ကာမိုင်းမြို့ ကပ်မှော်ဇွပ်ကျေးရွာမှ ဒေသခံတစ်ဦးအား ၎င်း၏တောင်ယာခင်းအနီး KIA အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွား
=========================================
25, October, 2015 By Voice Of Kachin
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ကပ်မှော်စွပ်ကျေးရွာဒေသခံ ဆွတ်ရိန်အောင် (၂၀)နှစ်သည် ကာမိုင်းမြို့၏ အရှေ့ဘက် (၃)မိုင် ခန့်အကွာရှိ ၎င်း၏တောင်ယာခင်းသို့ ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် တောင်ယာခင်းအနီး၌ KIA သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
မောင်ဆွတ်ရိန်အောင်မှာ ၀မ်းဗိုက်ချက်အောက်မှ ကျည်ဖောက်ဝင်၍ နောက်ကျောတွင် ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် လဲကျနေကြောင်း၊ မိနစ်(၃၀)ခန့်အကြာ၌ ၎င်း၏ မိခင်ဖြစ်သူ ဒေါ်အင်ဆွတ်ရွယ်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ မနူးမိုင်တို့ နောက်မှလိုက်သွားခဲ့ရာ တောင်ယာခင်း အနီးတွင် သွေးများဖြင့်ညည်းညူကာ လဲကျနေသည့် မောင်ဆွတ်ရိန်အောင်ကို တွေ့ရှိပြီး ဘေးပတ်ဝန်းကျင်ရှိ တောင်ယာမှ ဒေသခံများအကူအညီဖြင့် နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြရသည်။
ထို့နောက် အောက်တိုဘာ (၁၈)ရက်နေ့တွင် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်၍ (စိုးရိမ်ရ) လူနာအဖြစ် ခွဲစိတ်ကုသမှု ခံယူလျှက်ရှိကြောင်း ကြားသိရသည်။ လူနာအခြေအနေမှာ သတိလစ်မေ့မြောလျှက်ရှိပြီး ဆက်လက်အသက်ရှင်နိုင်မှု ရှိ/မရှိကို အရေးပေါ် ကုသလျှက် ရှိကြောင်း မြို့နယ်ဆရာဝန်တစ်ဦးက ပြောပြထားပါသည်။ အခင်းဖြစ်ပွားရာနေရာသည် KIA သောင်းကျန်းသူအဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိသော နေရာဖြစ်ကြောင်း၊ အစိုးရတပ်များ သွားလာခြင်းမရှိကြောင်း သိရှိရပါသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment