Friday, October 30, 2015

ဘာတွေများ ပြောင်းလဲချင်နေတာလဲ NLD

ဘာတွေများ ပြောင်းလဲချင်နေတာလဲ NLD
==============================
အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့တဲ့။ ဘာကို ပြောင်းလဲချင်တာလဲ။ ဘာကို ပြောင်းလဲဖို့လို နေတာလဲ။ ဆိုတော့ကာ မေးခွန်းတွေ အဖြေတွေထွက် လာတော့တာပေါ့။

စစ်တပိုင်း အစိုးရလက်အောက်ကနေ လွတ်မြောက်ချင်တာလား။ စစ်တပိုင်း အောက်ကလွတ်ပြီး အရပ်သား ဒီမိုကရေစီ အစိုးရဖြစ်ရင် ပြီးတာပဲကွာ။ ကျန်တာ မစဉ်းစားဘူး။ OK...

NLD ပါတီကရော အရပ်သားစစ်စစ် ပါတီမှ မဟုတ်တာဘဲ။ နာယက ဦးတင်ဦးဟာ သူရဦးတင်ဦးဆိုတဲ့ ခင်ဗျားတို့ မုန်းတဲ့ မဆလခေတ် ကာချုပ်ပါဗျာ။ NLD ပါတီ စတင်တည်ထောင်သူ အောင် စု တင် မှာ ဦးအောင်ကြီးနဲ့ ဦး တင်ဦးဆိုတာ တပ်မတော်မှာ ထိပ်တန်းခေါင်းဆောင်တွေပါ။ အဲ့ဒီ တော့ NLD သည်လည်း စစ်တပိုင်းပါတီပဲ ဖြစ် မနေဘူးလား။ အခု အစိုးရဟာ အရင်စစ်အာဏာရှင် အစိုးရနဲ့ တူသလား။ အခု အစိုးရလက်ထက်မှာ ဥပဒေ နဲ့အညီ စီတန်းလှည့်လည် ဆန္ဒပြခွင့် ရှိလာပြီ။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိလာပြီ။ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိလာပြီ။ ဆန္ဒ ထုတ်ဖော်တဲ့ ကျောင်းသားတွေကို အကုန် လိုက်လျော ပေးတယ်။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးကို ထိခိုက်လာတဲ့ အန္တရာယ်ကြောင့် မရတော့တဲ့ အဆုံးမှာ အင်အားသုံး ဖြိုခွဲလိုက်တယ်။ ကမ္ဘာပေါ်မှာ လည်း ဆန္ဒပြချင် သလိုပြ လွှတ်ထားတဲ့ အစိုးရ မရှိပါဘူး။ အခု အစိုးရက ကျောင်းသားတွေကို အင်အားသုံး ဖြိုခွဲ တာ မဖြစ်သင့်ဘူးဆိုရင် ဒေါ်စု အစိုးရ လက်ထက်မှာ ဆန္ဒပြသူကို အင်အားသုံး မဖြိုခွဲပါဘူးလို့ အာမခံရဲသလား။ အခုတောင် လမ်းပိတ် လို့ ဝိုင်းထိုးနေတဲ့ပါတီလေဗျာ။

ဝန်ထမ်း တွေ လစာ တိုး /တစ်နေ့ လုပ် ခ ၆၀၀၀ ဖြစ် ပြီး ပြည်သူ တွေ ချမ်း သာ ချင် တာ လား။ အခု အစိုး ရ လက် ထက် မှာ ဝန်ထမ်း တွေ လစာ တိုး တယ်။ ပင်စင် တွေ တိုး တယ်။ အနိမ့် ဆုံး လုပ်ခ လစာ သတ် မှတ် နိုင်ခဲ့ တယ်။ NLD တက်လာ ရင် ဝန်ထမ်း လ စာ အာဆီယံ နဲ့ အညီ ဖြစ်မယ်။ ပင်စင် တွေ တိုးပေး မယ်။ အနိမ့် ဆုံး လုပ်ခ လ စာ တွေ အခု ထပ် တိုးပေး မယ် လို့ ဘယ်သူအာမခံ နိုင် သ လဲ။ ဒေါ်စု က တောင် ပြည်သူ အားလုံး ချမ်းသာ ရ မယ် လို့ ကျွန်မ အာမ မခံ ထား ပါ ဘူး လို့ ပြော ထား တာ ပါ။
အကျင့် ပျက် ချစားမှု ပပျောက် သွား မှာလား။ အခု ကို သူ့ ပါတီ သူ မနိုင်တာ။ ဒီလှိုင်း ဂျာနယ်ငွေ ကွာဟ မှု ၊ ဗိုလ် ချုပ် ရုပ် ရှင် ရန်ပုံ ငွေ တွေ ဘယ် မလဲ?။ ပါတီ တစ်ခု မှာ တောင် အကျင့် ပျက် ချစား မှု မထိန်း နိုင် တာ နိုင်ငံ နဲ့ ချီ ပြီး ထိန်း နိုင်မယ် လို့ ဘယ်သူ အာမခံ ရဲ သလဲ ဗျာ။


တိုင်းရင်း သား လက်နက်ကိုင် တွေ က ဒေါ်စု စကား နား ထောင် ပြီး ငြိမ်းချမ်း ရေး ယူ ကုန် မှာ လား။ မြန် မာ တစ် နိုင်ငံ လုံး သေနတ် သံ တွေ တိတ် သွား မှာ လား။ ဝေး ပါ သေး။ အမတ် ဖြစ်ခါစ က ဒုတိယ ပင် လုံ ဆိုတာ ကို ဘယ် တိုင်းရင်းသား အဖွဲ့ အစည်း က စိတ်ဝင် စား ခဲ့လို့ လဲ။ တိုင်းရင်းသား ပါတီ တွေ နဲ့ မဟာမိတ် ဖွဲ့ တဲ့ ဒီမို ကရေ စီ မိတ်ဆွေ ဆယ် ပါတီ ဆိုတာ ဘယ် နှစ်လ ခံ ခဲ့ လို့ လဲ။ ဘယ် တိုင်းရင်း သား အဖွဲ့ အစည်း က ဒေါ်စု ကို ကျွန်တော် တို့ ထောက်ခံ ပါ တယ် လို့ ပြတ်ပြတ် သားသား ရပ်တည် ပြ ဘူး သ လဲ။ တိုင်းရင်း သား အားလုံး က ဒေါ်စု ကို ထောက်ခံ တယ် ကွ။ ဒေါ်စု စကား ကို တိုင်းရင်းသား အဖွဲ့ အ စည်း အားလုံး က နားထောင် ပြီး ငြိမ်းချမ်း သွား မှာ ကွ လို့ ဘယ်သူက အာမခံ ရဲ သ လဲ ဗျာ။

အာဏာရှင် မဟုတ် ရင် ပြီး ရော ကွာပေါ့။ ဟုတ် လား။ ဒါဆို မေးမယ် ဗျာ။ NLD ထဲ မှာ ဦးကိုနီ က ဘယ် က ဘယ် လို ရောက် လာတာလဲ။ NLD CEC တွေ က ထည့် တာ လား။ ဒေါ်စု ထည့်တာ လား။ အမတ် လောင်း တွေ ကိစ္စ အငြင်း ပွား နေတာ NLD CEC ကြောင့် လား ဒေါ်စု ကြောင့် လား။ NLD မှာ ဒေါ်စု ကို ဝေဖန် အန်တု ရဲ တဲ့ သူ ဘယ် သူ ရှိ သ လဲ။ ဒေါ်စု စကား တစ်ခွန်း ဟာ ဥပဒေ ကဲ့ သို့ အာ ဏာ တည်သော အမိန့် ဖြစ် နေတာ ကို NLD ထောက် ခံသူ တွေ မသိ တာလား။ NLD မှာ ဒေါ်စု ကို ဝေဖန် တဲ့ သူ အားလုံး ဖြုတ် ထုတ် နေတာ မျက် စိ ရှေ့ တင် ပါ ပဲ။ အဲ့ဒါ တွေ ဟာ ဒီမို ကရေ စီ လား။ အာ ဏာ ရှင် လား….?။

ကဲ သင် တို့ ပြော တဲ့ အ ပြောင်း အ လဲ ဆိုတာ ဘာ လဲ ????

တိုင်းရင်းသား ပြည်သူ တွေ အတွက် ဘာမှ မပြောင်း လဲ ဘဲ နဲ့ ဘင်္ဂါလီ ပဲ အပြည့် အဝ ပြောင်းလဲ မယ့် အ နေ အထား တစ်ခု မှာ သင် NLD ကို မျက်စိ စုံ မှိတ် ထောက်ခံ တော့ မှာလား ????

အာဏာရှင်လို့ နောင်တချိန်မှာခေါ်တွင်ပြီး သမိုင်းမှာ နာမည်ဆိုးနဲ့ ကြော်ကြားခဲ့ရတဲ့သူတွေဟာ ရှေ့ပိုင်းတချိန် က လူထုထောက်ခံမှုကို သည်းသည်းလှုပ် ရခဲ့ကြတဲ့ လူထုအချစ်တော်တွေ ဖြစ်ပါတယ် ဆိုတာ ကိုတော့ သတိချပ် စေချင်ကြောင်းပါခင်ဗျာ။
-
လင်းလက်လူ
#Right Man

No comments: