Saturday, October 31, 2015

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၅) --------

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၅)
------------------------------------------------------------------------------
31/10/2015

၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအောင်မြင်မှုများကို ဆက်တိုက်ဝေဖန်မှု တွေ ပေါ်ထွက်လာချိန်မှာ လေးပွင့်ဆိုင်တွေ့ဆုံရေး ဆိုပြီး ခေါင်းစဉ်တစ်ခုကို ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကွက်ရွှေ့ကာ ရုပ်လုံးဖော် တောင်းဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မအောင် မြင်ခြင်းက လေးပွင့်ဆိုင်တွေ့ဆုံပွဲ မလုပ်လို့ဖြစ်တယ်လို့ မအောင်မြင်မှုအပေါ် အစိုးရဆီ လွှဲချဖို့ ကြိုးစားခဲ့ ပါတယ်။ အဲဒီနောက် NLD ပါတီဝင်တွေမှာ လေးပွင့်ဆိုင် အမြန်တွေ့ဆုံရေး ဆန္ဒပြရပြန်ပါတယ်။ သမ္မတနှင့် လွှတ်တော်ဥက္ကဌများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အခါအားလျှော်စွာ တွေ့ဆုံနေကြသူများဖြစ်ရာ ကာချုပ် မင်းအောင်လှိုင်နှင့် တွေ့ဆိုရန် အဓိကထား တောင်းဆိုခြင်း ဖြစ်ပါတယ်။ ကာချုပ်ဘက်က တုန့်ပြန်သံ မကြားရချိန်မှာတော့ စိန်ခေါ်စကားတွေ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောဆိုခဲ့ပါတယ်။ သတ္တိရှိဖို့ လိုအပ်ကြောင်း၊ တွေ့ဆုံရဲရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ကြောက်စရာကောင်းသူများ မဟုတ်ကြောင်း၊ ၎င်းတို့ကို ကြောက်ရန် မလိုကြောင်း စသည်ဖြင့် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုခဲ့ပါတယ်။

၂၀၁၄ခုနှစ် သြဂုတ်လ ၃၁ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အတွက် မဟာအခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ တောင်းဆိုထားတဲ့ ကာချုပ်နဲ့ စားပွဲဝိုင်း တစ်ဝိုင်းတည်းမှာ အတူထိုင်ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။ မန်းဒိတ်မပါလို့ ဘာမှဆွေးနွေး စရာမရှိဘူးလို့ ပြောဆိုပြီး ပြန်ခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးစီပါဝင်တဲ့ ၁၂ ပွင့်ဆိုင်ဆွေးနွေးရေးကို တောင်းဆိုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနှောက် အယှက်ဖြစ်စေတယ်လို့ ဝေဖန်ခဲ့တာကြောင့် တိုင်းရင်းသားတွေ ဒေါသထွက်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ ၄၈ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပပေးခဲ့ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင်ကိုပဲ ထပ်မံတောင်းဆိုခဲ့ပါတယ်။ 

၂၀၁၅ ဧပြီလ ၁၀ ရက်နေ့မှာ သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မျက်နှာချင်းဆိုင်ကာ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်ကထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တာ၊ အခွင့်အရေးကို အသုံးချ နိုင်ခဲ့တာ မရှိခဲ့ပြန်ပါ ဘူး။ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့သူများ၊ ဆန္ဒပြခဲ့သူများမှာ အရူးဖြစ်ခဲ့ရပါတယ်။တစ်ယောက်တည်း ပြောချင်ရာပြောနေတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Debate Skill ကိုလည်း လူထုက သံသယဖြစ်စေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ လေးပွင့်ဆိုင်၊ လေးပွင့်ဆိုင် ဆိုပြီး ဆန္ဒပြတာတွေလည်း ရပ်တန့်သွား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးရေး နိုင်ငံရေးကစားကွက်လည်း ကျရှုံး သွားခဲ့ရပါတယ်။

ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)

===================================================

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၄)

- https://www.facebook.com/thepeoplesvoices/posts/699367616866438

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၃)

- https://www.facebook.com/thepeoplesvoices/posts/698792226923977

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၂)

- https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697833763686490/?type=3

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၁)

- https://www.facebook.com/thepeoplesvoices/photos/a.566348206835047.1073741828.566334866836381/697637420372791/?type=3

No comments: