Saturday, October 31, 2015

အမေး နဲ့အဖြေ

အမေး နဲ့အဖြေ
-------------------
မေး..
အကယ်၍ NLD သာ နိုင်ခဲ့မယ်ဆိုရင် အရင်ဘုရားဘယ်လိုမြင်မလဲ။
ဖြေ...
နိုင်စေချင်တာကြာပြီ။ နိုင်စေချင်လို့ ဦးဇင်းတို့က အပြုသဘောနဲ့ထောက်ပြခဲ့တာ။ ဒါပေမဲ့ သူတို့တွေက ဒီမိုကရေစီမဆန်ဘူး။ အပြုသဘောနဲ့ ထောက်ပြတာကို ရန်သူလို့ သတ်မှတ်ကြတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းကိုက ပါတီရဲ့အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်၊ Plan တွေဆွဲပြီးလုပ်ရင် ဒီလောက်ပြာယာမခတ်ဘူး။
ကျူပ်က အဲဒီကတည်းက ချပြတာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ချိန်ပီယံကို ဖြိုဖို့အတွက် Traning တွေ လုပ်ရမည့်အစား ချန်ပီယံခါးပတ်ရ ရင် ငါ့ခါးနဲ့တော်မှ တော်ပါ့မလား၊ ချန်ပီယံ ခါးပတ်ကို ကိုယ့်ခါးနဲ့တိုင်းပြီး ချုပ်ခိုင်းတာ ကျုပ်အဲ့ကတည်း က သူတို့ကို အားမရတာ။ ကျုပ်တို့က နိုင်စေချင်တာ ရှုံးစေချင်တာမဟုတ်ဘူး။ အမျိုးစောင့် ဥပဒေအရင်ဆုံး အားကိုးတာ NLD ကိုအရင်ဆုံးအားကိုးတာ။ NLD က လူ့အခွင့်အရေးနဲ့ မညီဘူးလို့ ပယ်ချခဲ့လို့ အစိုးရဆီရောက်လာတာ။ အဲဒီတော့ သမ္မတကြီးက အခုချိန်အထိ အမှာစကား တစ်ခွန်း မရှိဖူး သေးဘူး။
ဦးသိန်းစိန် ကိုထောက်ခံတယ်။ ချစ်လို့ထောက်ခံတယ်လို့မထင်နဲ့ နိုင်ငံရဲ့ အကောင်းဆုံး လမ်းကြောင်း သူသွားနေလို့ ပုဂ္ဂိုလ်ရေးအရဆိုရင် ကျူပ်ကို သင်္ဃန်းချွတ်ပြီး ထောင်ချခဲ့တဲ့ အဖွဲ့ထဲမှာပါတဲ့ အစိုးရခေါင်းဆောင် ကျုပ်အသေအလဲကိုမုန်းတယ်။ ဒါပေမဲ့ ကျုပ် အမျိုးသားရေး မျက်စိနဲ့ကြည့်ပြီးတော့ ကျုပ်သူ့ကိုလက်ခံမိတာ။ ပုဂ္ဂိုလ်ရေးရဆိုရင် ကျုပ် ဒေါ်အောင်ဆန်းစုကြည်ကို အရူးအမူးချစ်တယ်။ ဒါပေမဲ့ အမျိုးသားရေးမျက်စိနဲ့ ကျုပ်ဘေးဖယ်ထားတယ်။
Credit.. Mizzima သတင်းဌာန

No comments: