Saturday, July 16, 2016

ကားထဲက အနံ့ဆိုးတွေ ပျောက်ဖို့

ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ မသန့်ရှင်းဘူးဆိုတာ သိသာထင်ရှားစေတာ ကတော့ ဆိုးရွားတဲ့ အနံ့အသက်ဆိုးတွေပါ။ အနံ့ဆိုး ကင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ကားကိုသန့်ရှင်းရေးလုပ်ပါ
 အခြေခံအကျဆုံးလုပ်ဆောင်မှုကတော့ ကားထိုင်ခုံပေါ်၊ ခုံအောက်၊ ကြမ်းခင်းအောက်မှာ ရှိနေတတ်တဲ့ အမှိုက်သရိုက်တွေ နဲ့ ကားထဲမှာထားဖို့ မလိုအပ်တဲ့ အရာတွေကို ရှာဖွေရှင်းထုတ်ပါ။ ကားထိုင်ခုံအနောက်အိတ်တွေထဲမှာ မုန့်၊ သကြားလုံးတွေ ရှိ၊ မရှိ စစ်ဆေးဖို့လိုသလို ငှက်ပျောခွံတွေ၊ ကလေးနို့ဘူးတွေ၊ ကလေး ဆီးသွားထားတာမျိုးတွေ၊ ဆေးလိပ်တိုတွေကိုလည်း စစ်ဆေး ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။ ကား နောက်ဖုံး (ဒါမှမဟုတ်) ကား နောက်ခန်းထဲကလည်း အနံ့ဆိုး ထွက်နိုင်ခြေရှိတာမို့ စစ်ဆေးဖို့ မမေ့သင့်ပါဘူး။

ကားအတွင်းပိုင်းမျက်နှာပြင်များ ကို သန့်ရှင်းပါ
အဝတ်နုနုကို သုံးပြီး ကားအတွင်းပိုင်းထဲက ပလတ်စတစ်၊ သစ်သား၊ ဖန်နဲ့ သတ္တုမျက်နှာ ပြင်တွေ အကုန်လုံးကို သုတ်ပါ။ လိုအပ်တဲ့ နေရာအလိုက် မှန် ကြည်ဆေးရည်၊ သားရေသန့်စင် ဆေးရည် စတာတွေကို သုံးစွဲဖို့ လိုပါတယ်။ ဒက်ရှ်ဘုတ်ကပစ္စည်း ထည့်တဲ့အံထဲမှာ မလိုအပ်တာ တွေရှိမနေအောင် ရှင်းလင်းထား ပါ။
အခင်းတွေကို ဘရပ်ရှ်နဲ့ လှည်း ကျင်းပါ
ကော်ဇောခင်းတွေကို ဖုန် စုပ်စက်နဲ့ မစုပ်ခင်မှာ ဘရပ်ရှ် ကောင်းကောင်းတစ်ခုနဲ့ အညစ် အကြေးတွေကို လှည်းကျင်းပါ။

ဖုန်စုပ်ထုတ်ပစ်ပါ
ကားထိုင်ခုံတွေ၊ ကော်ဇော ခင်းတွေအကုန်လုံးကို ဖုန်စုပ်စက် နဲ့ စနစ်တကျစုပ်ထုတ်ပစ်ပါ။ ဒါ တင်မက ကားနောက်ဖုံးထဲတွေ၊ အနောက်ခန်းတွေထဲကိုပါ လုပ် ပေးဖို့ လိုပါတယ်။

အခြောက်လျှော်ပါ
ထိုင်ခုံတွေ၊ အခင်းပြားတွေ မှာ စွန်းပေတာတွေကိုလည်း အညစ်အကြေးသန့်ဆေး (ဒါမှ မဟုတ်) အနံ့ပျောက်ဆေးရည် တစ်ခုခုနဲ့ ဆေးကြောနိုင်ပါတယ်။ ရေတွေ အများကြီး လောင်းပြီး ဆေးတဲ့ပုံစံ မဟုတ်ဘဲ အဝတ်စ တစ်ခုကို ဆေးရည်ဆွတ်ပြီး စွန်း ထင်းတဲ့နေရာလေးကို ပွတ်၊ ပြီး ရင် တဘက်ဝတ်လေးနဲ့ သုတ်တာ မျိုး လုပ်ပေးနိုင်ပါတယ်။
လေအေးပေးစနစ်ကောင်းအောင် ပြင်ဆင်ပါ
ရှိသမျှ အမှိုက်တွေဖယ်ပြီး ကားတစ်စီးလုံးအကုန် သန့်စင်ပြီးရင်တော့ ကားထဲက ပန်ကာတွေ၊ အဲကွန်းတွေအကုန်လုံးဖွင့်ပါ။ မွှေးရနံ့ဖျန်းတာပဲ ဖြစ်ဖြစ်၊ အမွှေးဆီပုလင်းထားတာတို့၊ ရနံ့ ကတ်ပြားလေးတွေ ချိတ်တာတို့ဖြစ်ဖြစ် လုပ်ပြီး အနံ့ဆိုးတွေကို ဖယ်ထုတ်လိုက်ပါ။
—Ref: wikihow

No comments: