Monday, October 26, 2015

ဒေါ်စုအပေါ် (မျက်စိစုံမှိတ်ပြီး ) ဘုမသိဘမသိနဲ့ ထောက်ခံနေကြသော--- NLD နောက်လိုက်အလွဲများ--သို့ "

ဒေါ်စုအပေါ် (မျက်စိစုံမှိတ်ပြီး )
ဘုမသိဘမသိနဲ့ ထောက်ခံနေကြသော---
NLD နောက်လိုက်အလွဲများ--သို့ "
=== === === === ==
ဒေါ်စုကို မလိုလားသူတွေဟာ ဒီမိုကရေစီကို
အလိုမရှိပဲ စစ်အာဏာရှင်ကို အသက်သွင်းလိုသူ
လို့-- ပြီးစလွယ်နဲ့ ခပ်လွယ်လွယ်လေဲး
ခင်ဗျားတို့ တံဆိပ်မကပ်သင့်ပါဘူး။
ဒေါ်စုကိုဆန့်ကျင်နေတဲ့ ကျုပ် ဟာ --
စစ်တပ်နဲ့ ကြံ့ဖွံ့ ကမဟုတ်ပဲ နှစ်ပေါင်းများစွာ
ကြာအောင် ဒေါ်စုကို ချစ်ခင်လေးစားအားပေး
ထောက်ခံသူတစ်ယောက်ဆိုတာ ခင်ဗျားတို့ယုံပါ့
မလား။
မယုံမရှိနဲ့---
ဒေါ်စုကိုချစ်ခင်လေးစားခဲ့ပြီးမှ အမှန်ကို
မြင်ပြီး မုန်းခဲ့သူတွေဟာ အခုဆိုရင် ပြည်သူတွေ
ထဲမှာ ဒုနဲ့ဒေးပါ။
88 အရေးအခင်းကာလမှာ စတင်သိ
လိုက်ကတည်းက ဗိုလ်ချုပ်သမီးဆိုတဲ့အချက်တစ်
ချက်နဲ့တင် ကျုပ် ရင်ထဲမှာချက်ချင်းဆိုသလို
နေရာယူခဲ့သူပါ။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့
အတွက် အရေးပါဆုံးလူတစ်ယောက်အဖြစ် သတ်
မှတ်ခဲ့ပြီး-- သူရဲ့ထူးခြားတဲ့အရည်အသွေးတွေ
ကြောင့် မြန်မာနိုင်ငံရဲ့ကောင်းကျိုးအတွက်
အများကြီးပြောင်းလဲနိုင်စွမ်းရှိသူတစ်ယောက်လို့
ရှုမြင်ထားခဲ့တာပါ။
အာဏာရှင်စနစ်ကိုဆန့်ကျင်နေတဲ့
ကာလမို့ အမျိုးသားရေးဟန်တွေမမြင်တွေ့ရပေ
မယ့် လည်း--
အမျိုးသားခေါင်းဆောင်ကြီးသမီးမို့ အမျိုးသားရေး
စိတ်ဓာတ်ကတော့ အပြည့်ရှိမှာပဲလို့ မှတ်ယူခဲ့ပြီး
အမျိုးဂုဏ် ကိုမစောင့်ထိန်းပဲ လင်ယူပက်စက်ခဲ့
တာကိုလည်း ချစ်တဲ့စိတ်နဲ့အပြစ်မမြင်ခဲ့ပါဘူး။
သို့သော်--2012 ခုနှစ်နောက်ပိုင်းကာလ
( လူမျိုးခြားပဋိပက္ခတွေနဲ့ပတ်သက်ပြီး--)
အမျိုးသားရေးကိစ္စတွေ ပေါ်ပေါက်လာတဲ့အချိန်
မှာတော့ -- ဒေါ်စုဟာ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်
သက်ခဲ့ပြီး ဘာသာခြားကုလားတွေအပေါ်မှာပဲ
ပိုပြီးယိမ်းယိုင်သွားလို့--
အံ့သြမှုတွေနဲ့အတူ ကျုပ် ရင်တွေ လှုပ်ခတ်
သွားခဲ့တာပါ။
အဲဒီကတည်းကစလို့ အမျိုးသားရေးရှု
ထောင့်ကနေလေ့လာမိရင်း--
တွေ့မြင်လာခဲ့မိတာကတော့ ဒေါ်စုဟာ အမျိုး
ဘာသာ သာသနာအတွက် အန္တရာယ်အပေးနိုင်
ဆုံးအသားထဲကလောက်ကောင်ကြီးဆိုတာပါပဲ။
ဇာတ်ရည်လည်ပြီး အမှန်မြင်ခဲ့လို့ ကျုပ်
ရင်ဘတ်ထဲကနေ ဒေါ်စုကို အပြီးတိုင်နှင်ထုတ်လိုက်တာနဲ့ အမျိုး ဘာသာ
သာသနာကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ အမျိုးသားရေး
နိုးကြားမှုတွေဟာ ကျုပ် နှလုံးသားထဲမှာ အခိုင်
အမာနဲ့ အမြစ်တွယ်နေရာယူထားလိုက်ပါပြီ။
အဲဒီအချိန်ကစပြီး NLD ကိုဆဲဆိုတိုက်ခိုက်
ခံရတာကိုတွေ့ရင် ရေနစ်နေတဲ့ကုလားကိုမြင်တွေ့
ရသလို စိတ်ထဲမှာဝမ်းသာနေပေမဲ့--
အမျိုး ဘာသာ သာသနာကို စော်ကားနေတာကို
တွေ့ရင်တော့ နှလုံးသားကိုအက်ဆစ်နဲ့အတို့ခံ
လိုက်ရသလို မခံမရပ်နိုင်အောင်နာတတ်လာပါပြီ။
ဘာသာတရားအဆုံးအမနဲ့ ယဉ်ကျေးတဲ့
မြန်မာ့လူ့အဖွဲ့အစည်းဟာ ရုပ်ဝတ္တုတွေ ပေါကြွယ်
ပြီး လူချမ်းသာတာထက် စိတ်ချမ်းသာတာကို
အလေးထားတာပါ။ အဲဒီအတွက် ကျုပ် တို့
ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာတရားအဆုံးအမနဲ့
အေးအေးချမ်းချမ်းနေရတာကို အနှစ်သက်ဆုံး
ဆိုပေမဲ့ တိုင်းပြည်နဲ့လူမျိုးကတော့ မွဲနေတာမျိုး
မဖြစ်သင့်သလို--- တိုင်းပြည်နဲ့လူမျိုးကတော့
ချမ်းသားကြွယ်ဝပြီး မြန်မာ့ယဉ်ကျေုးမှုတွေပျောက်
ဆုံးကာ အမျိုး ဘာသာ သာသနာ ကွယ်ပျောက်
လာမယ့် အဖြစ်မျိုးကိုလည်း မလိုချင်တာအမှန်ပါ။
ယဉ်ကျေးမှုနဲ့ ဘာသာတရားကို ထိန်းသိမ်း
စောင့်ရှောက်ပြီး အဖက်ဖက်ကဟန်ချက်ညီနဲ့
ဘက်စုံးဖွံ့ဖြိုးတိုးတက်မှုမျိုးကိုပဲလိုချင်တာပါ။
NLD သာ အာဏာအပြည့်အဝရခဲ့ရင်
တိုင်းပြည်ဟာတဖက်စောင်းနင်းတိုးတက်မှုတွေ
အများကြီးရှိလာနိုင်သလို အမျိုး ဘာသာ သာသနာ
ကိုလည်း အများထိခိုက်နိုင်စရာတွေကိုလည်း
တွေ့မြင်နေရတယ်။
အမျိုး ဘာသာ သာသနာကို အထိခိုက်ခံ
ပြီးမှ ရရှိလာမယ့် တဖက်စောင်းနင်းတိုးတက်မှုမျိုး
ကိုမလိုချင်လို့ အနာဂတ် အမျိုး ဘာသာ
သာသနာကိုထည့်စဉ်းစားပြီး အမျိုးသားရေး
ရှုထောင့်ကနေ အမျိုးသားရေးဟန်မရှိသော
ဒေါ်စုကိုလက်မခံပဲဆန့်ကျင်နေတာဟာ
ဒီမိုကရေစီကိုအလိုမရှိလို့ စစ်အာဏာရှင်ကို
အသက်သွင်းနေတာမဟုတ်ဘူးဆိုတာကိုတော့
ခင်ဗျား တို့NLD နောက်လိုက်အလွဲတွေက
အမှန်မြင်ဖို့လိုတယ်ဗျ။ ။
----------------- ------------
(ဒေါ်စုအပေါ်ယုံကြည်လွန်းပြီး NLD ပါတီဝင်
ထားဖူးတဲ့ ကျုပ် ရဲ့ NLD ပါတီဝင်ကဒ်ပြား
လေးကို ပြလိုက်တယ်။)်

Lwin Ko

No comments: