Sunday, October 25, 2015

ဒီရက်ပိုင်းအတွင်း လူပြောများနေတဲ့  .... ကျောက်စိမ်း Report အကြောင်းကို .... နည်းနည်းပြောကြည့်ရအောင် ....

ဒီရက်ပိုင်းအတွင်း လူပြောများနေတဲ့  ....
ကျောက်စိမ်း Report အကြောင်းကို ....
နည်းနည်းပြောကြည့်ရအောင် .....

ဒီ Report ကို Global Witness အဖွဲ့ က ပြုစုထုတ်ပြန်တယ် ...
အဖွဲ့ ရဲ့  ရည်ရွယ်ချက်ဟာ ....
ပဋိပက္ခများ၊ အကျင့်ပျက်ခြစားမှုများနှင့်
သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုများ၏ နောက်ကွယ်ရှိ
စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွယ်နေမှုများကို ဖော်ထုတ်ပြီး
စနစ်ကို ပြောင်းလဲနိုင်ရေးကို ရည်ရွယ်တယ်လို့ ဆိုတယ် ...

ဒီအဖွဲ့ ဟာ အမေရိကန်နဲ့  အင်္ဂလန်မှာ အခြေစိုက်ပြီး ...
နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ...
အလုပ်လုပ်နေတဲ့ အဖွဲ့ အစည်း ဖြစ်တယ် ...

သူ့ Report ရဲ့ ဖော်ပြချက်တွေအတွက် ကိုးကားတာက ...
အစိုးရ၀န်ကြီးဌာန ၊ ကျောက်မျက် ကုမ္ပဏီကြီးတွေက ....
ပေးတဲ့ အချက်အလက်တွေအပြင် ...
မြေပြင်မှာ ၂နှစ်ကြာ တွေ့ ဆုံမေးမြန်းမှုတွေကို ....
အခြေခံတယ်လို့ ဆိုတယ် ...

လိုရင်းကို အနှစ်ချုပ်ရရင်တော့ ....
အစီရင်ခံစာကပြောတဲ့  အချက် ၆ချက်တွေ့ ရတယ် ....

၁။ မြန်မာပြည်ရဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းဟာ
ပွင့်လင်းမြင်သာမှု မရှိဘူး ။

၂။ ဒီလုပ်ငန်းကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ပိုင်တဲ့  ကုမ္ပဏီတွေ
လက်ရှိ အာဏာရပါတီက ပုဂ္ဂိုလ်အချို့ ပိုင်တဲ့  ကုမ္ပဏီတွေ
တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်
ခရိုနီကုမ္ပဏီ အုပ်စုကြီးတွေ
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပိုင် ကုမ္ပဏီတွေ
ဒါတွေက လက်ဝါးကြီးအုပ်ထားတယ် ....

၃။ ကျောက်မျက်လုပ်ကွက် ချပေးရာမှာနဲ့  ရောင်းချရာမှာ
အခွန်ကိစ္စတွေမှာ မသမာမှုတွေ ရှိနေတယ် ....

၎။ ကျောက်မျက်ဥပဒေမှာ ...
ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်...

၅။ ကျောက်မျက်ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်ရွက်ရာမှာ ....
သူ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေနဲ့  ညီညွတ်ခြင်း မရှိဘူး ...

၆။ ကျောက်စိမ်းကရတဲ့  အကျိုးအမြတ်တွေဟာ ....
ဒေသခံပြည်သူတွေ အကျိုးခံစားခွင့် ....
မရှိသလောက် ဖြစ်နေတယ် ...
ဒီအချက်တွေက အဓိက ဖြစ်တယ် ...

အစီရင်ခံစာက ....
အစိုးရကို အကြံပြုတဲ့  ....
အချက် ၁၅ချက် တွေ့ ရတယ် ...
==================
၁၅ချက်ကို အကျဉ်းချုပ်ပြောရရင် ...

၁။ ဒီကျောက်စိမ်းလုပ်ငန်းကို လုပ်နေတဲ့ 
အဖွဲ့ အားလုံး ရဲ့ အချက်အလက်တွေ
ကျောက်စိမ်းတူးဖော်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေ
အမြတ်ငွေ ၊ အခွန်ငွေ စတာတွေကို
ပွင့်လင်းမြင်သာစွာ အသေးစိတ်ထုတ်ပြန်ဖို့  ....

၂။ ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ တည်ဆဲ ဥပဒေတွေကို
ပြန်လည်သုံးသပ်ဖို့  ပြင်ဆင်ဖို့  ...

၃။အကျင့်ပျက် ခြစားမှုနဲ့  ဥပဒေချိုးဖောက်မှုတွေကို
ထိထိရောက်ရောက် အရေးယူဖို့  ...

၎။ ဒေသခံပြည်သူတွေနဲ့  သဘာဝပတ်ဝန်းကျင်အတွက်
ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ 
တို့ ဖြစ်တယ် ...

အလှူရှင် အစိုးရများ၊ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများ နဲ့ 
အစိုးရ ရဲ့  အခြားလုပ်ငန်းဖက်များအတွက်
အကြံပြုချက် ၄ချက်တွေ့ ရတယ် ...
======================
၁။ ကျောက်စိမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက်
အစိုးရကို ငွေကြေးနဲ့  အခြားအကူအညီတွေပေးဖို့  ...
ပိတ်ဆို့ မှုတွေကို ဖယ်ရှားပေးဖို့  ...

၂။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ...
လောင်စာဆီ၊သဘာဝဓာတ်ငွေ့ နဲ့ 
သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းများကို ဖွင့်ပေးဖို့ အတွက် ...
နိုင်ငံတကာက အသိအမှတ်ပြု ထားတဲ့  ....
သဘာဝ သယံဇာတအရင်းအမြစ်များ ထုတ်ယူမှုဆိုင်ရာ
ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် ...
(EITI) တွင် ပါဝင်ဖို့  လက်မှတ် ထိုးလိုက်တယ် ...

ဒီ EITI ကို အကောင် အထည်ဖော်ဖို့ ....
သဘာဝသယံဇာတ စီမံခန့်ခွဲရေးမှာ
EITI ရဲ့ စည်းမျဉ်းတွေကို ဥပဒေထဲ ထည့်သွင်းနိုင်ဖို့  ...
အစိုးရက ကြိုးပမ်းနေတာကို နည်းပညာ အကူအညီပေးဖို့  ...

၃။ ကျောက်စိမ်းနှင့် အခြားသယံဇာတ ပစ္စည်းများ ပိုင်ဆိုင်မှု၊
စီမံခန့်ခွဲရေး ၊ ၀င်ငွေခွဲဝေခြင်း အစီအမံသစ်တွေအတွက်
အစိုးရ၊ KIA/KIO နဲ့  ကချင်အရပ်ဘက်အဖွဲ့အစည်းတွေကို ....
နည်းပညာ အကူအညီပေးဖို့  ....

၎။ သဘာဝသယံဇာတများ စီမံခန့်ခွဲရေးအတွက် ကြိုးပမ်းနေတဲ့  ...
အရပ်ဘက်အဖွဲ့အစည်းတွေကို ....
ငွေကြေး နဲ့  နိုင်ငံရေးဆိုင်ရာ အားပေးကူညီမှုတွေ လုပ်ပေးဖို့  ...
ဒီ လေးချက် ဖြစ်တယ် ...

KIA / KIO အတွက် အကြံပြုချက် ၃ ချက်တွေ့ ရတယ် ...
==============================
၁။ KIA/KIO ရဲ့ အခွန်စနစ် ...
အသုံးစရိတ် နှင့် ကြီးကြပ်မှု ....
အသေးစိတ်အကြောင်းအရာများ အပါအဝင် ...
EITI ရဲ့  လုပ်ငန်းစဉ် နဲ့  အညီ ....
KIA/KIO အာဏာပိုင်များ ရဲ့ ....
ကျောက်စိမ်းကဏ္ဍ စီမံခန့်ခွဲမှုဆိုင်ရာ
အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့  ...

၂။ ကချင်ပြည်နယ်မှာရှိတဲ့ 
အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့ အကြံဥာဏ်နဲ့ အတူ ...
ကချင်ပြည်နယ်အနေနဲ့  ကျောက်စိမ်းကဏ္ဍကို ...
မည်သို့ စီမံခန့် ခွဲမည်ဆိုတဲ့  မူဝါဒ အဆိုပြုချက်တွေ ရေးဆွဲဖို့  ...

၃။ KIA/KIO အရာရှိများ ပါဝင်ပတ်သက်နေတဲ့  ...
ကျောက်စိမ်းနှင့် ပတ်သက်တဲ့  ....
အကျင့်ပျက်ခြစားမှုတွေကို စစ်ဆေးအရေးယူဖို့  ....

ကျောက်စိမ်းတူးဖော်ရေး နဲ့ ရောင်းဝယ်ရေးကုမ္ပဏီတွေ အတွက်
အကြံပြုချက် သုံးချက်တွေ့ ရတယ် ....
======================
ချုပ်ပြောရရင် EITI ရဲ့ စည်းမျဉ်းတွေနဲ့ အညီ ....
နိုင်ငံတကာဥပဒေတွေ နိုင်ငံတကာစံညွှန်းတွေနဲ့ အညီ ...
လုပ်ငန်းဆောင်ရွက်သွားဖို့  ....
ကုမ္ပဏီရဲ့  အချက်အလက် နဲ့  လုပ်ငန်းဆောင်ရွက်မှုတွေ ...
အမြတ်ငွေ ၊ အခွန်ငွေတွေကို ....
ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေငြာဖို့ ဖြစ်တယ် ....

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအတွက် ....
အချက် နှစ်ချက် အကြံပြုတယ် ....
=====================
ချုပ်ပြောရရင် ကိုယ်နဲ့ တွဲလုပ်မယ့် ကုမ္ပဏီအကြောင်းကို ....
သေချာစုံစမ်းပြီး သူ့ နောက်ကြောင်းကို ....
ပွင့်လင်းစွာ ထုတ်ပြန်ကြေငြာထားဖို့ ဖြစ်တယ် ...

==============================
အစီရင်ခံစာ နဲ့ ပတ်သက်ပြီး ...
လူအတော်များများ ...
သတိမမူမိတဲ့  အချက်တစ်ခုရှိတယ် ...

အဲဒါကတော့ ...
ဒီအစီရင်ခံစာ ထွက်ပေါ်လာဖို့  ...
ဦးသိန်းစိန် အစိုးရက ...
အပြည့်အ၀ ပူးပေါင်းဆောင်ရွက် ...
ကူညီခဲ့တယ် ဆိုတဲ့ အချက်ပဲ ...

ဘာလို့ လဲဆိုတော့ ...
အစီရင်ခံစာ ထုတ်ပြန်တဲ့  အခမ်းအနားကို ...
ရန်ကုန်မြို့ မှာ ကျင်းပတယ် ....

အစီရင်ခံစာရဲ့  ပထမဆုံးစာမျက်နှာ ....
ကျေးဇူးတင်လွှာမှာကို ....
အချက်အလက်များပေးအပ်ပြီး ...
အကူအညီများ ပေးခဲ့သည့် ....
မြန်မာနိုင်ငံ၏ သတ္တုတွင်းဝန်ကြီးဌာန....
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ...
မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းကို ....
ကျွန်ုပ်တို့ ကျေးဇူး အထူးတင်ရှိပါသည်။

ထို့အပြင် ကျောက်မျက်လုပ်ငန်းအပေါ် ....
၎င်းတို့၏ အမြင်များနှင့် အချက်အလက်များ မျှဝေရန် ...
အချိန်ပေးခဲ့ကြသော ကုမ္ပဏီများကိုလည်း ...
ကျေးဇူးတင်ရှိပါသည်။

ထိုကုမ္ပဏီများတွင် ကုမ္ပဏီကြီးများဖြစ်သော ...
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်...
ထူးအုပ်စု၊ ကမ္ဘောဇ ၊ မက်စ်မြန်မာ ...
မြန်မာတကောင်းနှင့် ပတ္တမြားနဂါးအုပ်စုတို့အပြင် ...
ဖားကန့်တွင် အခြေစိုက်သော ...
သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းကို ....
တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြသူများလည်း ပါဝင်ပါသည်လို့  ...
အတိအလင်း ဖော်ပြထားတယ် ...

ဘောမတယ်ထင်လဲ မတတ်နိုင်ဘူး ...
သူ့ အစီရင်ခံစာမှာ ပါတာကို ထောက်ပြတာ ...

ပြောင်းလဲ နေပါပြီ ....
ပြောင်းလဲတာ နှေးနေရင် ...
သက်ဆိုင်သူ တာဝန်ရှိသူတွေကို ...
လွှတ်တော်က ရေးရာကော်မတီ ဥက္ကဌတွေက ...
လွှတ်တော်ကို ခေါ်ကြားနာပါ ... စစ်ဆေးပါ ...
တွန်းအားပေးပါ ...ဖိအားပေးပါ ...
တွေ့ ရှိချက်တွေကို ပြည်သူကို ထုတ်ပြန်ပေးပါ ...

စစ်အာဏာရှင် စနစ်မှာ ...
အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာ နဲ့  ...
တရားစီရင်ရေး အာဏာတို့ ကို ...
တစ်ပေါင်းတည်း စုကိုင်လို့  ...
ဒီလို မသမာမှုတွေ ဖြစ်ခဲ့ကြတယ် ...

အခု အာဏာသုံးရပ်ဟာ သီးခြားဖြစ်နေပြီ ...
သို့ သော် အာဏာရှင်စနစ်တုန်းက ....
မသမာမှုတွေဟာ ...
အရှိန်မသပ်နိုင် ရှိနေကြဆဲပဲ .....

လွှတ်တော်ကြီးတစ်ခုလုံး ရှိနေရက်နဲ့  ...
အတိုက်အခံခေါင်းဆောင် ကိုယ်တိုင် ...
လွှတ်တော်ထဲက ...
တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဖြစ်နေရက်နဲ့  ...
အစိုးရရဲ့  ဒီလို အားနည်းချက်တွေကို ....
Check & Balance မလုပ်နိုင်သေးတဲ့  ကိစ္စဟာ ...
တိုင်းပြည်အတွက် အတော်ဂွကျတယ် ...

ပြောင်းလဲချိန်တန်ပြီ ...
အဲဒီထဲမှာ ရေးရာကော်မတီ ဥက္ကဌတွေ ...
အတိုက်အခံ ခေါင်းဆောင်တွေ ကိုယ်တိုင်လဲ ပါတယ် ...

( ရဲမိုး )

Ye Moe

No comments: