Saturday, January 9, 2016

တောမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၉၅ လုံးပျက်စီး၊လူသုံးဦးပျောက်ဆုံး



Myanmaalinn's photo.
ဆစ်ဒနီ ဇန်နဝါရီ ၈ 

သြစတြေးလျနိုင်ငံ အနောက် ဘက်ပြည်နယ်တွင် တောမီးအကြီး အကျယ်လောင်မှုကြောင့် အိမ်ခြေ ၉၅ လုံးနီးပါး ပျက်စီးသွားခဲ့ပြီး လူ သုံးဦးပျောက်ဆုံးနေကြောင်း ဒေသ အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။
ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မိုးကြိုးပစ်မှုကြောင့် စတင်ခဲ့သော တောမီးသည် ခြောက်သွေ့သော ရာသီဥတုနှင့် လေပြင်းများတိုက်ခိုက် မှုကြောင့် ကီလိုမီတာ ၂ဝဝ ကျော်ခန့် ရှိမီးပင်လယ်ကြီးဖြစ်သွားပြီး ကုန်းမြေ ၅၈ဝဝဝ ဟက်တာကျော် ဝါးမြိုသွား ခဲ့သည်။
သြစတြေးလျ အနောက်ဘက် ပြည်နယ် မီးလောင်မှုနှင့် အရေးပေါ် အကူအညီပေးရေးဌာန အကြီးအကဲ ဝိန်းဂရီဆန်က ဇန်နဝါရီ ၈ ရက် အထိ လောင်ကျွမ်းခဲ့သော တောမီး သည် ငြှိမ်းသတ်ရန်ခက်ခဲပြီး ထိန်းချုပ် ၍မရသေးသော အခြေအနေတွင်ရှိရာ ခန့်မှန်းရမလွယ်ကူကြောင်း ပြော ကြားခဲ့သည်။
တောမီးလောင်မှုကြောင့် ညတွင်း ချင်း တောင်ဘက်ပါ့သ်ဒေသမှ အနည်းဆုံး ကီလိုမီတာ ၁၂ဝ ကျော် ဝေးသော ရာလုကျေးလက် မြို့ငယ် လေးကို လောင်ကျွမ်းသွားခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၉၅ လုံးနီးပါး ပျက်စီးသွားခဲ့သည်။ ထို့အပြင် စာတိုက်ရုံး၊ ဟိုတယ်နှင့် မြို့တော် မီးသတ်ဌာနအပါအဝင် အခြား ထင်ရှားသော အဆောက်အအုံများ လည်း မီးလောင်မှုကြောင့် ပျက်စီး သွားခဲ့ကြောင်း သိရသည်။
''တောမီးလောင်ကျွမ်းမှုက ထိန်း ချုပ်လို့မရသေးဘူး၊ အတော်လေး ကြောက်စရာကောင်းတယ်''ဟု စေ တနာရှင်ကျေးလက်ဒေသ မီးသတ် သမားဖြစ်သူ ဂျက်စီပူစီယိုက သြစ တြေးလျနိုင်ငံပိုင်ရုပ်သံသို့ ပြောသည်။
တောမီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီ ၈ ရက် အစောပိုင်းအထိ လူသုံးဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောသည်။
တောမီးလောင်ကျွမ်းမှုများသည် သြစတြေးလျတွင် နွေရာသီရောက်တိုင်းပုံမှန်ဖြစ်နေသော ကိစ္စဖြစ်သော် လည်း အာဏာပိုင်များက လွန်ခဲ့သော နှစ် စက်တင်ဘာလမှစပြီး သတိပေး နှိုးဆော်မှုများပြုလုပ်ထားကြောင်း သိရသည်။

(ဆင်ဟွာ)

No comments: