Wednesday, October 28, 2015

၂၀၁၆ မတ်လ ၉ရက် တနင်္လာနေ့ မနက် ၈ နာရီ ၄၃ မိနစ်၊ ၁၂ စက္ကန့်ကစ ဗမာပြည်ကံကောင်းမယ်…… ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကစပြီး ကုန်ဈေးနှုန်း လေးတွေ ကျသွားမယ် လို့ ဟောထားတဲ့ ဆရာစံဇာဏီဘို၏ ရွေးကောက်ပွဲ အထူးဟောစာတမ်း

၂၀၁၆ မတ်လ ၉ရက် တနင်္လာနေ့ မနက် ၈ နာရီ ၄၃ မိနစ်၊ ၁၂ စက္ကန့်ကစ ဗမာပြည်ကံကောင်းမယ်…… ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကစပြီး ကုန်ဈေးနှုန်း လေးတွေ ကျသွားမယ် လို့ ဟောထားတဲ့ ဆရာစံဇာဏီဘို၏ ရွေးကောက်ပွဲ အထူးဟောစာတမ်း
**********************************************************
ရွေးကောက်ပွဲမှာ ၈ ဂဏန်းက ၂ နေရာ ပါနေတယ်။ ၈ ရက်နေ့ရယ် ၂၀၁၅ ပေါင်းခြင်း ၈ ရယ်၊ ၂၀၁၅ တစ်ခုလုံးကို ကြည့်ရင်လည်း ၂၀၁၅ ရဲ့ အဓိပ္ပာယ်က ၈ ပဲ။ ၈ ရက်နေ့မှာ ရွေးချယ် လုပ်လိုက်တော့ ဒီကတ်ပြားရဲ့ အခြေခံက နှစ်ဆပါနေတယ်။ ဒီအနေအထားက ၈ ရက်နေ့မှ ကျင်းပတဲ့ အခါမှာ ခြင်္သေ့တစ်ကောင်က အမျိုးသမီးကို နှုတ်ပိတ်လိုက်တဲ့ သဘောနဲ့ အမျိုးသား စွမ်းအားတစ်ခု ဘယ်လောက်မြင့်သွားလဲ ဆိုတဲ့ နိမိတ်ကို ပြသနေတာ တွေ့ရတယ်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်မှာ ဖြစ်ပေါ်နေတဲ့ ဂဏန်းတွေက ဖော်ပြနေတဲ့ အကြောင်းအရာတွေ၊ အထွေထွေ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို နက္ခတ်ဗေဒင် ပညာရှင် ဆရာစံဇာဏီဘိုရဲ့ နက္ခတ်ဗေဒင် ပညာနဲ့ တွက်ချက်ပြောဆိုထားတာတွေကို True News မှ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။
ရွေးကောက်ပွဲက ၈ ရက်နေ့ နိုဝင်ဘာမှာ စမယ်။ ၈ ရက်နေ့ နိုဝင်ဘာမှာ စတဲ့အခါကျတော့ ၈ နိုဝင်ဘာဆိုတဲ့ အနေအထားကို ပညာကတ်တစ်ခုနဲ့ ကြည့်မယ်။ အဲကတ်က တားရော့ ကတ်ပြား ၈-၁၁-၂၀၁၅၊ ၈ က ၈၊ ၁၁ က ၁၁၊ ၂၀၁၅ ကိုပေါင်းရင် ၈ ရတယ်။ တစ်ခါ ၁၁ ကိုပေါင်းရင် ၂ ရတယ်။ နံပါတ် ၂ ရယ်၊ ၈ ရယ်၊ ၁၁ ရယ်ဆိုပြီးတော့ ရမယ်။ ရွေးကောက်ပွဲရလဒ်တွေရဲ့ အဖြေက ဗေဒင်အရ ဆိုရင်တော့ ရက်တစ်ခုမှ စလုပ်တဲ့ ကိစ္စက အဲ့ရက်ရဲ့ နောက်ကွယ်မှာ ရှိနိုင်တဲ့ အနာဂတ်ကို ပြမယ်။ ကတ်နံပါတ် ၈ က မိန်းမပျိုပုံ အမျိုးသမီးတစ်ဦးကို ခြင်္သေ့က နှုတ်ပိတ် နေတဲ့ပုံကို တွေ့ရမယ်။ ဒါနံပါတ် ၈ ရက် အနေအထားပဲ။ အဲ့ခြင်္သေ့ရဲ့ ဦးခေါင်းပေါ်မှာလည်း နံပါတ် ၈ ဂဏန်းကို တွေ့ရမယ်။ အဲဒါ ဘာလဲဆိုတော့ သြဇာအရှိန်အဝါ ကြီးမားခြင်းရဲ့ အနှစ်သာရကို ပြတယ် ဆိုတော့ လာမယ့် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ ရွေးကောက်ပွဲမှာ ၈ ဂဏန်းက ၂ နေရာ ပါနေတယ်။ ၈ ရက်နေ့ရယ် ၂၀၁၅ ပေါင်းခြင်း ၈ ရယ်၊ ၂၀၁၅ တစ်ခုလုံးကို ကြည့်ရင်လည်း ၂၀၁၅ ရဲ့ အဓိပ္ပာယ်က ၈ ပဲ။ ၈ ရက်နေ့မှာ ရွေးချယ်လုပ်လိုက်တော့ ဒီကတ်ပြားရဲ့ အခြေခံက နှစ်ဆပါနေတယ်။ ဒီအနေအထား က ၈ ရက်နေ့မှာ ကျင်းပတဲ့အခါမှာ ခြင်္သေ့တစ်ကောင်က အမျိုးသမီးကို နှုတ်ပိတ်လိုက်တဲ့ သဘောနဲ့ အမျိုးသား စွမ်းအားတစ်ခုက ဘယ်လောက်မြင့်သွားလည်းဆိုတဲ့ နိမိတ်ကို ပြသနေတာ တွေ့ရတယ်။ နောက် ၁၁ လပိုင်းရဲ့ ကတ်က တရားသဖြင့်နဲ့ ချိန်ခွင်နဲ့ ဓါးကို တွေ့ရလိမ့်မယ်။
တရားမျှတမှုနဲ့ ပတ်သက်တဲ့ နိမိတ်ကို ကြည့်မယ်ဆို တရားမျှတမှုနဲ့ ပတ်သက်တဲ့ နိမိတ်ပုံကို ကြည့်မယ်ဆိုရင် အဲဒီဓါးနဲ့ ချိန်ခွင်ကို ကိုင်ထားတာကလည်း အမျိုးသားပဲ။ တရားရှင် နတ်ဒေဝီဓါးက ဥပဒေချိန်ခွင်က တရားမျှတမှု အဲ့တော့ တရားဥပဒေ စိုးမိုးမှုနဲ့ ပတ်သက်တာရယ်၊ နောက်ပြီးတော့ တရားမျှတမှုနဲ့ ပတ်သက်တယ်။ ဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေးနဲ့ ခေါင်းပေါ်မှာ သရဖူနဲ့ အချုပ်အခြာအာဏာ ၃ ရပ်ကို ပိုင်ဆိုင်ထားတဲ့ အဲဒါကတော့ အမျိုးသား တစ်ဦးပဲဖြစ်တယ်။ သရဖူက အချုပ်အခြာ အာဏာကို ကိုယ်စားပြုတယ်။ ဥပေဒပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အားလုံးကို ရနေတာ။ ဒီကတ်နံပတ် ၁၁ ကလည်း အမျိုးသား ဆိုတဲ့ပုံကို ပြနေတယ်။ နောက် ၁၁ ကို ပေါင်းလိုက်ရင် လရဲ့ ၁၁ ကို ၂ ဂဏန်းနဲ့ သတ်မှတ်တယ်။ ၂ ဂဏန်းသမားက အမဲနဲ့ အဖြူ နှစ်ခုကြား အဝမှာ အမျိုးသားတစ်ဦး နေတယ်။ အဲမုခ်ဦးရဲ့ နောက်ကွယ်မှာ လှပနေတဲ့ ပန်းခင်းကြီးတစ်ခုရှိတယ်။ တားရော့ ကတ်ပြားတစ်ခု ကိုသာ ရွေးချယ်ပြီး စကားပြောမယ်ဆိုရင်တော့ ၈ ရက် ၁၁ လ ၂၀၁၅ ခုနှစ် တစ်ခုလုံးရဲ့ ရလဒ်အဖြေဟာ အမျိုးသားနဲ့ ပတ်သက်တဲ့ စွမ်းအား၊ ဥပဒေ၊ တရားရေး၊ အုပ်ချုပ်မှု အခွင့်အလမ်း ၃ မျိုးကို ကိုင်တွယ်ထားတဲ့ အမျိုးသားပုံ ဒီကတ် ၃ ခုရဲ့ နိမိတ်အားလုံးက အမျိုးသားချည်းပဲ။ တားရော့ ကတ်ပြားမှာ အမျိုးသားတွေလည်းရှိတယ်။ အမျိုးသမီးတွေလည်းရှိတယ်။ ဘုရင်ရှိတယ်။ အခု ဒီကတ်ပြားတွေရဲ့ အဖြေကတော့ အမျိုးသားတစ်ဦးရဲ့ ပုံကိုပဲ ကိုယ်စားပြုနေတယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အဖြေကတော့ ထူးခြားတဲ့ အမျိုးသားတစ်ဦးက နိုင်ငံ့ခေါင်းဆောင်ဖြစ်မယ်။
နောက်ဒီမှာ သင်္ကြန်စာ ဒီနှစ်ရဲ့ သင်္ကြန်စာရဲ့ အတွင်းထဲမှာ ထင်းရှားပြောထားတာက လာမယ့်နှစ် ၁၃၇၈ ခုနှစ်မှာ တိုင်းပြည်ရဲ့ အနာဂတ်မှာ နေရာတိုင်းမှာ၊ ဌာနတိုင်းမှာ အမျိုးသားတွေက ဦးဆောင်ဦးရွက်ပြုရမယ် ဆိုတဲ့ ဒီသင်္ကြန်စာ အခင်းအကျင်း ဒါ ရှေးခေတ်ကနေ မြန်မာ့ရိုးရာနည်းနဲ့တွက်ပြီး သင်္ကြန်စာကို ထုတ်တာ။ လာမယ့် နှစ်က အမျိုးသားတွေ ဦးဆောင်ရမယ့်နှစ်လို့ သင်္ကြန်စာထဲမှာ အထင်အရှား ရေးထားတာတွေ့ရတယ်။ ဒါတွေက ကျွန်တော်ပြောတာမဟုတ်ဘူး။ တာ့ရော့ကတ်နဲ့ သင်္ကြန်စာက ပြောတာ။
ရွေးကောက်ပွဲအခြေအနေ
၂၀၁၅၊ ၃၀ အောက်တိုဘာကနေ စပြီး ၁၇ ရက်နေ့ နိုဝင်ဘာလအတွင်းမှာ ဗုဒ္ဓဟူးဂြိုလ် တူရာသီမှာ တည်ရှိတယ်။ အဲ့အချိန်မှာ တိုင်းပြည်မှာ အကြမ်းဖက်မှု၊ ဆူပူမှုတွေ ဖြစ်နိုင်တယ်လို့ သတ်မှတ်တယ်။ အဲ့တော့ ဒီဟာက ပြိဿရာသီမှာ ဗုဒ္ဓဟူးဂြိုလ်ရှိရင် ဒီအတိုင်းဟောရမှာ။ အဲ့တော့ ရွေးကောက်ပွဲပြီးတဲ့ ရက်ကစပြီး ၁၇ ရက်ထိ ဒါ မငြိမ်မသက် ကိစ္စလေးတွေ ရှိတယ်။ ၈ ရက်နေ့ နိုဝင်ဘာကနေစပြီး ၁၇ ရက်နေ့ နိုဝင်ဘာအတွင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တာပေါ်မှာ မငြိမ်မသက် ဖြစ်မယ်။ အဲ့တော့ ရွေးကောက်ပွဲရဲ့ အပေါ်မှာ မငြိမ်မသက် ဖြစ်ရင် အာဏာရထားတဲ့ ပါတီ တစ်ခုက အနိုင်ရထားပြီး အားကောင်းပါတယ်ဆိုတဲ့ အတိုက်အခံက ရှုံးတဲ့အခါမှာ တိုင်းပြည် မငြိမ်းချမ်းနိုင်တော့ဘူး။ ဒါ နံပါတ်တစ်ဖြစ်နိုင်ချေ။ နံပါတ် (၂) ကောက်ချက်ချခြင်း ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ အတိုက်အခံ အဖွဲ့အစည်းသည် မဲရှုံးနိမ့်ခြင်းကြောင့် မကျေမနပ်ဖြစ်မယ်။ ရွေးကောက်ပွဲမှာ ဆောင်ရွက်တဲ့ကိစ္စတွေမှာ မသမာမှုကြောင့် မငြိမ်မသက်ဖြစ်ခြင်း။ ဒီ အကြောင်းအရာ (၂) ခုရွေးကောက်ပွဲပြီး နိုဝင်ဘာ ၁၇ ရက်နေ့အထိ ဖြစ်မယ်။ ၉ ရက် အတွင်း ဒီကိစ္စ ရှိကိုရှိမယ်။ မငြိမ်မသက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က သိကြားပြည် ပြဿဒါးနေ့။ အဲ့နေ့က လူ၊ နတ် သာဓုခေါ်ရတဲ့ အဖြစ်အပျက်မျိုး လုံးဝ မဖြစ်နိုင်ဘူး။ အဲ့အချိန်မှာ ဖြစ်တဲ့ အဖြစ်အပျက်ပေါ်မှာ မကျေမနပ် အဖြစ်အပျက်လေးတွေ ဖြစ်နိုင်တယ်။ မကျေမနပ်ဖြစ်မှုတွေက ဆက်တိုက် နေရာအသီးသီးမှာ၊ ဒေသအသီးသီးမှာ ကမ္ဘာ့အနှံ့မှာ နိုဝင်ဘာ ၁၇ ရက်အထိ ပြောကို ပြောနေရမယ်။ ဒါပေမယ့် ထပ်ပြီး ရွေးကောက်ပွဲကို အသစ်ကျင်းပမှာ မဟုတ်ဘူး။ ရတဲ့ ရလဒ်အတိုင်း ဆက်သွားမယ်။
ကောင်းကင်ဂြိုဟ်နက္ခတ် အကြောင်းပြောမယ်။ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ အဂါင်္ဂြိုဟ်နဲ့ သောကြာဂြိုဟ်နှစ်ခုက ကန်ရာသီကို ကူးပြောင်းတယ်။ အဲ့မှာ ရာဟုနဲ့ ပေါင်းမယ်။ ဂြိုဟ် ၃ လုံး ပူးသွားတယ်။ ၈ ရယ်၊ ၆ ရယ်၊ ၃ ရယ် တစ်အုပ်စုထဲ ပေါင်းသွားမယ်။ ၈၊ ၃၊ ၆ တစ်အုပ်စုထဲ ပေါင်းတာက ကမ္ဘာအဝန်း မင်းအချင်းချင်း စစ်ဖြစ်ကြမယ်။ မြေပြင်တလင်းတွေ သွေးချင်းချင်းနီ သွားနိုင်တဲ့ ပြဿနာတွေရှိမယ်။ စစ်တလင်းတွေ ဖြစ်ပေါ်မယ်။ နိုဝင်ဘာ ၄ ရက်ကနေစပြီး လာမယ့် နိုဝင်ဘာ ၃၀ ရက်အထိ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာ ပဋိပက္ခ၊ သွေးထွက်သံယိုတွေ ဖြစ်နိုင်တယ်။ ဒါနိုဝင်ဘာ ၃၀ ထိ ပါသွားမယ်။ အဲ့လိုတွေဖြစ်ပြီး နောက်မှ တစ်ဖြည်းဖြည်းချင်း ငြိမ်သက် လာမယ်။
မြန်မာပြည်ကံကြမ္မာကောင်းမယ့် အချိန်
ရွေးကောက်ပွဲပြီးတဲ့အချိန် ဗမာပြည်ကံကြမ္မာကောင်းတဲ့အချိန်က ဗမာပြည်ကြီး ဘယ်နေ့ ကံစကောင်းမလဲဆိုရင် ၂၀၁၆ မတ်လ ၉ ရက် တနင်္လာနေ့ မနက် ၈ နာရီ ၄၃ မိနစ်၊ ၁၂ စက္ကန့်ကစ ဗမာပြည်ကံကောင်းမယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကစပြီး ကုန်ဈေးနှုန်းလေးတွေ ကျသွားမယ်။ တစ်လအတွင်း ကျမယ်။
မတ်လ ၉ ရက်နေ့မျာ နေအပြည့် ကြတ်မယ်။ အဲ့ဒါကို ဗမာပြည်က မြင်ရမယ့် နေကြီးတစ်ခု ပေါ်လာမယ်။ အဲဒီနေကြတ်တာပြီးသွားတဲ့အချိန်မှာ နေကြီး တစ်ခု ပေါ်လာမယ်။ ဒီလို နေအပြည့်ကြတ်တာကို မြင်ရတဲ့ တိုင်းပြည်တွေက သစ်လွင်သော အနာဂတ်တစ်ခုဖြစ်မယ်။ အဲ့ကနေစပြီး ဗမာပြည်က ကောင်းလိမ့်မယ်။ ကောင်းတဲ့အချိန် ဘယ်သူ့ဦးအောင်မှုနဲ့ ကောင်းလဲဆိုတာ ဗေဒင်က ပြောလိမ့်မယ်။ နေအသစ်ပေါ်တယ် ဆိုတာ နေမင်း၊ နေဆိုတာ ဘာကို ကိုယ်စားပြုလဲ ကေသရာဇာခြင်္သေ့မင်း။ အဲ့တော့ ခြင်္သေ့တို့ရဲ့ ဦးဆောင်မှုနဲ့ ခြင်္သေ့တွေရဲ့ ဌာနီလို့ခေါ် နိုင်တဲ့ ဗမာပြည် ခြင်္သေ့ဌာနီ ဗမာပြည်ရဲ့ အနာဂတ်ကလှပမှာပါ။ နောက် ရှေးတုန်းက စကားလေးတစ်ခုရှိတယ်။ တပေါင်းတန်ခူး အကြောင်းထူးမယ်ဆိုတဲ့ တဘောင်သဖွယ်ဖြစ်တဲ့ စကားရှိတယ်။ လာမယ့်နှစ်ရဲ့ တပေါင်းတန်းခူး အကြောင်းထူးမယ်။ တပေါင်းလဆန်း ၁ ရက်နေ့က မတ်လ ၉ ရက်နေ့မှာ စတာပါ။ နောက်ပြီး သင်္ကြန်စာမှာ တန်ခူးလမှာလည်း တန်ခူးလကျော်ပြီးရင် အမျိုးသားတွေ တိုင်းပြည် ထိပ်ကို ရောက်မယ်။ ဒီမှာ သကြားမင်းကလည်း တစ်ဖက်က ရေချမ်းအိုးပိုက်၊ တစ်ဖက်က သပြေပန်းကိုကိုင်ပြီး ကျွဲစီးလာတယ်။ ဒါအေးချမ်းတဲ့သဘောပဲ။ ဒီအကြောင်းအရာတွေ ချိန်လိုက်မယ်ဆိုရင်တော့ လာမယ့် အနာဂတ်တိုင်းပြည်ရဲ့ ခေါင်းဆောင်သည် ကောင်းတဲ့အနေအထားကို ဖန်တီးသွားမယ်။
ရွေးကောက်ပွဲပြီးတဲ့ ကာလမှာ အကြမ်းဖက်မှုတွေရှိတာက နိုဝင်ဘာ ၃၀ ထိရှိမယ်။ ဒီနေရာမှာ သတိထားရမှာက ကျွန်တော်တို့ အကြိမ်ကြိမ် ပြောတယ်။ ဒီဇင်ဘာ ၂၁ နဲ့ ဇန် နဝါရီ ၂၀ ကြားမှာ တိုင်းပြည်ရဲ့ ကံကြမ္မာအနည်းငယ် အားနည်းချက်ရှိတယ်။ ဒီဇင်ဘာ ၂၁နဲ့ ဇန်နဝါရီ ၂၀ ကြားမှာ ပဋိပက္ခလေးတွေကို သတိထားရဦးမယ်။ အဲ့ပဋိပက္ခကို သတိရှိကိုရှိရမယ်။ အဲထဲမှာမှ ဒီဇင်ဘာ ၂၈ ဇန်နဝါရီ ၂၊ ၃၊၈၊ ၁၅၊ ၁၈ ရက်နေ့တွေမှာ အထူးသတိရှိရမယ်။ အဲ့ပဋိပက္ခတွေ ကျော်လွန်ပြီးရင်တော့ ဇန်နဝါရီ ၂၁ ပြီးရင် ဒီရွေးကောက်ပွဲလွန်ကာလမှာ တော်တော်လေးကို ငြိမ်းချမ်းတဲ့ဘက်ကို လှည့်လာမယ်။ သတိထားရမှာက ဖော်ပြပါရက်အတွင်းမှာ အဓိကရုန်းတွေပဋိပက္ခမဖြစ်အောင် ထိန်းရ မယ်။ အကယ်၍ မထိန်းနိုင်ရင် ပြဿနာလေးတွေ နည်းနည်းဖြစ်နိုင်တယ်။ အဲ့ကြရင် ဒေသအချို့ကို ကွက်ပြီ စစ်အုပ်ချုပ်ရေး ထုတ်တာမျိုး ဖြစ်နိုင်တယ်။ တစ်ခုလုံးကြီး အာဏာသိမ်းတာမျိုးတော့ ဖြစ်မှာ မဟုတ်ဘူး။ အင်္ဂါဂြိုဟ်ကအခုချိန်မှာ ကံရာသီမှာပင် ရှိတဲ့အတွက် အဲ့လောက်ထိတော့ ဖြစ်မသွားဘူး။
တိုင်းပြည်ကို အရှိန်ကြီးမားစွာနဲ့ အုပ်ချုပ်နိုင်စွမ်းရှိတဲ့သူများ၊ ဗမာပြည်အုပ်ချုပ်တဲ့ အနာဂတ် အနေအထားပိုင်းမှာ ဗမာပြည်ဟာတူရာသီ နိုင်ငံတစ်ခုဖြစ်တယ်။ ဗမာပြည်ကို အုပ်ချုပ်တဲ့ သူတွေက ကုမ်ရာသီဖွားတွေ၊ ပြိဿရာသီဖွားတွေ၊ မေထုန်ရာသီဖွားတွေ ဒါတွေက ဗမာပြည်ရဲ့တိုင်းပြည်ကို သြဇာအရှိန်အဝါကြီးမားစွာနဲ့ အုပ်ချုပ်နိုင်စွမ်း ရှိကြတယ်။ တိုင်းပြည်ကိုခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့တဲ့ သူတွေကိုကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ကုမ်ရာသီဖွား၊ အခု အုပ်ချုပ်နေတဲ့သမ္မတ ပြိဿရာသီဖွား ဖြစ်ဖို့များတယ်။ ဦးသန်းရွှေ ဆိုလည်း ကုမ်ရာသီဖွား။ ဒီအုပ်စုပဲ တွေ့ရတယ်။ လာမယ် အနာဂတ်ရဲ့ ဗေဒင်အရ ကျွန်တော်တို့ ဘယ်လိုမှငြင်းမရတဲ့ အကြောင်းပဲ။ ဥပဒေတွေရှိတာမှန်တယ်။
ရွေးကောက်ပွဲအလွန် ကာလတွေမှာတော့ ဘယ်လိုပဲတွက်တွက် တိုင်းပြည်နိုင်ငံကို ဦးဆောင်တဲ့သူက အမျိုးသားဖြစ်မယ်။ ကုမ် ရာသီဖွား၊ ပြိဿရာသီဖွားတို့နဲ့ ပြန်စဉ်းစားရင် ဦးသိန်းစိန်ပဲရှိတာပါ။ နောက်ပြီး ခြင်္သေ့တစ်ကောင်က နှုတ်ပိတ်နိုင်တဲ့သူလည်း ဖြစ်ရမယ်။ ပါတီတစ်ခုရဲ့ အမြင့်ဆုံးနေရာမှာရှိတဲ့သူလည်း ဖြစ်ရမယ်ဆိုတော့ ဒီကောက်ချက်ချစရာ အကြောင်းကတော့ သူပဲရှိရမယ်။
Credit : True News

No comments: