Sunday, October 25, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက လာမယ့်ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲတုန်းကလိုပဲ အပြတ်အသတ်အနိုင်ရသွားနိုင် မယ့် အနေ အထားမျိုး ဖြစ်လာနိုင် ပါသလား။

7 Daily (မေး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက လာမယ့်ရွေးကောက်ပွဲမှာ ၉၀
ရွေးကောက်ပွဲတုန်းကလိုပဲ အပြတ်အသတ်အနိုင်ရသွားနိုင် မယ့် အနေ
အထားမျိုး ဖြစ်လာနိုင် ပါသလား။

ဇာဂနာ (ဖြေ)

တစ်ခါတလေ ကိုယ့်ရှေ့ မှာ လူအုပ်စုကြီးကိုတွေ့ရရင်၊ မြင် ရရင်နိုင်ပြီ
ထင်တယ်။

ကျွန်တော် တို့လည်း ၈၈ တုန်းကလူအုပ်စုကို မြင်တော့ နိုင်ပြီ
ထင်ခဲ့တယ်။ ဒါပေမဲ့ မနိုင်ခဲ့ပါဘူး။

၂၀၀၇ တုန်းက လည်း ကျွန်တော်တို့ လူအုပ်စုကို မြင်တယ်။ လူက စုမိလာတဲ့အခါ အင်အားကြီးလို့ ထင်သွားတယ်။
အဲဒါ စိတ္တဗေဒနည်းအရတော့ ဒါအဖြေအစစ်အမှန်မဟုတ်ဘူး။

NLD က ၅၁ ရာခိုင်နှုန်းရမှသာ အစိုးရဖွဲ့လို့ရမယ်။ ရရင်ပြဿနာ မရှိဘူး။
မရရင်ပြဿနာရှိလာပြီ။

ထို့နည်းတူ USDP ကျတော့ ၂၆ ရာခိုင်နှုန်းရရင် အိုကေပြီလို့ သူတို့
ပါးစပ်က ထုတ်ပြောတယ်။

ဘာလို့ဆို သူတို့က တပ်မတော်ထိုင်ခုံကို ယူ
ထားပြီးသားဆိုတော့ ၂၆ ကို ၂၅ နဲ့ပေါင်းရင် ၅၁ ဖြစ်သွားပြီ။

ဒါဆို ရင် တိုင်းရင်းသားပါတီတွေကို ထည့်မတွက်တော့ဘူးလား။
ရခိုင် ဆို အင်မတန်အင်အားကောင်း တယ်။

ရှမ်းမှာဆို ကျားဖြူနဲ့ ကျား ခေါင်းက အင်မတန်
အင်အား ကောင်းတယ်။ အဲဒီနေရာတွေမှာ NLD နဲ့ USDP တို့က နိုင်ပါ့
မလား။

ကျွန်တော်တို့ တော်တော်တော့ စဉ်းစားရမယ်။ ပြည်ပမဲက ဘယ် အတိုင်းအတာအထိ ရမယ်ဆိုတာ မသေချာသေးဘူး။
အဲဒီတော့ အ ပြတ်အသတ်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲပြိုင်ရမယ်။

ရန်ကုန်တိုင်းမှာ ၄၄
နေရာစလုံး နိုင်နိုင် တယ်။ မန္တလေးမှာ ၂၀ နေရာစလုံး နိုင်နိုင်တယ်။
၆၄ နေရာစလုံးရမယ်။

ဟုတ်ပြီ။ ကျန်တဲ့နေရာတွေ နိုင်နိုင်မလားလို့မေးရင် ကျွန်တော်အာမမခံနိုင်ဘူး။

ကျွန်တော် ကိုယ့်စကားကိုယ်တာဝန်ယူပြီး
ပြောရရင် NLD ၅၁ ရာခိုင်နှုန်းစလုံးနိုင်ဖို့ မလွယ်ဘူး။

သမာသမတ်ကျကျပြောရ ရင် ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေ
ကိုလည်း ကြည့်ရ မယ်။ သူ့နယ်မှာသူအုပ်ချုပ်ချင် မှာပဲ။

အဲဒီမှာ ထပ်စိုးရိမ်
တာက ညွန့်ပေါင်းအစိုးရဖြစ်သွားမလား။ ညွန့်ပေါင်းဖြစ်လာရင်တော့
သေချာသွားတာက ဗီတိုအာဏာသည် တပ်မတော်မှာသာရှိတော့တယ်။
အဲဒီတော့ တပ်မတော်ကသာ လွှတ်တော်ကြီးကို ခြယ်လှယ်သွားနိုင်လိမ့်
မယ်။ တပ်ကို ပေါင်းနိုင်တဲ့ စည်းရုံးနိုင်တဲ့သူက ဆရာကြီး လုပ်တော့မှာပဲ။

နောက်တစ်ချက် က ကျွန်တော်တို့ တစ်ခါတလေ လျှော့တွက်တာတွေ
ရှိတယ်။ စစ် တုရင်ခုံပေါ်မှာ အားလုံးမထင် မှတ်တဲ့အရပ်ကို ခုန်နိုင်တာ
မြင်း တစ်ကောင်ပဲရှိတယ်။ ဖျက်မြင်း လို့လည်း ပြောကြတယ်။ အဲဒီမြင်း
က သူရဦးရွှေမန်းပဲ။

ဖြစ်နိုင်ခြေတွေကို အကုန်တွေးကြည့်တော့
ပြည်နယ်တွေ အားကောင်းလာမယ်။

NLD လည်း လုံလောက်တဲ့ ခုံမရ
နိုင်ဘူး။ ထိုနည်းတူ USDP လည်းမရဘူး။

သို့သော် ကိန်းသေထားရမှာက တပ်မတော်။ ၂၅ ရာခိုင်နှုန်းက ဘယ်လိုမှ ရှောင်မရတဲ့ ဗီတို။ တပ်ကိုစည်းရုံးနိုင်တဲ့ ပါတီခုံရမှာပဲ။

ညွန့်ပေါင်းတော့ ကျွန်တော်မကြိုက်ဘူး။ ၅၈ ခုနှစ်တုန်းကလို
အိမ်စောင့်အစိုးရဆိုတာ တက်လာရင်တပ်က ၀င်လာမှာ
ကြောက်တယ်။

No comments: