KIA အဖွဲ့မှ ချီဖွေမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူသစ်များ အတင်းအကြပ် လိုက်လံဖမ်းဆီး
နိုဝင်ဘာလ ၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့် သင်တန်းတွင် သင်တန်းသားဦးရေ နည်းပါး သဖြင့် KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ အတင်းအကြပ်လိုက်လံဖမ်းဆီးနေကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။
ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သောသင်တန်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသားဦးရေ နည်းပါးသဖြင့် KIAအဖွဲ့မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဇန်နောင်ယန်ကျေးရွာမှ မောင်ဒေါင်ခွန်း၊ ၂၀ နှစ်နှင့် မောင်ခေါင်လွန်း၊ ၁၉ နှစ်တို့အားလည်းကောင်း၊ မျောမောပါကျေးရွာမှ လူငယ် ၄ ဦးအားလည်းကောင်း လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးသွားကြောင်း မျောမောပါရွာသားတစ်ဦးမှ ပြောပြပါသည်။
“ရွာထဲကို KIA အဖွဲ့တွေရောက်လာတယ်၊ ည ၉ နာရီလောက်မှာရောက်လာတာ၊ ရွာထဲမှာ နာရေးကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ မောင်ဒေါင်ခွန်းနဲ့ မောင်ခေါင်လွန်းတို့ နှစ်ယောက်ကို လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးသွားတာ၊ နာရေးဆောင်ရွက်နေတာတောင် လူမှုရေးနားမလည်ဘူး၊ သူတို့အင်အားရဖို့ အတွက်ပဲကြည့် တယ်၊ တစ်ဗို့တည်း သမားတွေ၊ အဖမ်းခံရတဲ့ရွာသား ၂ ယောက်ရဲ့မိသားစုတွေကိုတော့ သနားမိပါတယ်’’ ဟု ဇန်နောင်ယန်ကျေးရွာမှ ရွာသားတစ်ဦးက ပြောပြသည်။
“ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ ပြီးတော့ ရွာသားတွေကို လူသစ်အဖြစ် အတင်းလိုက်ဖမ်းတာ၊ ရွာထဲမှာလည်း ဆူညံနေတာပဲဗျာ၊ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်၊ တချို့လည်း ပုန်းနေကြတယ်၊ တချိ့ကတော့ အိမ်အပြင်ကိုတောင် မထွက်ရဲကြဘူးလေ၊ နောက်ဆုံးတော့ လယ်ယာလုပ်ကိုင်ပြီး ပြန်လာ တဲ့ရွာသား ၄ ယောက်ကို လူသစ်အဖြစ် အဓမ္မလိုက်ဖမ်းနေတာ၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ရွာသားတွေကို လူသစ်အဖြစ် ဖမ်းခေါ်သွားတာ၊ KIA က ဖွင့်တဲ့ စစ်သင်တန်းမှာ ဇွတ်အတင်းတက်ခိုင်းဖို့ လိုက်ဖမ်းနေတာ” ဟု မျောမောပါ ရွာသားတစ်ဦးကလည်း ပြောပြသည်။
KIA အဖွဲ့သည် ကျေးရွာများမှ ဒေသခံရွာသားများအား ၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းသို့ တက်ခိုင်း ရန်အတွက် လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေသောကြောင့် တချို့ရွာသားများသည် ချီဖွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် မေခမြစ်အရှေ့ဘက်ရှိ တမူးကျေးရွာ၊ ရှမ်းကျော်ကျေးရွာနှင့် ၀ိုင်းမော်မြို့နယ်ရှိ မဂျန်းယန်းကျေးရွာများတွင် နေထိုင်သော ဒေသခံရွာသူ/ ရွာသားများအား လူသစ်အဖြစ် လိုက်လံဖမ်းဆီး လျက်ရှိကြောင်း သိရသည်။
နော်ဂျာ
No comments:
Post a Comment