အစုိးရသစ္ ဖြဲ ့စည္းေရး ႏွင့္ တာဝန္ လႊဲေျပာင္းေရး ျဖစ္စဥ္ ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္ေရး ႀကဳိးပမ္း ေဆာင္ရြက္လွ်က္ ရွိေၾကာင္း ႏုိင္ငံေတာ္သမၼတက ျပည္သူမ်ားထံ သဝဏ္လႊာေပးပုိ ့
ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၅ ရက္ (ဆင္ဟြာ)
အစိုးရသစ္ဖြဲ႕စည္းေရး ႏွင့္ တာဝန္လႊဲေျပာင္းေရး ျဖစ္စဥ္ အတြက္ ညင္သာေခ်ာေမြ႕သည့္ တာဝန္ လႊဲေျပာင္းေရး ျဖစ္စဥ္ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ေရး အတြက္ ႀကိဳးပမ္း ေဆာင္ရြက္လ်က္ ရွိေၾကာင္း ႏုိင္ငံေတာ္ သမၼတ ၊ အဂၢမဟာသေရစည္သူ၊ အဂၢမဟာသီရိသုဓမၼ ဦးသိန္းစိန္က ဒီဇင္ဘာ ၅ ရက္တြင္ ႏုိင္ငံတစ္ဝန္းရွိ ျပည္သူမ်ားထံ ေပးပုိ ့သည့္ သဝဏ္လႊာ၌ ထည့္သြင္း ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္ သမၼတသည္ ႏုိဝင္ဘာလ ႏွင့္ ဒီဇင္ဘာ ပထမပတ္ အတြင္း ျမန္မာႏုိင္ငံ၏ ျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ ပတ္သတ္၍ ျပည္သူမ်ားထံ သဝဏ္လႊာ ေပးပို႔ျခင္းျဖစ္ၿပီး ႏိုင္ငံျဖတ္သန္းေနရသည့္ အေန အထားအရ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ဆက္လက္ ေအာင္ျမင္ရန္ ႏွင့္ တည္ၿငိမ္ေအးခ်မ္းစြာ ဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုသည့္ ကိစၥရပ္မ်ား သည္လည္း အစိုးရတိုင္းက အေလးထား စဥ္းစားရမည့္ ကိစၥရပ္မ်ား ျဖစ္ေၾကာင္း အဆိုပါ သဝဏ္လႊာတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
အစုိးရ အေျပာင္းအလဲ ျဖစ္စဥ္ ေအာင္ျမင္ ေခ်ာေမြ ့ေစရန္ အစုိးရ အဖြဲ ့အစည္း အားလုံးႏွင့္ ဝန္ထမ္းအားလုံးကုိ လုိအပ္သည့္ ညႊန္ၾကားခ်က္မ်ား ေပးကာ အစီအမံမ်ားကုိ စနစ္တက် ေဆာင္ရြက္လွ်က္ ရွိၿပီး ယင္းျဖစ္စဥ္ကုိ ဥပေဒမ်ား ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္ရြက္သြားမည္ဟု ေျပာၾကားခဲ့သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂ ရက္တြင္ ေတြဆုံ ေဆြးေႏြးခဲ့ျခင္းကုိလည္း ထည့္သြင္း ေျပာၾကားခဲ့ၿပီး ယခုကဲ့သို႔ အခ်ိန္ကာလမ်ိဳးတြင္ ႏိုင္ငံေရး တည္ၿငိမ္မႈရွိရန္ အထူးအေရးႀကီး သည့္အတြက္ ႏိုင္ငံေရးအင္အားစုမ်ား အားလုံးအေနျဖင့္လည္း ပူးေပါင္းပါဝင္ၾကရန္ တုိက္တြန္းေျပာၾကားခဲ့သည္။
ၿငိမ္းခ်မ္းေရး တည္ေဆာက္ မႈျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားအတြက္ လိုအပ္သည့္ ႏိုင္ငံေရးေဆြးေႏြး မႈဆိုင္ရာ မူေဘာင္ကိုလည္း ႏိုင္ငံေရး အင္အားစုအားလုံး ပူးေပါင္းပါဝင္သည့္ ေကာ္မတီသည္ ႀကိဳးပမ္းေဆာင္ရြက္ လ်က္ရွိၿပီး ယင္းမူေဘာင္ကို မၾကာမီ ရက္အနည္းငယ္အတြင္း အၿပီးသတ္ ေရးဆြဲႏိုင္ေတာ့မည္ဟု အသိေပးေျပာၾကားခဲ့သည္။
ထ႔ုိျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား သေဘာတူေရးဆြဲထားေသာ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ ပါဝင္လက္မွတ္ေရးထိုးရန္ က်န္ရွိေနေသးသည့္အဖြဲ႕မ်ား အေနျဖင့္ ပဋိပကၡျဖစ္ပြားရာေဒသမ်ားရွိ ျပည္သူမ်ား၏ဘဝမ်ားကို ထည့္သြင္း စဥ္းစားၿပီး အျမန္ဆုံးပါဝင္ လက္မွတ္ေရးထိုးၾကရန္ ႏွင့္ ေစ့စပ္ေဆြးေႏြး ညိႇႏႈိင္းေရး နည္းလမ္းကို စြဲကိုင္ၿပီး မိမိတို႔၏ ႏိုင္ငံေရးလိုလားခ်က္မ်ားကို ေဆြးေႏြးႏိုင္ရန္အတြက္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ ပူးေပါင္းပါဝင္ၾကရန္ တုိက္တြန္းေျပာၾကားခဲ့သည္။
ျမန္မာႏုိင္ငံ ဖားကန္ ့ေဒသတြင္ ျဖစ္ပြားခဲ့သည့္ ေျမၿပဳိက်မႈမ်ား ႏွင့္ ပတ္သက္၍ ယခုကဲ့သို႔ အႏၲရာယ္ မ်ားသည့္ လုပ္ငန္းခြင္မ်ားအတြက္ မူဝါဒဆိုင္ရာမ်ားကို ျပန္လည္သုံးသပ္ရန္ လိုေနၿပီဆိုသည္ကို သင္ခန္းစာ ရယူရမည္ျဖစ္ေၾကာင္း ၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရး၊ အကာအကြယ္ ကိရိယာအစုံ အလင္ရွိေရးႏွင့္ အလ်င္အျမန္ ကယ္ဆယ္ေရးေဆာင္ရြက္ႏိုင္ေရးစသည့္ ထိန္းေက်ာင္းမႈမ်ား၊ စည္းကမ္းမ်ားကိုလည္း အထူး တင္းၾကပ္ရ မည္ျဖစ္ေၾကာင္း ၊ က်န္ရစ္သူ မိသားစုမ်ားအတြက္လည္း ေဆာင္ရြက္ရမည့္ အစီအမံမ်ားကို ေဒသ အာဏာ ပိုင္မ်ားအေနျဖင့္ ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ေျပာၾကားခဲ့သည္။
ႏုိင္ငံေတာ္ သမၼတက ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိေစရန္ လည္းေကာင္း၊ ျပည္သူမ်ား၏ စီးပြားေရး ျပန္လည္ဖြံ႕ၿဖိဳး တိုးတက္ လာေစရန္ လည္းေကာင္း၊ မ်ိဳးဆက္သစ္လူငယ္မ်ားအတြက္ ပိုမို ေကာင္းမြန္သည့္ အနာဂတ္မ်ား ဖန္တီး ေပးႏိုင္ေစရန္ လည္းေကာင္း တစိုက္မတ္မတ္ ႀကိဳးပမ္း ေဆာင္ရြက္လ်က္ ရွိေၾကာင္းကို သဝဏ္လႊာ ေပးပို႔အပ္ပါေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)
-------------------------------------
(Unicode Version)
အစိုးရသစ် ဖွဲ ့စည်းရေး နှင့် တာဝန် လွှဲပြောင်းရေး ဖြစ်စဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်း နိုင်ငံတော်သမ္မတက ပြည်သူများထံ သဝဏ်လွှာပေးပို ့
နေပြည်တော် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အစိုးရသစ်ဖွဲ့စည်းရေး နှင့် တာဝန်လွှဲပြောင်းရေး ဖြစ်စဉ် အတွက် ညင်သာချောမွေ့သည့် တာဝန် လွှဲပြောင်းရေး ဖြစ်စဉ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က ဒီဇင်ဘာ ၅ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံ ပေးပို ့သည့် သဝဏ်လွှာ၌ ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတသည် နိုဝင်ဘာလ နှင့် ဒီဇင်ဘာ ပထမပတ် အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သတ်၍ ပြည်သူများထံ သဝဏ်လွှာ ပေးပို့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်သန်းနေရသည့် အနေ အထားအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် အောင်မြင်ရန် နှင့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် ကိစ္စရပ်များ သည်လည်း အစိုးရတိုင်းက အလေးထား စဉ်းစားရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အစိုးရ အပြောင်းအလဲ ဖြစ်စဉ် အောင်မြင် ချောမွေ ့စေရန် အစိုးရ အဖွဲ ့အစည်း အားလုံးနှင့် ဝန်ထမ်းအားလုံးကို လိုအပ်သည့် ညွှန်ကြားချက်များ ပေးကာ အစီအမံများကို စနစ်တကျ ဆောင်ရွက်လျှက် ရှိပြီး ယင်းဖြစ်စဉ်ကို ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် တွေဆုံ ဆွေးနွေးခဲ့ခြင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့ အချိန်ကာလမျိုးတွင် နိုင်ငံရေး တည်ငြိမ်မှုရှိရန် အထူးအရေးကြီး သည့်အတွက် နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ် နှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်ကိုလည်း နိုင်ငံရေး အင်အားစုအားလုံး ပူးပေါင်းပါဝင်သည့် ကော်မတီသည် ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ယင်းမူဘောင်ကို မကြာမီ ရက်အနည်းငယ်အတွင်း အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု အသိပေးပြောကြားခဲ့သည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူရေးဆွဲထားသော တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့များ အနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်သူများ၏ဘဝများကို ထည့်သွင်း စဉ်းစားပြီး အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးကြရန် နှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းကို စွဲကိုင်ပြီး မိမိတို့၏ နိုင်ငံရေးလိုလားချက်များကို ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဖားကန် ့ဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုများ နှင့် ပတ်သက်၍ ယခုကဲ့သို့ အန္တရာယ် များသည့် လုပ်ငန်းခွင်များအတွက် မူဝါဒဆိုင်ရာများကို ပြန်လည်သုံးသပ်ရန် လိုနေပြီဆိုသည်ကို သင်ခန်းစာ ရယူရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အကာအကွယ် ကိရိယာအစုံ အလင်ရှိရေးနှင့် အလျင်အမြန် ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရေးစသည့် ထိန်းကျောင်းမှုများ၊ စည်းကမ်းများကိုလည်း အထူး တင်းကြပ်ရ မည်ဖြစ်ကြောင်း ၊ ကျန်ရစ်သူ မိသားစုများအတွက်လည်း ဆောင်ရွက်ရမည့် အစီအမံများကို ဒေသ အာဏာ ပိုင်များအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတက ပြည်တွင်း ငြိမ်းချမ်းရေး ရရှိစေရန် လည်းကောင်း၊ ပြည်သူများ၏ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက် လာစေရန် လည်းကောင်း၊ မျိုးဆက်သစ်လူငယ်များအတွက် ပိုမို ကောင်းမွန်သည့် အနာဂတ်များ ဖန်တီး ပေးနိုင်စေရန် လည်းကောင်း တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်းကို သဝဏ်လွှာ ပေးပို့အပ်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)
No comments:
Post a Comment