မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
ရေတာရှည်မြို့ ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင်ယာဉ်သုံးစီးတိုက်မှုဖြစ်ပွား
ရေတာရှည်မြို့ ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင်ယာဉ်သုံးစီးတိုက်မှုဖြစ်ပွား
===============================================
ရေတာရှည် ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ဇန်နဝါရီ ၁၄ ရက် ည ၁ဝ နာရီခွဲခန့်က ယာဉ်သုံးစီးတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း၌ တောင်မှ မြောက်သို့ သန်းစိုး(၅၅ နှစ်) ကျောက်ပန်းတောင်းမြို့နေသူ မောင်းနှင်လာသည့်
8J /---- နီဆန်း ၁၂ ဘီး ကုန်တင်ယာဉ်သည် မိုင်တိုင် ၁၉ဝ/၁ နှင့် ၂ ကြား အရောက်တွင် ရှေ့မှသွားနေသော ယာဉ်က လမ်း၏အရှေ့ဘက်သို့ ချိုးကွေ့သည်ကို တွေ့လိုက်၍ အရှိန်လျှော့ ဘရိတ်အုပ်လိုက်စဉ် နောက်မှ သန့်ဇင်(၃၆ နှစ်) (၂)ရပ်ကွက် အောင်ပန်းမြို့နေသူ မောင်းနှင်လာသည့် ၂စ/---- ၂၂ ဘီး ကုန်တင်ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိခဲ့သည်။
ထိုသို့ နောက်မှဝင်တိုက်လိုက်သဖြင့် 8J /---- နီဆန်း ၁၂ ဘီးကုန်တင်ယာဉ်သည် ကားလမ်းအရှေ့ဘက် ၌ ရပ်တန့်ထားသည့်
5H /---- ခြောက်ဘီးကြံတင် ယာဉ်၏ ဝဲဘက်ခြမ်းကို ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။ ရှေ့မှသွားနေသော ယာဉ်မှာ နောက်ပိုင်း အနည်းငယ် သာပျက်စီးခဲ့ပြီး နောက်ဘက်မှဝင်တိုက်သည့် ၂၂ ဘီး ကုန်တင်ယာဉ်မှာ ရှေ့ခေါင်းတစ်ခုလုံး ပျက်စီးသွားခဲ့ကာ ခြောက်ဘီး ကြံတင်ယာဉ်၏ ဝဲဘက်ခြမ်း အနည်းငယ် ပျက်စီးသွားခဲ့၍ ရေတာရှည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment