(ဘာသာရေးအားနည်းလာတဲ့ ကနေ့ခေတ်မှာ
တန်ဖိုးရှိလူငယ်တွေ ဘာသာရေးကို ပိုပြီးအလေးထားကြပါ)
“ဆိုး တဲ့ ဒီ ကိုယ်”
ပွဲကျ စွဲကြ တကယ်ပဲ မထချင်သလိုလို၊
အစအဆုံး တစ်ညလုံးနေလို
ဘုရားအကြိုက် တရားစိုက်တော့ ခါးကိုက်သလိုလို
သြော်… အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။
အရပ်စကား ဇာတ်စကား တဟားဟားနေလို
သူ့အတင်း ငါ့အတင်း ခုမငြင်းပြောဆို
ဘုရားစကား တရားစကား နားခါးသလိုလို
သြော်… အကျိုးမဲ့ ဆိုးတဲ့ဟောဒီကိုယ်။
ပျော်ပွဲရွှင်ပွဲ နင်ပဲခေါင်ဗိုလ်
သူမရ ငါမရ တိုးကြရှေ့ကို
တရားကျ အနားမကြွ အဖျားကချောင်ခို
သြော်… အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။
မင်းသမီး မင်းသား သီချင်းစာသားဘယ်လို
ရယ်လုံး ပျက်လုံး တစ်သက်လုံးမမေ့သကို
ဟောသမျှ ပြောသမျှ နားသောတ မနာလို
သြော်… အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ်။
(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
- အရှင်ဇနကာဘိဝံသ၏ ဆုံးမစာ)
နှလုံးသားအာဟာရ
No comments:
Post a Comment