မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, January 16, 2016
နိုင်ငံရေးဆွေးနွေးပွဲတွင် ကဏ္ဍငါးရပ်မှ ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စတင်ဆွေးနွေး
နိုင်ငံရေးဆွေးနွေးပွဲတွင် ကဏ္ဍငါးရပ်မှ ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို စတင်ဆွေးနွေး
============================================
ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပမည့် ငါးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း နိုင်ငံရေး၊ လူမှုရေး၊
စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့် အကြောင်းအရာများကို နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အတိုင်း တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်
များနှင့် အခြား ပါဝင်သင့် ပါဝင်ထိုက်သူများ စသည့် အစုအဖွဲ့ ခုနစ်ဖွဲ့က ဆွေးနွေးနေကြခြင်းဖြစ်သည်။
နိုင်ငံရေးကဏ္ဍအတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ မူဝါဒများ၊ လူမှုရေးကဏ္ဍအတွက်ပြည်တွင်း စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ဒုက္ခသည်ပြည်သူများအား ပြန်လည်နေရာချ
ထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍအတွက် အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း၊ လုံခြုံရေးကဏ္ဍအတွက် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ
အတွက် မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စသည့်အကြောင်းအရာများကို ဆွေးနွေးလျက် ရှိကြသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့နှင့် အစိုးရအကြား လက်မှတ်ရေးထိုးထား သော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အကောင်အထည်ဖော်သောအားဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ကဏ္ဍငါးရပ်ကို အဓိကထား ဆွေးနွေးလျက်ရှိသည်။ myanmar.mmtimes.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment