Monday, October 26, 2015

ကျောက်စိမ်းလုပ်ငန်းသည် ကချင်ပြည်နယ်အတွင်းရှိ လူတစ်ဦးချင်းစီအတွက် အာဆီယံ ဒေသတွင်း နိုင်ငံများအနက် စတုတ္ထ အများဆုံးအဆင့်ရှိ

ကျောက်စိမ်းလုပ်ငန်းသည် ကချင်ပြည်နယ်အတွင်းရှိ လူတစ်ဦးချင်းစီအတွက် အာဆီယံ ဒေသတွင်း နိုင်ငံများအနက် စတုတ္ထ အများဆုံးအဆင့်ရှိ
========================================

ကျောက်စိမ်းလုပ်ငန်းသည် ကချင်ပြည်နယ်အတွင်းရှိ လူတစ်ဦးချင်းစီအတွက် အာဆီယံ ဒေသတွင်း နိုင်ငံများအနက် စတုတ္ထအများဆုံးအဆင့်ရှိပြီး တစ်နှစ်လျှင် ဒေါ်လာ ၂၁၀၀၀ တန်ဖိုးနှင့်ညီမျှသော ၀င်ငွေပမာဏ ရှာပေးနိုင်မည့်လုပ်ငန်းဖြစ်သော်လည်း ဒေသခံများမှာ စနစ်တကျ ဖယ်ထုတ်ခံထားရကြောင်း Global Witness တွင် ဖော်ပြထားပါသည်။

ကျောက်စိမ်းလုပ်ငန်းများသည် ကချင်ပြည်နယ်အတွင်းရှိ လူတစ်ဦးချင်းစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးနှင့် ညီမျှသော ၀င်ငွေပမာဏကို ရှာပေးနိုင်မည့် လုပ်ငန်းဖြစ်သော်လည်း ဒေသခံများမှာ စနစ်တကျ ဖယ်ထုတ်ခြင်းခံထားရကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်သည့် Global Witness ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာပြည်ရဲ့ကျောက်စိမ်းလုပ်ငန်းဟာ ခေတ်သစ်သမိုင်းမှာ သဘာဝသယံဇာတတွေကို အကြီးမားဆုံးခိုးယူလုယက်မှုကြီးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး တံဆိပ် ပြောင်းတပ်ထားတဲ့ အစိုးရက သူတို့ဟာ အတိတ်က ရက်စက်တဲ့ အုပ်ချုပ်ရေးစနစ်၊ ခရိုနီစနစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စာမျက်နှာကို လှန်လိုက်တော့မယ်လို့ ကမ္ဘာကို ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့အဖိုးတန်ဆုံး သဘာဝအရင်းအမြစ်နဲ့ စွဲမက်စရာအရည်အသွေးနဲ့ တောက်ပတဲ့ ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းကဏ္ဍမှာတော့ လက်တွေ့အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်နေပါတယ်” ဟု Global Witness ၏ လေ့လာသုံးသပ်သူ ဂျူမန်ခက်ဘာက ပြောကြားခဲ့သည်။

ကျောက်စိမ်းလုပ်ငန်းကို စစ်ဗိုလ်ချုပ်ဟောင်းများ၊ အမေရိကန်က အရေးယူပိတ်ဆို့ ထားသည့် ဘိန်းရာဇာများနှင့် သေနတ်ကိုင်ထားသူများက ဆက်လက်ထိန်းသိမ်းထားကြောင်း၊ နာမည်ခံကုမ္ပဏီများနှင့် နာမည်ခံပိုင်ရှင်များ၏နောက်ကွယ်တွင် အမြတ်ထုတ်ယူမှုများ ရှိနေကြောင်း၊ ဒေသခံများအနေဖြင့် အခွင့်အရေးချိုးဖောက်ခံနေရပြီး ၎င်းတို့၏သဘာဝ အရင်းအမြစ် အမွေအနှစ်များကို ခြေထောက်အောက်မှပင် လုယက်ခံနေရကြောင်း ထုတ်ပြန် ကြေညာထားသည်။

ကျောက်စိမ်းလုပ်ငန်းသည် ဗဟိုအစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA)တို့အကြား မြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး လက်နက်ကိုင် ပဋိပက္ခကို ဖြစ်စေသည့် အဓိကတွန်းအားတစ်ခုဖြစ်ကြောင်း၊ ကျောက်စိမ်းလုပ်ငန်းသည် စစ်ပွဲအတွင်း နှစ်ဖက်စလုံးအတွက် ရန်ပုံငွေများကို ရှာဖွေပေးထားပြီး ယင်းစစ်ပွဲသည် ထောင်နှင့်ချီသည့် လူ့အသက်များကို ဆုံးရှုံးစေကြောင်း၊ ၂၀၁၁ ခုနှစ် စစ်ပွဲများ ပြန်ဖြစ်လာသည့်အချိန်မှစ၍ လူတစ်သိန်းကို နေရာရွှေ့ပြောင်းစေခဲ့ရကြောင်း၊ ယင်းအခြေအနေသည် စစ်ဗိုလ်ချုပ်များနှင့် အစိုးရပိုင်းရှိ သဘောထား တင်းမာသူများအတွက် ပဋိပက္ခကို အချိန်ဆွဲထားရန်နှင့် ကျောက်စိမ်း လုပ်ငန်းများ ပိုမိုပွင့်လန်းမျှတလာပါက ၎င်းတို့ ဆုံးရှုံးနိုင်မည့် အဖိုးတန်ပစ္စည်းများကို ကာကွယ်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ငန်းများကို မည်သို့စီမံ ခန့်ခွဲပြီး မည်သူတို့ အကျိုးအမြတ်ရရှိနေသည်ဆိုသည်မှာလည်း ကိုင်တွယ်ဖြေရှင်းရမည့် မေးခွန်းများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကျောက်စိမ်းလုပ်ငန်းသည် ဒေသခံလူထုအတွက် ကသောင်းကနင်း ဒုက္ခဖြစ်စေသည့် အပြင် ကျောက်စိမ်းများ တူးဖော်ထုတ်ယူသည့် ကချင်ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ ကျောက်စိမ်းတူးဖော်မှုသည် လူကိုသေဆုံးသည်အထိ အန္တရာယ် များလေ့ရှိကြောင်း၊ ထို့အပြင် ထိုဒေသများသို့ မူးယစ်ဆေးဝါးများနှင့်အတူ ပြည့်တန်ဆာများလည်း ပျံ့နှံ့ရောက်ရှိနေကြောင်း၊ ဒေသအတွင်း မြေသိမ်းခံရမှုများ၊ ခြိမ်းခြောက်ခံရမှုများအပြင် အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

အဆိုပါပမာဏအား ဒေသတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက စင်ကာပူ၊ ဘရူနိုင်းနှင့် မလေးရှားနိုင်ငံများပြီးလျှင် ကချင်ပြည်နယ်၏၀င်ငွေသည် စတုတ္ထအများဆုံး ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။ အာဆီယံနိုင်ငံများ၏ GDP(PPP) ကို လေ့လာကြည့်ပါက စင်ကာပူနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၂၇၆၂၊ ဘရူနိုင်းနိုင်ငံ၏ တစ်ဦးချင်း ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၇၃၂၃၃၊ မလေးရှား နိုင်ငံသည် ၂၄၆၅၄ နှင့် ထိုင်းနိုင်ငံသည် ၁၄၃၅၄ ရှိနေကြောင်း သိရသည်။

By Eleven Media Group



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: