒရုန်းယာဉ်သည် ဝေဟင်အတွင်း ရုတ်တရက် ပျက်စီးမှုတစ်ခုခုဖြစ်လျှင် အလိုအလျောက် ဘေးကင်း လုံခြုံစွာ ဆင်းသက်နိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။
အဆိုပါဒရုန်းယာဉ်ကို ယခုနှစ်ကုန်ပိုင်းတွင် အမေ ရိကန်ဒေါ်လာ ၂ဝဝဝဝဝ မှ ၃ဝဝဝဝဝ အကြား ဈေးနှုန်း ဖြင့် ရောင်းချသွားရန်စီစဉ်နေကြောင်း အီဟန်းပူးတွဲ ထူထောင်သူနှင့် ဈေးကွက်အရာရှိချုပ် ဒဲရစ်လျောင်က ဆင်ဟွာသို့ ပြောကြားသည်။

No comments:
Post a Comment