Monday, October 26, 2015

လူ့အခွင့်အရေး တဲ့ … နားထောင်ကောင်းသလောက် သိတ်ရက်စက်တဲ့ သိတ်ယုတ်မာတဲ့ ... လူ့အခွင့်အရေးကို အလေးမထားသူတွေရဲ့ သူတို့ကိုယ်သူတို့ကာကွယ်တဲ့ စကား....

လူ့အခွင့်အရေး တဲ့ … နားထောင်ကောင်းသလောက် သိတ်ရက်စက်တဲ့ သိတ်ယုတ်မာတဲ့ ... လူ့အခွင့်အရေးကို အလေးမထားသူတွေရဲ့ သူတို့ကိုယ်သူတို့ကာကွယ်တဲ့ စကား....
.
Human rights are rights inherent to all human beings, whatever our nationality, place of residence, sex, national or ethnic origin, colour, religion, language, or any other status. We are all equally entitled to our human rights without discrimination. These rights are all interrelated, interdependent and indivisible.
.
လူ့အခွင့်အရေးဆိုတာ လူသားအားလုံး မခွဲခြားခြင်းကို ဆိုလိုတယ်တဲ့
… နိုင်ငံ လူမျိုး ဘာသာစကား တိုင်းရင်းသား အသား အရောင် ကွဲပြား ပေမယ့် … လူ့အခွင့်အရေးရဲ့အောက်မှာ ဒီအမည်နာမ တွေမရှိသလို ခွဲခြား မထားဘူး တဲ့ …
.
လူ့အခွင့်အရေးရဲ့အောက်မှာ အားလုံးဟာ ခွဲခြားမှုမ၇ှိဘူး လွပ်လပ်စွာ တရားမျှ တမှု ရှိရပါမယ်တဲ့ …
.
အာဖရိက က လူတွေ ပြောတာကတော့ သူတို့မှာ သူတို့ဓလေ့ထုံးတမ်းစဉ် လာတွေရှိနေတဲ့ အပြင် ဒါတွေကိုစွန့်လွှတ်ဘို့ရာ မဖြစ်နိုင်တဲ့အတွက် လူ့အ ခွင့် အရေးဆိုတာ အာဖရိကမှာ လုံးဝအသုံးမ၀င်ပါဘူးတဲ့ …
.
ဘရာဇီးကျတော့ရော … လူ့အခွင့်အရေးပေတံနဲ့ တိုင်းရင် တစ်နိုင်ငံလုံးဟာ လူ့အခွင့်အရေး ဆိုတဲ့ 
(((( ဥရောပတိုက်သားတွေအတွက်နဲ့ ဘာသာရေး အစွန်းရောက်တွေအတွက် သီးသန့်ထားတဲ့))))  ဥပဒေကို ချိုးဖောက်နေ သူတွေ ချည်းပါပဲတဲ့ …
.
သူတို့တစ်နိုင်ငံလုံးခလေးကအစ သေနပ် ကိုင်ကြတယ်လေ ဒါပေမယ့် အမေရိကန်အင်္ဂလန် လို ကျောင်းထဲ ၀င်ပြစ် တာတို့ ခလေးချင်း ပြစ်ခတ် မိတာ လုံးဝဆိုလုံးဝမရှိပါဘူးတဲ့ …
.
အာရဗ်ကမ္ဘာကျပြန်တော့ သူတို့ ကိုးကွယ်တဲ့ ဘာသာ ယုံကြည်မှု ဓလေ့ အယူ အဆ နဲ့ လူ့အခွင့်အရေးဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ကို လုံးဝလက်မခံပါဘူးတဲ့ …
.
၂၀၁၂ အကုန်လောက်က အီဂျစ်မှာ စီစီ အဏာသိမ်းခါစ တုန်းက … မွတ်စလင် ဘရားသား ဟုဒ်  အဖွဲ့ဝင် ၄၀ ကျော်ကို ပစ်သတ် ပလိုက်တယ်
.
မသတ်ခင် လူ့ အခွင့်အရေး ( HRW ) … ယူအန် နဲ့ နောက်ဆုံး အိုဘားမား ကိုယ်တိုင် …  ကန့်ကွက်ပြီး လက်ရှိထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့  မူဆီရဲ့ လက်အောက်က ဘာသာရေးခေါင်းဆောင်ရဲ့သားကို ပြန်လွှတ်ပေးဘို့ တရား ၀င်စာထုတ် ခဲ့တယ် …( ထုံးစံအတိုင်း ယူအန်တပ်ကပဲဝင်သိမ်းတော့မလိုလိုပေါ့ )
.
ဒီအခါမှာစီစီ ကဘာပြောသလဲဆိုတော့ ….
နင်တို့က လူ့အခွင့်အရေး လူ့အခွင့် အရေးဆို အော်ပြီး အစွန်းရောက် တွေ ကို လွှတ်ခိုင်းတယ် …
.
ဒီလူတွေကို လွှတ်လိုက်တဲ့အတွက် ငါတို့ပြည်သူပြည်သားတွေဟာ တစ်ချိန် လုံး တထိတ် ထိတ်နဲ့ နေနေရမယ် …
.
နောက်ကျောမလုံပဲ တချိန်လုံး အသေခံ ဗုံးခွဲတာတွေ ... ၀င်စီးပြီး သတ်တာတွေ ခံစား နေကြရမှာကိုရော နင်တို့ထည့်တွက်သလားတဲ့ ...။
ငါတို့နိုင်ငံမှာ ခရစ်ယန် ၁၉% ရှိတယ်တဲ့
( ဒီလူ ၄၀ ကျော်က ဘယ်လောက် ဆိုးလဲဆို ရှေးဟောင်း ခရစ်ယန် ဘုရားကျောင်း ၂၀၀ ကျော်မီးရှို့တယ် ကျောင်းထဲမှာ ပုန်းနေတဲ့ ခရစ်ယန်တွေ အရှင် လတ်လတ် မီးသဂြိုလ်ပြီးသား  … မွတ်စလင်ချင်းချင်း ခေါင်းမခြုံ တဲ့ အိမ်တွေ ၀င်ပြီး ခလေးတွေကို ၅ထပ်ကနေ ဂုတ်ချိုး ပြီး ပစ်ချကြတယ် လေ )
.
နင်တို့လူ့ အခွင့်အရေးက နိုင်ငံကို ဖျက်နေတဲ့ အစွန်းရောက်တွေကို အားဖြည့် ပေးဘို့လားတဲ့ ….
.
ငါကတော့  ငါတို့ ပြည်သူပြည်သား သန်း ၇၀ ကျော် စိုးရိမ်ကြောင့်ကြမှု မရှိပဲ ငါ့ လက်ထက် မှာ နောက်ကျောလုံလုံ အေးချမ်းစွာ နေနိုင်တဲ့ အခွင့်အရေးပဲ လုပ်နိုင်မယ်တဲ့ ။
.
ဘာမဟုတ်တဲ့ တန်ဘိုးမဲ့တဲ့ လူနဲစုအခွင့်အရေးကြောင့် ... ငါတို့ ပြည်သူ သန်း( ၇၀ ) နောက်ကျောမလုံပဲ နေနေရမှာလားတဲ့ ...။
.
ဒီမကောင်းတဲ့ အစွန်းရောက် လူနည်းစု အတွက် အခွင့်အရေး သိတ်ပေး ချင် နေရင် ခေါ်သွားလိုက် ပါတဲ့ …
.
ကျုပ်တို့ တိုင်းသူပြည်သား တွေကျတော့ လူ့အခွင့်အရေးနဲ့ မနေရတော့ဘူး လားတဲ့ ။
.
ဒီလိုပါပဲ လူ့အခွင့်အရေး ဆိုတာ လူသားအားလုံးရဲ့ အခွင့်အရေး …
လူတိုင်း  ရသင့်ရထိုက်တဲ့ ကိုယ်ပိုင် အခွင့်အရေး ဆိုရင်
ကျမတို့လဲလူသားတွေပဲလေ ကျမတို့ ကိုယ်ပိုင်အခွင့်အရေးရှိရမှာပေါ့ …
.
ကျမတို့ မြေကို ပိုင်ဆိုင်ခွင့် …
ကျမတို့ နိုင်ငံတော် မြေပုံလေး အရာမရွင်းအောင် ထိန်းသိမ်းခွင့်
ဆင်းရဲ မွဲတေနေတဲ့ ကျမတို့မြေလေးမှာ အေးချမ်းစွာနေခွင့် … ထိုင်းတောင်ပိုင်း ဖလစ်ပိုင်တောင်ပိုင်းတွေလို ကျီးလန့်စာ စား မနေရအောင် ကာကွယ်ခွင့်
ကျမတို့ ဘာသာကို ကာကွယ်ခွင့် အစရှိသည်ပေါ့ ။
.
ကျမ တို့ဖာသာမိမိနိုင်ငံမှာ နေနေကြတာကို သူများနိုင်ငံက ဒုက္ခသည် မဟုတ်တဲ့  Economic Migrant တွေ လှေနဲ့တစ်မျိုး ခွေးတိုးပေါက်က တစ်ဖုံ ခိုးဝင် …
.
ပြီးရင် အဲ့နိုင်ငံတွေရဲ့အစိုးရက ဒုက္ခပေးပါတယ်ဆိုပြီးသတင်းလွှင် … ပြီးရင် မျှော်လင့်ချက်ရှိတဲ့ နိုင်ငံတွေကို ရောက်ဘို့အတွက်  သူတို့ရောက်သမျှ နိုင်ငံတွေက နိုင်ငံသားနဲ့ အစိုးရကို ဒုက္ခပေး ….
.
မျှော်လင့်ချက်မရှိတော့ရင် ဒီလူတွေက အဲ့ဒိနိုင်ငံတွမှာ တိုင်းရင်းသားတောင် နိုင်ငံသားတောင်း  …
.
ရှင်တို့ကလည်း နိုဗယ်ဆုလေး အရင်းပြု လူ့အခွင့်အရေးပေတံနဲ့ တိုင်းပြီး ကျမတို့က နိုင်ငံသားပေးရမယ် တိုင်းရင်းသား ပေးရမယ် လက်ခံ ရမယ် ဆိုတော့
.
ကျမတို့ အတွက်ကရော …. ကျမတို့နိုင်ငံ ကျမတို့ အချုပ်အချာ အာဏာ ပိုင်ဆိုင်မှု ကျမတို့ နိုင်ငံသားတွေ အခွင့်အရေး ကျတော့ရောရှင်  ကျမတို့လဲ လူတွေပဲလေ ...။
.
ကိုယ့်နိုင်ငံမှာတောင်ကိုယ့်အခွင့်အရေးမရှိရတော့ဘူးလား ... ကျမတို့ နိုင်ငံ ကျမတို့အိမ်ကို ကျမတို့ မပိုင်ရတော့ဘူးလား ...
.
အပြင်က ဒုက္ခရောက်ပြီး ခြံစည်းရိုးနား ကပ်သပ် လာခိုးဝင်နေသူကို ဘယ်လို လုပ် အိမ်သားပေးလို့ရမှာတုန်း
.
ဒီလိုခြံစည်းရိုးနား ကပ်သပ်နေသူတွေကို သူ့အိမ်သူ့ယာပြန်ပို့ သူ့တို့ အိမ်မှာ  အိမ်သား သားတစ်ယောက် အဖြစ် သူတို့ရဲ့ အခွင့်အရေး ပြန်ရအောင်လုပ်ပေးတာ ကမှ သူတို့အတွက် လူ့အခွင့်အရေး မဟုတ်ဘူးလား ရှင်
.
သူများနိုင်ငံမှာ တိုင်းရင်းသားပေးတာကလူ့အခွင့်အရေးလား
.
ရှင်တို့က ဒုက္ခသည်တွေ ခိုးဝင်တွေကို သူများနိုင်ငံမှာ နိုင်ငံသားပေး တိုင်းရင်သားပေး ပြီးတော့ ကိုယ်ပိုင် အုတ်ချုပ် ခွင့် မပေး ပေးရအောင်လုပ်နေတာက ...
.
ကျမတို့အပါအ၀င် အဲ့နိုင်ငံသူ နိုင်ငံသားတွေ ရဲ့ အခွင့် အရေး တွေ ပြီးတော့ အဲ့နိုင်ငံရဲ့ အချုပ်အချာ အာဏာ ပိုင်ဆိုင်ခွင့် ကို ၀င်စွက် ဖက်တာ မဟုတ် ဘူးလားရှင်။
.
.



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: