Saturday, October 24, 2015

" စု နောက်လိုက်တွေဖတ်ဖို့  "

"  စု  နောက်လိုက်တွေဖတ်ဖို့   "

မကြာသေးခင်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက  စာရေးသူကျွန်တော်
ကို  အင်တာဗျူးခဲ့ပါတယ် ။ သတင်းထောက်က
စမေးပါတယ်  ဘယ်ပါတီကို  မဲပေးမှာလဲတဲ့ ။
ကြံ့ခိုင်ရေးပါတီကို  မဲပေးမှာပါလို့  စာရေးသူက
ဖြေလိုက်တော့  ဘာကြောင့် ကြံ့ခိုင်ရေးပါတီကို
မဲပေးမှာလဲတဲ့  ဒီမေးခွန်းကို စာရေးသူကျွန်တော်ဟာ  သာဓကတွေ ဥပမာတွေနဲ့ အခု့ လို အဖြေပေးလိုက်ပါတယ် ။
" ခင်ဗျာ ရှေ့မှာ  အနီရောင် ပန်းသီးလေး တစ်လုံးနဲ့  အစိမ်းရောင်မာလကာသီးတစ်လုံးကို ချပေးလိုက်တဲ့အခါ  ခင်ဗျာ ဘယ်အသီးကို ရွေးချယ်မလဲ လို့ စာရေးသူက မေးလိုက်တော့
အဆိုပါ သတင်းထောက်က မဆိုင်းမတွပါပဲ ချက်ခြင်းအဖြေပေးပါတယ် အနီရောင်ရှိတဲ့  ပန်းသီးကိုပဲ ရွေးမှာပါတဲ့ ကောင်းပါပြီ ကျွန်တော်က အစိမ်းရောင်ရှိတဲ့  မာလကာသီးကို ရွေးမယ်ဗျာ ။ ကဲ ကိုယ်ကြိုက်တာ ကိုယ်ရွေးပြီးပြီဆိုတော့ ကိုယ်ရွေးထားတဲ့ အသီးရဲ့အကျိုးဆက်တွေကို
ယှဉ်ကြည်ရအောင်ပါ ။ ခင်ဗျာရွေးထားတဲ့  အနီရောင်ပန်းသီးနဲ့ ကျွန်တော်ရွေးထားတဲ့ အစိမ်းရောင်မာလကာသီးကို မိုးထဲရေထဲ နေပူထဲမှာ ပြစ်ထားမယ်ဗျာ ဘယ်အသီးက သဘာဝဒဏ်တွေကို ပိုပြီးခံနိုင်ရည်ရှိမလဲ လို့ မေးတော့ မာလကာသီးက ပိုခံနိုင်ရည်ရှိပါတယ်တဲ့ နောက်တခါ ခင်ဗျာလက်ထဲက ပန်းသီးနဲ့ ကျပ်လက်ထဲမာလကာသီးကို ခရီးဝေးပဲဖြစ်ဖြစ်
ခရီးနီးပဲဖြစ်ဖြစ် ပုံစံတူ သယ်ဆောင်သွားတဲ့အခါ ဘယ်အသီးက ရေရှည်ခံမလဲ မာလကာသီးက ရေရှည်ခံပါတယ် နောက်တခါ အနီရောင်ပန်းသီးလေးမှာ လက်သည်းခွန်လောက် အနာဖြစ်သွားပြီဆိုတာနဲ့ တလုံး လုံးနီးပါးကို အတွင်းမှာ လှိုက်စားပြီး ပုပ်သွားပါတယ် ကျွန်တော်လက်ထဲမှာ ရှိတဲ့ အစိမ်းရောင်မာလကာသီးကတော့ လက်သည်းခွန်လောက် ပုပ်ရုံနဲ့တော့ အဲ့ဒီနေရာ ကွက်လှီးပြီး ကျန်တာ အကုန်စားလို့ ရပါတယ် ။ နောက်တချက် ယှဉ်ကြည့်ရအောင်
ခင်ဗျာလည်း ရန်သူနဲ့တွေ့ ပြီ ကျုပ်လည်းရန်သူနဲ့တွေ့ပြီ ဒီလိုအချိန်မှာ ရန်သူက ဓါးနဲ့ပြေးထိုးလိုက်တဲ့အခါ ခင်ဗျာကလည်း ခင်ဗျာလက်ထဲက အနီရောင်
ပန်းသီးလေးနဲ့ ကာကွယ်ပြီးဓါးထိုးခံမယ် ကျုပ်ကလည်း ကျုပ်လက်ထဲက အစိမ်းရောင်မာလကာသီးလေးနဲ့ ကာကွယ်ပြီးဓါးထိုးခံမယ် ဘယ်သူ့ ဗိုက်ထဲကို
ဓါးဝင်သွားမယ်ထင်သလဲ ပန်းသီးနဲ့ကာတဲ့လူရဲ့ဗိုက်ထဲ ဓါးဝင်သွားမှာပေါ့ဗျ ဘာလို့ လဲ ပန်းသီးက အနုစားလေဗျာ ကဲနောက်တချက်ယှဉ်ကြည့်ပါဦး ခင်ဗျာလည်း
ခင်ဗျာလက်ထဲက အနီရောင်ပန်းသီးနဲ့ ရန်သူကို ပစ်ပေါက်တိုက်ခိုက်မယ် ကျုပ်ကလည်း ကျုပ်လက်ထဲက အစိမ်းရောင် မာလသီးနဲ့ ရန်သူရဲ့အရှိုက်ကို ပစ်ပေါက်တိုက်ခိုက်မယ် ကဲ ဘယ်သူအသီးက ရန်သူကို ပွဲသိမ်းအနိုင်ယူနိုင်မလဲ ။ မာလကာသီးက အနိုင်ယူနိုင်တာပေါ့ ဘာလို့ လဲ မာလကာသီးက မာကြောကြံ့ခိုင်လို့ ပါပဲ ။
ကဲ နောက်တမျိုးယှဉ်ကြည့်ပါဦးဗျာ ။ ခင်ဗျာ လည်း အနီရောင်ပန်းသီးကို အဟာရတွက် စားသုံးလိုက်ပြီ ကျုပ်လည်း မာလကာသီးကို
အဟာရတွက် စားသုံးလိုက်ပြီ ခင်ဗျာကလည်း
ပန်းသီးရဲ့အစေ့ကို ထုတ်ယူပြီး အပင်ပျိုးတယ်
ကျုပ်လည်းမာလကာသီးရဲ့အစေ့ကို ထုတ်ယူပြီး အပင်ပျိုးတယ် ခင်ဗျာ အနီရောင် ပန်းသီးအစေ့က အချိန်မရွေး နေရာမရွေး ဥတုမရွေး အပင်ပေါက်ရှင်သန်နိုင်ပါမလား ။မရှင်သန်နိုင်ပါဘူး ။ကျုပ်ရဲ့အစိမ်းရောင် မာလကာသီးကတော့ အချိန်မရွေး နေရာမရွေး ဥတုမရွေး အပင်ပေါက်ရှင်သန်နိုင်ပါတယ် ။ ကျုပ်ရဲ့အစိမ်းရောင်မာလကာ ပင်လေးဟာ
ရှင်သန်ကြီးထွားလာတော့ ခရီးသွားရင် မူးတတ်မောတတ်သူတွေက မာလကာရွက်ကလေး ရှုလို့ အမူးအမောပြေစေတယ်ဗျာ ဟော ဒါတင်ပဲလား မကသေးပါဘူး အချိန်တွေကြာလာတာနဲ့ ကျုပ်ရဲ့အပင်လေးဟာ အပွင့်တွေ အသီးတွေနဲ့
ဝေဆာလာတော့ ဘုရားလည်းလျှူ ကျောင်းလည်းလျှူ အိမ်နီးနားခြင်းတွေလည်း လျှူ ကလေးတွေကလည်း မာလကာပင်လေးအောက်မှာ အရိပ်လည်းခို အသီးအပွင်တွေလည်း စားလို့ ပျော်ပျော်ကြီး
ကစားနေလေရဲ့ဗျာ ။ ခင်ဗျာရဲ့အနီရောင် ပန်းသီးကတော့ အစေ့ခြောက်လို့ မြေအောက်မှာ ပုပ်ဆွေးသွားပါပြီဗျာ ။ ကဲဒီလောက်ဆို ကျုပ်ဘာကြောင့် အစိမ်းရောင်
မာလကာသီးနဲ့တူသော ကြံ့ခိုင်ရေး ပါတီကို ရွေး
ချယ်ရတယ်ဆိုတာ သိလောက်ပါပြီဗျာ အရောင်အသွေးနဲ့ အလှအပကို မက်ပြီး ခဏတာ ခံတွင်းတွေ့ စေတဲ့ ခင်ဗျားရဲ့ အနီရောင်ပန်းသီးကို အမျှော်အမြင် အဆင်အခြင်နည်းပါသူတွေကတော့ ပန်းသီးက ဈေးကြီးတာကွ ပန်းသီးက တန်ဖိုးရှိတာကွလို့ တွေးပြီး ရွေးချယ်ကြပါလိမ့်
ဗျာ မျက်တောင်တဆုံးမဟုတ်ပဲ မျက်စိတဆုံးထိ အမျှော်အမြင်ရှိရှိနဲ့ အဝေးကိုကြိုကြည့်ကာ အဆင်အခြင် အတွေးအခေါ် မြင့်မားသူတွေကတော့ အစိမ်းရောင်ရှိသော မာလကာသီးလေးကို သာ ရွေးချယ်ကြပါလိမ့်မယ် ။ ဟုတ်ကဲ့ နိဂုံးချုပ် မေးခွန်းလေး တခု့ လောက် မေးပါရစေ ဒေါ်စုပါတီကို ဘာကြောင့်ငြင်းဆိုဖယ်ရှားရပါသလဲ ။ သိပ်ကောင်းတဲ့ မေးခွန်းပါ ။ အကြောင်းတရားတွေများစွာရှိတဲ့အထဲက အကြောင်းတခု့ ကိုပဲ သာဓက ပြကာ ဖြေပေးပါမယ် ။ ခင်ဗျာစိတ်ထဲရှိသလို ဖြေကြည့်ပါ ဟု့ စာရေးသူက သတင်းထောက်အား ပြန်လှန်မေးခွန်းထုတ်လိုက်ပါသည် ။ ခင်ဗျာအိမ်မှာဗျာ ထမင်းချက် အဝတ်လျှော် လုပ်ဖို့  အလုပ်သမားတစ်ဦး လိုအပ်တဲ့အခါ
အလျှော်အဖွတ် အချက်အပြုပ် ကျွမ်းကျင်သူ
အတွေ့ အကြုံရှိသူကို့ ခန့် ထားမလား မကျွမ်းကျင်သူ အတွေ့ အကြုံမရှိသူကို ခန့် ထားမလား ။ ဘယ်လိုမေးလိုက်တာလဲအစ်ကို
အတွေ့အကြုံရှိသူ ကျွမ်းကျင်သူကို ခန့် ထားမှာပေါ့ ။ ကောင်းပါပြီ  ဘာမဟုတ်တဲ့  အိမ်အကူ အလုပ်သမားတစ်ယောက်ကိုတောင် အတွေ့အကြုံရှိသူ လုပ်ငန်းကျွမ်းကျင်သူကိုမှ ရွေးချယ်ခန့် ထားမယ်ဆိုလျှင် တိုင်းပြည်အုပ်ချုပ်ဖို့  အစိုးရတရပ်ကို ရွေးချယ်တဲ့အခါ အတွေ့အကြုံရှိသူ လုပ်ငန်း
ကျွမ်းကျင်သူကို ရွေးမလား အတွေ့အကြုံမရှိသူ
လုပ်ငန်းမကျွမ်းကျင်သူကို ရွေးမလား ခင်ဗျာ
စိတ်ထဲရှိသလို ဖြေကြည့်ပါဦး လို့ စာရေးသူက
မေးလိုက်သောအခါ အတန်ငယ် စဉ်းစားပြီးမှ
ဤသို့ ပြန်ဖြေခဲ့ပါသည် ။ အတွေ့အကြုံရှိသူ
လုပ်ငန်းကျွမ်းကျင်သူကိုသာ ရွေးချယ်မှာပါ ။ ဒီလိုပါပဲ သတင်းထောက်ကြီးခင်ဗျာ စာရေးသူကျွန်တော်ဟာ ဒီအချက်ကို ထောက်ရှု့၍ ဒေါ်စုပါတီကို ငြင်းဆိုလိုက်ခြင်း
ဖြစ်ပါသည် ။ ကဲစာဖတ်သူ သင်ရော ဘယ်အသီးကို ရွေးမည်နည်း ။ အနီရောင်ပန်းသီးကို ရွေးမလား အစိမ်းရောင်
မာလကာ သီးကို ရွေးမလား ။ အတွေ့အကြုံရှိသူ လုပ်ငန်းကျွမ်းကျင်သူကို
ရွေးမလား အတွေ့ အကြုံမရှိသူ လုပ်ငန်းမကျွမ်းကျင်သူကို ရွေးမလား ။ သင့်ရဲ့
ရွေးချယ်မှု့ဟာ သင့်အတွက် ရရှိမယ် အကျိုးတရားပါပဲဟု့  ပြောရင်း ကျွန်တော်ရဲ့
ဆောင်းပါကို နိဂုံးချုပ်လိုက်ပါပြီ ။ အရွေးမှန်
အပေးမှန်လို့ ရလဒ်အမှန်နဲ့ အကျိုးမှန်ကို ခံစားရပါစေ။
                                  အစဉ်လေးစားလျှက်

                                            သုည

No comments: