Saturday, October 24, 2015
" တရားခံဘယ်သူလဲ ---- စု "
"  တရားခံဘယ်သူလဲ ---- စု  "
ကျွန်တော်တို့ တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီး
နှစ်ခြောက်ဆယ်ကျော် ကာလအတွင်းမှာ
မလွတ်လပ်ခြင်း မငြိမ်းချမ်းခြင်း တွေနဲ့အတူ
ကမ္ဘာပေါ်မှာ သယံဇာတ အပေါဆုံးနိုင်ငံတစ်ခု့ 
ဟာ အဆင်းရဲဆုံးစာရင်းဝင်ကာ အနိမ့်ကျဆုံး
လူနေမှု့ဘဝတွေနဲ့ ခါးသီးစွာ ရှင်သန်ခဲ့ရယ် ။
ဒီအကြောင်းတရားတွေနဲ့ ပါတ်သက်လို့  တရားခံ
ဘယ်သူလဲလို့  အမြဲတစေ တွေးတောကာ အဖြေရှာခဲ့မိပါတယ် ။ မြေပေါ်မြေအောက် ရေပေါ်ရေအောက် သုံးမကုန်အောင် များပြားလှ
တဲ့သယံဇာတတွေနဲ့ လူ့ စွမ်းအားအရင်းအမြစ်
တွေ အမှန်တကယ် ရှိနေပါလျှက်နဲ့ ဘာမမရှိတဲ့
တိုင်းပြည်တခု့ က ငါတို့ နိုင်ငံထက် ပို၍ချမ်းသာနေတာ ပို၍မြင့်မားနေတာမြင်ရတော့
ငါတို့ ပြည်ရဲ့ပြည်သူတွေ အလွန်ကို စိတ်မကောင်းဖြစ်မိပါတယ် စု ။ ငါ့တို့ တိုင်းပြည်
ဘာကြောင့်ဆင်းရဲနက်ခဲ့တာလဲ  အဲ့ဒီဆင်းရဲတွင်း
ကို ဘယ်သူတူးခဲ့တာလဲ ဆင်းရဲခြင်းရဲ့အဓိက တရားခံက ဘယ်သူလဲဆိုတာ ငါတကယ် တွေး
တတ်သိတတ်လာတဲ့အချိန်မှာ အလွန်ပဲရင်နာမိ
တယ်စုရေ ။ တိုင်းပြည်ကို ချစ်လှပါတယ် တိုင်းပြည်ကို ကောင်းစားစေချင်တယ် လို့  ခဏခဏပြောတတ်တဲ့ ပါးစပ်ပိုင်ရှင်တွေကပဲ
တိုင်းပြည်ရဲ့တရားခံတွေဖြစ်ခဲ့ပါတယ် ။
စုရေ တိုင်းပြည်ဆင်းရဲတာကို များစွာသော မင်း
နောက်လိုက်တွေက အစိုးရကြောင့်လို့  လက်ညိုး
ထိုးအပြစ်ပြောနေလေရဲ့ မင်းသိရဲ့လား ဒီတိုင်း
ပြည်ရဲ့တရားခံတွေက ဘယ်သူတွေလဲဆိုတာ
မင်းရော မင်းနောက်လိုက်တွေလိုပဲ အစိုးရညံ့လို့ 
ဖြစ်ရတာလို့  လက်ညိုးထိုးအပြစ်ပြောချင်နေတယ်မဟုတ်လား
ဒါကြောင့် ဒီနေ့ အချိန်မှာ မင်းကိုတိုင် တိုင်းပြည်ကို ဦးဆောင်သူဖြစ်ဖို့  နေရာအနံှ့မဲတွေ
လိုက်တောင်းနေတယ်လေ ။ စုရေ တိုင်းပြည်ဆင်းရဲတွင်းနက်ရတဲ့ အကြောင်းကို
ဒီကနေချိန်ခါမှာ ပြည်သူတွေရှင်းရှင်းလင်းလင်း
သိဖို့  ဒီဆောင်းပါးရေးကာ ဖွင့်ပြလိုက်ပါမယ် ။
ဒါမှ ဘယ်သူက တရားခံလဲဆိုတာ ခွဲခြားသိသွားရမှာပေါ့ ။စုရေ တိုင်းပြည်တပြည်
ဆင်းရဲဖို့  အကြောင်းတရားတွေများစွာထဲက
အဓိကကြတဲ့ အကြောင်းတရားတွေကို ရေးပြပါမယ် ။ဒီတရားခံတွေထဲမှာ မင်းနဲ့အတူ
မင်းနောက်လိုက်တွေလဲပါတယ်ဆိုတာ ဒီဆောင်းပါးဆုံးတဲ့အခါ အဖြေပေါ်လာပါလိမ့်မယ်
စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတော်မူပါ ။
တိုင်းပြည်ဘာကြောင့် ချွတ်ခြုံကျ၍ ဆင်းရဲခဲ့သလဲဆိုပါရင် --- ၁ ။ အုပ်ချုပ်သူအစိုးရ၏ စီမံခန့် ခွဲမှု့ညံ့ဖျင်းခြင်း ။
၂ ။ အိမ်နီးနားခြင်းဆိုးတွေနဲ့ နယ်မိတ်ခြင်း ထိစပ်၍အတူနေရခြင်း ။
၃ ။ လက်နက်ကိုင်ပဋိပက္ခနှင့်နှစ်ရှည်တိုက်ပွဲရှိ
နေခြင်း ။
၎ ။ သယံဇာတကျိမ်စာ မိနေခြင်း ။
၅ ။ စီးပွားရေးပိတ်စို့ ခံရခြင်း ။
၆ ။ မကြာခဏဆန္ဒပြမှု့နဲ့အရေးအခင်းတွေ ဖြစ်ပေါ်နေခြင်း ။
ဒါတွေဟာ တိုင်းပြည်ဆင်းရဲခြင်းရဲ့အဓိက အကြောင်းတွေပါပဲ ။ စုရေ အုပ်ချုပ်သူအစိုးရဲ့
ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျမှု့ကြောင့် စီမံခန့် ခွဲမှု့အလွဲတွေကို ပြု့လုပ်ဆောင်ရွက်ခဲ့ပါတယ် ။
မအောင်မြင်နိုင်တဲ့ စီမံကိန်းကြီးတွေကို ရေးစွဲအကောင်အထည်ဖေါ်လိုက်တဲ့ တိုင်းပြည်ရဲ့ဘဏ္ဏာငွေတွေဆုံးရှုံးနစ်နာခဲ့ရပါတယ် ။ ဒီထက်ပိုနစ်နာတာကတော့ အရေးကြီးတာ
တွေကိုမလုပ်မိပဲ အရေးမကြီးတာတွေ လုပ်မိလိုက်သောကြောင့် တကယ်အရေးကြီးတာတွေဟာ အရေးမပါသလို
ဖြစ်ပြီး အရေးမလှတဲ့ ဘဝနဲ့တို့ တိုင်းပြည်ဟာ
ကမ္ဘာအလယ်မှာ ရှက်စရာနိုင်ငံတခု့ အဖြစ်နဲ့ သိမ်ငယ်စွာ ရပ်တည်ခဲ့ရတယ် စု ။ စုရေ အလိုရမ္မက်ကြီးသော အိမ်နီးနားခြင်းတွေ နယ်နမိတ်ခြင်းထိလျှက် အတူနေရသောအခါ
တို့ တိုင်းပြည်က သယံဇာတတွေကို တန်ရာတန်ကြေးမဟုတ်ပဲ သူခိုးဈေးနဲ့လိုချင်တော့ လက်နက်ကိုင် သူပုန်ကို
တိုးတိုးတိတ်တိတ်ထောက်ခံလို့  နောက်ကွယ်ကနေ ထောက်ပံ့ခဲ့ပါတယ် အိမ်ရှင်အစိုးရကလိုက်တိုက်ရင် သူတို့ ပိုင်နယ်နမိတ်ထဲမှာ ခိုလုံခွင့်ပေးပြီး အိမ်ရှင်က နောက်ပြန်ဆုပ်တဲ့အခါ ခိုးသူကခိုး လုသူကလုနဲ့
ပွဲတော်တယ်ကြပြန်ပါရောလား ဒီလိုနဲ့ နှစ်ပေါင်းများစွာ ခိုးဆိုးလုယက်လာတာ ရှိသမျှလည်း ကုန်သလောက်ဖြစ်လာပါရောလား ။စုရေ အဲ့ဒီလို အိမ်နီးနားခြင်းဆိုးတွေကြောင့်ပဲ
တိုင်းပြည်ရဲ့အပြောင်းအလဲဟာ ဖြစ်ပေါ်မလာပဲ
ဒင်းတို့ ယူလို့ ဝမှ သူတော်ကောင်းယောင်ဆောင်လို့ အပြောင်းအလဲကို တိုက်တွန်းခဲ့တာဟာ ဒီတိုင်းပြည်ဆင်းရဲဖို့ အကြောင်းတရားတွေထဲက
တခု့ ပါပဲ ။ စုရေ ငါတို့ တိုင်းပြည်မှာ မင်းအပါအဝင် လူတတ်ကြီးတွေတော်တော်များများကတော့ တိုင်းပြည်ကိုချစ်တယ်လို့ ခဏခဏပြောခဲ့တာပါပဲ တိုင်းပြည်ရဲ့ကံကြမ္မာကို
ငါတို့ သာ ဖန်တီးနိုင်တယ်လို့ အထင်ရောက်နေတဲ့ မင်းလိုလူစားတွေကပဲ တိုင်းပြည်ကို ဆင်းရဲပင်လယ်ကြောမှာ မျောအောင်လုပ်ခဲ့တာပါပဲ ။အခု့ တော့ မျောရုံတင်မကပဲ နစ်ပါနစ်နေတယ်စုရေ ။
ကမ္ဘာပေါ်မှာနှစ်ပေါင်း ၂၀၀ ကျော်ကြာအောင်
တိုက်ခိုက်ခဲ့တဲ့ ခရူးဆိတ်စစ်ပွဲပြီး တို့ နိုင်ငံက လက်နက်ကိုပဋိပက္ခနဲ့နှစ်ရှည်တိုက်ပွဲက ဒုတိယ
စံချိန်ရှင်ပါပဲ ။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်
ဖို့  တည်ငြိမ်အေးချမ်းဖို့ က အဓိက ကျပါတယ်
တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးမယ် မဟုတ်လား တရားဥပဒေစိုးမိုးမှ တန်းတူအခွင့်အရေးနဲ့ ညီမျှခြင်းတွေဖြစ်မယ်မဟုတ်လား ညီမျှခြင်းတွေ
နဲ့တန်းတူအခွင့်အရေးရှိမှ အလုပ်စီးပွား အကိုင်စီး
ပွားတွေကို သာတူညီမျှ လွတ်လပ်စွာ ရှာဖွေနိုင်မယ်လေ ။တရားဥပဒေ မစိုးမိုးခြင်းကြောင့် အဂတိလိုက်စားမှု့နဲ့ အတူ
လဒ်ပေးလဒ်ယူမှု့တွေလည်း ပေါများလာခဲ့ပါတယ် လဒ်ပေးလဒ်ယူမှု့တွေပေါများလာခြင်းကြောင့်
နှစ်ရှည်တိုက်ပွဲတွေကြောင့် နယ်စပ်လုံခြုံရေး
ကို ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ပါဘူး ။အဲ့ဒီရဲ့
အကျိုးဆက်က သယံဇာတတွေကို မြောက်များစွာ
ဆုံးရှုံးစေခဲ့တဲ့အပြင် စစ်ပြေးဒုက္ခသည်တွေများပြားလာခြင်း စစ်အသုံးစရိတ်တွေကြောင့် တိုင်းပြည်ရဲ့ဘဏ္ဏာငွေတွေဆုံးရှုံးခြင်း တရားမဝင်
လူကုန်ကူးမှု့များနဲ့ နယ်မြေကျူးကျော်ခြင်းတွေအပြင် တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများတွက် ပညာသင်ကြားခွင့်များနှင့်အခြားသော လူ့ အခွင့်အရေးများ ဆုံးရှုံးခြင်းကို ရင်ဆိုင်ခဲ့ရပါတယ် ။ ဒါဟာလည်း တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ရတဲ့အချက်တချက်ပါပဲ ။ စုရေ မြန်မာစကားတစ်ခွန်းရှိပါတယ် ကိုယ့်
ကြိုးနဲ့ ကိုယ်ပြန်ချည်လို့ ကိုယ့်တုတ်နဲ့ကိုပြန်
အရိုက်ခံရတယ် ဆိုတဲ့ စကားကို မင်းလည်းကြားဖူးပါလိမ့်မယ် ထိုနည်းတူစွာပါပဲ
တို့ ပြည်သူတွေဟာ တို့ ပြည်မှာရှိတဲ့ တို့ ရဲ့သယံဇာတတွေကြောင့် တို့ တတွေဒုက္ခတွေနဲ့
ကြုံတွေ့ ခဲ့ရတယ် စု ။ ဒီသယံဇာတတွေကို အိမ်နီးချင်းတွေကလည်း မတရားသဖြင့်လိုချင်ခဲ့တယ်  တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ 
နယ်မြေပေါ်မှာရှိတဲ့အတွက် နိုင်ငံရဲ့သယံဇာတလို့ မယူဆပဲ ပြည်နယ်ရဲ့သယံ
ဇာတလို့ ယူဆကာ ငါတို့ လည်းပိုင်တယ် ငါတို့ လည်းဆိုင်တယ်ဆိုတဲ့အသိနဲ့ လိုချင်ခဲ့ကြတယ်
နှစ်ရှည်တိုက်ပွဲသက်ဆိုးရှည်ခဲ့ခြင်းရဲ့အကြောင်းတရားထဲမှာ သူကရှေ့ဆုံးကပါဝင်ခဲ့တယ်စု ဒီလိုပါပဲ အုပ်ချုပ်သူအစိုးရကလည်း သယံဇာတတွေပေါများစွာရှိနေခြင်းကြောင့် အိပ်ထဲကဖါးထုတ်ရိုက်ခြင်းအသိတခု့ ကို မသင်ပဲ
သိလာခဲ့တယ် လူ့ စွမ်းအားအရင်းအမြစ်တွေကို
မည်သို့ မည်ပုံအကျိုးရှိစွာ အသုံးချရမည်ဆိုသည်ကို နားလည်အောင်မကြိုးစားတော့ပေ ။  အချိန်ကြာလာတာနဲ့အမျှ လူစွမ်းလူစတွေတုံးပြီး
သယံဇာတတွေလည်း ကုန်လာခဲ့တယ်စု ။ ဒါဟာလည်း တိုင်းပြည်ဆင်းရဲခြင်းရဲ့အကြောင်းတရားတခု့ ပါပဲ ။ စုရေ တို့ တိုင်းပြည်မှာ ရှိသော များစွာသော နိုင်ငံရေးသမားတို့ သည် ဖိနိပ်ချုပ်ချယ်ခြင်းကို
ပုန်ကန်တွန်းလှန်ခြင်းဖြစ် ဖယ်ရှားပစ်နိုင်မယ်လို့ 
ယုံကြည်ယူဆခဲ့ပါတယ် ထိုအယူအဆကိုပဲ စုပ်ကိုင်ကာ ပြဿနာတစ်ရပ်ပေါ်ပေါက်လာတိုင်း
ဆန္ဒပြတောင်းဆိုခဲ့တာဟာ တို့ တိုင်းပြည်ရဲ့ထုံးစံတစ်ခု့ လို ဖြစ်လာခဲ့ပါတယ်စု ။
ဆန္ဒပြပွဲတွေဖြစ်ပေါ်လာ တိုင်းအကျိုးရလဒ်တခု့ ကတော့ ကုန်ဈေးနှုန်းကြီးမြင့်မှု့ပါပဲ ။ ရှစ်လေးလုံးမတိုင်မှီကာလမှာ ဘဲဥတစ်လုံး ပြားငါးဆယ်လောက်သာ ရှိခဲ့ပေမဲ့ ဘဲဥတလုံး တစ်ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲဆိုတဲ့ ကြွေးကျော်သံနဲ့အတူ ချီတက်လာခဲ့တာ အခု့ တော အခု့ တော့ ၁၅၀ ကျပ်နဲ့နှစ်ပါးသွားခဲ့ရပါတယ် ။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးရ တည်ငြိမ်မှု့တွေ
မရှိတဲ့အခါ ပြည်ပငွေကြေးတွေဈေးတက်မယ်
ငွေဈေးတက်ရင် ကုန်ဈေးနှုန်းတွေလိုက်တက်
ကုန်တာပါပဲစု တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ စုပေါင်းဆောင်ရွက်ခြင်း
စေ့စပ်ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နည်းလမ်းတွေကို မသိတာလား မသိချင်ယောင်
ဆောင်နေတာလားဆိုတာ စာရေးသူမခွဲခြားတက်ပါဘူး တိုင်းပြည်မှာ
ဆန္ဒပြပွဲတွေ ဆူပူအုံကြွမှု့တွေဖြစ်တိုင်း ဝိသမလောဘသားတွေကို စားသုံးသူပြည်သူတွေရဲ့မျက်နှာကို မကြည့်ပဲ
ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြပါတယ် နောက်ဆုံး
မှာတော့ အများက လက္ခံယုံကြည်ထားတဲ့ ခရိုနီ
စီးပွားရေးသမားတွေပဲ ချမ်းသာသွားကြပါတော့တယ်စု ။ဒါဟာလည်း တိုင်းပြည်ဆင်းရဲခြင်းရဲ့အကြောင်းတရားတသ်ခု့ ပါပဲ ။ စုရေ အခု့ နောက်ဆုံးအနေနဲ့ အဓိကအကျဆုံး နဲ့အရေးပါဆုံး အချက်ကို ရေးပြပါတော့မယ် ။ တိုင်းပြည်တပြည်ဆင်းရဲတွင်းနက်၍သက်ဆိုးရှည်ရခြင်းမှာ နိုင်ငံတကာရဲ့စီးပွားရေးပိတ်စို့ မှု့ပါပဲ ။ အတိုက်အခံပါတီတခု့ အနေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့  လူထုထောက်ခံမှု့ရဖို့ 
မိမိတို့ အားကယ်တင်ရှင်ဖြစ်မြင်လာဖို့  မိမိတို့ 
သာလျှင် တိုင်းပြည်ကိုအမှန်တကယ်တိုးတက်အောင်လုပ်နိုင်သူဟု့ ထင်လာစေဖို့  အုပ်ချုပ်သူအစိုးရကို
မုန်းတီးစေဖို့  အုပ်ချုပ်သူအစိုးရရဲ့ပုံရိပ်ကောင်းတွေကိုဖျက်စီးဖို့ အုပ်ချုပ်သူအစိုးရကို ဖယ်ရှားဖို့  နဲ့ အကြပ်ရိုက်စေဖို့ အကောင်းဆုံးသောနည်းလမ်းဟာ ပြည်သူတွေဆင်းရဲနေဖို့ လိုပါတယ် ဒါဆိုပြည်သူတွေဆင်းရဲအောင် ဘာလုပ်မလဲ
ဘာလုပ်နိုင်သလဲလို့  နည်းလမ်းရှာကြည့်လိုက်တော့ အုပ်ချုပ်သူအစိုးရပေါ်မှာ စီးပွားရေးအရ ဖိအားပေးဖို့ နည်းလမ်းကို တွေရှိခဲ့တယ် ရွေးချယ်ခဲ့ပါတယ် ဒီတော့ ဒီနည်းလမ်းကို အကောင်အထည်ဖေါ်ဖို့  အနောက်နိုင်ငံတွေရဲ့
အကူအညီလိုအပ်လာပါတယ် သူတို့ နဲ့ သဟဇာတဖြစ်မှ သူတို့ ဆီကအကူအညီရမယ်မဟုတ်လား ဒီတော့ ဒီသဟဇတအတွက် ဒီမိုကရေစီနဲ့လူအခွင့်အရေးကို ကျယ်နိုင်သမျှကျယ်အောင် အော်ရတော့တာပေါ့
စုရေ နိုင်ငံတခု့ မှာရှိတဲ့တိုင်းသူပြည်သားတွေဟာ စီးပွားရေးအဆင်ပြေချောမွေ့နေတဲ့အခါ သူတို့ ပေါ်ဘယ်လိုအုပ်ချုပ်ရေးစနစ်မျိုးနဲ့ပဲ အုပ်ချုပ်အုပ်ချုပ် မော်လည်းမကြည့်ဘူး စိတ်လည်းမဝင်စားပါဘူး ဒါပေမဲ့ စီးပွားရေးအစဉ်မပြေလို့ ကျပ်တည်းလာပြီဆိုတဲ့အခါ ဆင်းရဲတယ်လို့ ယူဆလာတဲ့အခါကျရင်တော့ ငါတို့ ကို ဘယ်လိုစနစ်နဲ့အုပ်ချုပ်နေတာလည်း သူတို့ ရဲ့စနစ်ဆိုးကြောင့်ငါတို့ ဒုက္ခတွေ့နေရပါလည်း
ဆိုပြီး အုပ်ချုပ်သူအစိုးရရဲ့အုပ်ချုပ်မှု့စနစ်ကို
မေးခွန်းထုတ်လားပါတယ် ။ဒီအချက်ကို ပိုင်ပိုင်နိုင်နိုင်သိနေတဲ့စုက ပြည်သူနဲ့အစိုးရ စိတ်
ဝမ်းကွဲကောင်လုပ်ဖို့ တခု့ တည်သောနည်းလမ်း
ဟာ ပြည်သူရဲအောင်လုပ်ဖို့ ပါပဲ ။ ပြည်သူဆင်းရဲအောင်လုပ်ဖို့ တွက် နိုင်ငံတကာရဲ့
အကူအညီကို အရယူပြီး စီးပွားရေးပိတ်စို့ ဖို့ တောင်းဆိုခဲ့ပါရောလား ။ စုရေ နိုင်ငံတကာပိတ်စို့ မှု့ကြောင့်ဘယ်လိုရလဒ်တွေ
ထွက်ပေါ်လာသလဲဆိုတာ လေ့လာကြည့်ရအောင် ။ ၁ ။ မိမိတိုင်းပြည်ကထွက်သော သယံဇာတတွေကို
တန်ရာတန်ကြေးဖြင့် မိမိနှစ်သက်ရာ နိုင်ငံကို
ရောင်းချခွင့်မရှိခြင်း ထိုသို့ မရှိခြင်းကြောင့် ရောင်းလို့ ရသောနိုင်ငံကို အောက်ဈေးဖြင့် အနိမ်ခံရောင်းရပါသောကြောင့် ကျွန်းတစ်ပင်သာ
ခုတ်ရမည့်နေရာမှာ မလိုအပ်ပဲ ဆယ်ပင်ခုတ်လိုက်ရခြင်း သစ်တောပြုန်းတီရခြင်း
အဓိကအချက်တွေမှာ ဒီအချက်လည်းပါပါတယ်
၂ ။ မိမိတိုင်းပြည်တွက် လိုအပ်သော စစ်လက်နက်ခဲယမ်းများနှင့်အခြားသော စက်ရုံပစ္စည်းများကို ဝယ်ယူရန်ရှိသည့်အခါ မိမိနှစ်သက်ရာ နိုင်ငံကမိမိနှစ်သက်ရာအရည်အသွေးမြင့် ပစ္စည်း
များကို ဝယ်ယူခွင့်မရှိသောကြောင့် ဝယ်လို့ ရသည့်နိုင်ငံမှ အရည်အသွေးမမှီသော ပစ္စည်းကို
မတန်တဆဈေးပေး၍ဝယ်ယူသုံးစွဲရသောကြောင့် စိန်တစ်တုံးပေးရမည့်နေရာမှာ စိန်ဆယ်တုံးပေးလိုက်ရသောကြောင့် အဘက်ဘက်က နှစ်နာခဲ့ရပါတယ်စု ။ ပိတ်စို့ မှု့တွေကြောင့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်း
ရှင်များ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိသောကြောင့်
အလုပ်ရုံစက်ရုံများ နည်းပါးခြင်းနှင့် အလုပ်လက်မဲ့ပြဿနာ ကြီးထွားလာခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်စု ။ ထိုသို့ အလုပ်လက်မဲ့များ
ပေါများလာခြင်းကြောင့် မိမိတိုင်းပြည်မှ လူ့ စွမ်း
အားအရင်းအမြစ်များသည် သူတပါးတိုင်းပြည်သို့ 
ရွေ့ လျားစီးမျောသွားသောကြောင့် မိမိနိုင်ငံသားတို့ ၏လုပ်ဖြင့် သူတပါးတိုင်းပြည်များကြီးပွားတိုးတက်ခြင်းတွေဖြစ်ပေါ်ခဲ့ပါတယ်စု ။ မင်းပါးစပ်က ချစ်ပါတယ်လို့ ပြောပြောနေတဲ့ မင်းပြည်သူတွေဟာ သူတပါးတိုင်းပြည်မှာ မိဝေးဖဝေးနဲ့ အလုပ် လုပ်နေရတာဟာ မင်းရဲ့ပိတ်စို့ မှု့တွေကြောင့်ပါပဲ ။ မင်းရဲ့အကြောင်းပြချက်ကတော့ စစ်အာဏာရှင်နဲ့ ခရိုနီတွေကို ဖိအားပေးဖို့ ပါပဲတဲ့
စစ်အာဏာရှင်နဲ့ ခရိုနီဘယ်နှစ်ဦးများရှိပါသလဲ ။
တကယ်တော့ မင်းတို့ ရဲ့အန္တိမရည်မှန်းချက်က
ပြည်သူတွေငတ်မွတ်ခေါင်းပါးခြင်း ဆင်ရဲဆုတ်ပျက်ခြင်းဒဏ်တွေမခံနိုင်ပဲ လမ်းပေါ်တက်အုံကြွမှု့တွေဖြစ်အောင်ဆောင်ရွက်ခဲ့တဲ့ မဟာဗျူဟာမြောက်ဆောင်ရွက်ချက်တွေပါပဲစု ။
ဒါတွေကိုမသိတဲ့ မင်းနောက်လိုက်တွေကတော့
မင်းကိုသူတော်ကောင်းကြီးမှတ်လို့ ပေါ့ ။ဒါပါပဲစုရေ တို့ တိုင်းပြည်ရဲ့ဆိုးရွားတဲ့ကံကြမ္မာ
တွေနဲ့ကြုံတွေကာခံစားခဲ့ရတဲ့ အဓိကတရားခံတွေထဲမှာ မင်းလည်းပါတယ်ဆိုတာကို ဒီဆောင်းပါးက သက်သေခံလို့ နေပါပြီ ။ စုရေ  " လုပ်ပိုင်ခွင့်ရှိတဲ့သူတိုင်းဟာ လုပ်နိုင်စွမ်းမရှိကြပေမဲ့ လုပ်နိုင်းစွမ်းရှိတဲ့သူကတော့ လုပ်ပိုင်ခွင့်ကို
မမျှော်ကိုးကြပါဘူး " ထိုနည်းတူစွာ မကျွမ်းကျင်တဲ့ လက်သမားဆရာတစ်ယောက်ဟာ သူ၏ပစ္စည်းကိရိယာ တွေကို အပြစ်တင်ဝေဖန်တတ်သလို နိုင်ငံရေးမကျွမ်းကျင်သူဟာ လည်း အစိုးရကို
ပြစ်တင်ဝေဖန်ရုံမှအပ ဘာမှမလုပ်တတ်ကြပါဘူး
။ စုတစ်ယောက်ချမ်းသာထီပေါက်နိဗ္ဗာန်ရောက်ပါစေဗျာ ။
                                 အစဉ်လေးစားလျှက်
                                           သုည
No comments: