Thursday, October 29, 2015

ဘင်္ဂလီကုလားမျာ ရခိုင်ပြည်မြောက်ပိုင်းကို မူဆလင်ပြည်နယ်တောင်းဆိုမှု

ဘင်္ဂလီကုလားမျာ ရခိုင်ပြည်မြောက်ပိုင်းကို မူဆလင်ပြည်နယ်တောင်းဆိုမှု
****************************************
1940-45 ၀န်းကျင်လောက်က အိန္ဒိယနိုင်ငံရှိ မူဆလင်ကုလားများသည် ဗြိတိသျှအစိုးရထံ အိန္ဒိယအနောက်ဖက်နှင့် အရှေ့ဖက် ဘင်္ဂလားပြည်နယ် ဒေသများကို သီးခြားမူဆလင်နိုင်ငံ ပါကစ္စတန်နိုင်ငံအဖြစ်ထူထောင်ရန်တောင်းဆိုကြသည်။ ထိုတောင်းဆိုမှုသည် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်ရှိ စစ်တကောင်းဘင်္ဂလီမူဆလင်ကုလားများအား လွှမ်းမိုးခဲ့သည်။ ထိုစဉ်က ဘူးသီးတောင်မောင်တောနယ်များသည် 1942 ခုနှစ် ကုလား-ရခိုင်အရေးအခင်းကြောင့် ရခိုင်များ မရှိသလောက် နည်းပါးနေသောအချိန်ဖြစ်ပြီး စစ်တကောင်းဘင်္ဂလီကုလားများစိုးမိုးထားသောကာလဖြစ်သည်။ထိုကြောင့် ထိုဒေသနေမူဆလင်များသည် အသစ်ဖြစ်ပေါ်လာလတ္တံ့သော အရှေ့ပါကစ္စတန်နိုင်ငံနှင့် တစ်နိုင်ငံတည်းဖြစ်အောင် မြန်မာနိုင်ငံမှ ခွဲထွက်ပြီး ပေါင်းစည်းလိုသောဆန္ဒများ ပြင်းပြနေကြသည်။အထူးသဖြင့် ပညာတတ်အသိုင်းအ၀ိုင်းနှင့် ငွေကြေးချမ်းသာသူများက စိတ်အားထက်သန်ကြသည်။ ထိုကြောင့် (1942)ခုနှစ် ကရာချီးမြို့(ယခု ပါကစ္စတန်နိုင်ငံ၏မြို့တော်)တွင် ကျင်းပသော အစ္စလာမ်ညီလာခံတွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်ဟု အဆိုရှိသည်။ ယင်းအကြောင်းကို သုတေသီ ခင်ကြီးဖျော်က ဤသို့မှတ်တမ်းတင်ထားသည်။
(1942)ခုနှစ်တွင် “ဇူမိယတူအူမလာ” အသင်း၏ပုဂ္ဂိုလ်တို့သည် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်မြို့တို့၌ မူဆလင်ဦးရေများသည့်အတွက် ပါကစ္စတန်နယ်အတွင်း ထည့်သွင်းသတ်မှတ်ပေးရန် ဗြိတိသျှအစိုးရထံ အသနားခံရန် ကြိုးစားခဲ့ကြသေးသည်။ ကြိုးပမ်းသူခေါင်းဆောင်များမှာ
(1) ရောဟိန်းကိန်း( B.A)
(2) အုမ္မော်မျာ
(3) အဒူဘောရှော (B.A)
(4) အဒူခါလိတ် (မော်လ၀ီ)
(5) နူရာမောက် (ကုန်သည်)
(6) ဟာဘီအူလာ နှင့် ဇူမိယာတူအူမလာအသင်း၏ အကျိုးတော်ဆောင်များကို ပါကစ္စတန်သို့ စေလွှတ်၍ ပါကစ္စတန်ခေါင်းဆောင်များနှင့် ဆွေးနွေးစေခဲ့သည်။ဤအကြောင်းကို စစ်တကောင်းနယ်ထုတ် “အောပြီက္ကောဝါဇာ” သတင်းစာတွင် တွေ့မြင်ရသည် ဟု မှတ်တမ်းတင်ထားကြောင်းတွေ့ရသည်။
တဖန် (1951) ခုနှစ် ဇူလိုင်လတွင် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာ၌ မူဆလင်ညီလာခံကြီးတစ်ရပ်ကျင်းပကာ မြန်မာအစိုးရအား တောင်းဆိုချက် (၁၄) ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားတောင်းဆိုခဲ့ကြသည်။ ၄င်းတောင်းဆိုချက်အား ဆီလျှော်အောင် ဘာသာပြန်လိုက်သည့်အခါ
(1) ရခိုင်မြောက်ပိုင်းကို အခြားတိုင်းရင်းသားပြည်/တိုင်းများနည်းတူ လွတ်လပ်သော မူဆလင်ပြည်နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရမည်။ ယင်းမူဆလင်ပြည်နယ်၌ ပြည်ထောင်စုအစိုးရ ကွပ်ကဲမှုအောက် တွင် မူဆလင်စစ်တပ်၊ မူဆလင်ရဲတပ်ဖွဲ့၊ မူဆလင်ပြည်နယ်လုံခြုံရေးအဖွဲ့များလည်း ထားရှိပေးရမည်။
(2) ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေးအတွက် အောက်ပါအမှတ်စဉ်(၃)တွင် ဖေါ်ပြထားသော စည်းကမ်းချက်များနှင့် ကိုက်ညီပါက တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ကို ထားရှိနိုင်သည်။
(3) ရခိုင်တိုင်းလက်နက်ကိုင်တပ်ဖွဲ့တွင် အပြန်အလှန်ယုံကြည်စိတ်ချရမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ မူဆလင်တို့၏အနေအထားမှာ မဟာဗျူဟာအရ အရေးပါမှုကိုထောက်ထား၍ မူဆလင်(၅၀%)ပါဝင် ထည့်သွင်းဖွဲ့စည်းရမည်။
(4) စစ်တွေမြို့နှင့် သင်္ဘောဆိပ်ကို ရခိုင်နှင့်မူဆလင် နှစ်ဦးနှစ်ဖက်သက်ဆိုင်သောမြို့အဖြစ် သတ်မှတ် ပေးပြီး ပူးတွဲကြီးကြပ် စီမံအုပ်ချုပ်ခွင့်ပေးရမည်။ စစ်တွေမြို့၏ မြို့တော်ဝန်ကို မူဆလင်လူမျိုး မှ ခန့်ပေးပြီး၊ဒု-မြို့တော်ဝန်ကို မူဆလင်မဟုတ်သူများထဲမှ ခန့်ပေးရမည်။
(5) မြန်မာနိုင်ငံဗဟိုအစိုးတွင်ရခိုင်မြောက်ပိုင်း မူဆလင်ပြည်နယ်အတွက် အခြားပြည်နယ်/တိုင်း ၀န်ကြီးများခန့်ထားသကဲ့သို့ မူဆလင်ရေးရာဝန်ကြီး ခန့်ထားပေးရမည်။
(6) မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုရေးဆွဲရန် အခြားပြည်နယ်/တိုင်းများနည်းတူ တိုင်းပြု/ပြည်ပြု လွှတ်တော်တွင် ရခိုင်မြောက်ပိုင်း မူဆလင်ပြည်နယ်ကိုလည်း ကိုယ်စားလှယ်အညီအမျှ စေလွှတ် ခွင့် ပေးရမည်။ အခြေခံဥပဒေတွင် မူဆလင်တောင်းဆိုချက်များကိုလည်း မလွဲမသွေ ပါဝင်သင့် သော အချက်များကို ထည့်သွင်းပြဌာန်းပေးရမည်။
(7) အထက်လွှတ်တော်တွင် အခြားပြည်နယ်/တိုင်းများနည်းတူ ရခိုင်မြောက်ပိုင်းမူဆလင်ပြည်နယ်မှလည်း ကိုယ်စားလှယ် အညီအမျှပါဝင်စေရမည်။အောက်လွှတ်တော်တွင် လူဦးရေအချိုးကျ ကိုယ်စားလှယ် ပါဝင်ခွင့်ပေးရမည်။
(8) မြန်မာနိုင်ငံတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမျိုးစုအသီးသီးပါဝင်သော လူမျိုးစုကွန်ဂရက်ကြီး တစ်ခုကို တည်ထောင်ပေးရမည်။ ထိုကွန်ဂရက်တွင် လူမျိုးအသီးသီးက ကိုယ်စားလှယ်အညီအမျှ စေလွှတ်ခွင့်ရှိရမည်။
(9) ပြည်ထောင်စုဗဟိုအစိုးရလက်နက်ကိုင် အမြဲ/ယာယီအဖွဲ့၊ရဲအဖွဲ့ နှင့် ဌာနဆိုင်ရာ ဗဟိုဝန်ထမ်းအဖွဲ့ပေါင်းစုံတွင် ရခိုင်မြောက်ပိုင်း မူဆလင်ပြည်နယ်မှ သင့်တင့်မျှတသော အချိုးအလိုက် ခန့်ထားပေးရန် အာမခံချက်ပေးရမည်။
(10) ကုလသမဂ္ဂ၏ လူ့အခွင့်အရေးပြဌာန်းချက်နှင့်အညီ ရခိုင်မြောက်ပိုင်း မူဆလင်ပြည်နယ်မှ မူဆလင်များအား ဘာသာရေးကိစ္စတွင် လုံးဝလွတ်လပ်ခွင့်ပေးရေး၊ အခြားလူမျိုးများနှင့် တန်းတူအခွင့်အရေး ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာမခံချက်ပေးရမည်။
(11) မူဆလင်များ၏ စီးပွားရေးလုပ်ငန်းများ၊ ဈေးဆိုင်များ၊ပစ္စည်းများ၊အဆောက်အဦးများ လုယူခြင်း၊ဖျက်ဆီးခြင်း၊သိမ်းယူခြင်းတို့ အတွက် ပြန်လည်ပေး အပ်ခြင်း၊လျော်ကြေးေ ပးခြင်း များကို အာမခံချက်ပေးရမည်။
(12) မူဆလင်ဥပဒေအရ ဆုံးဖြတ်ပေးရမည့်မှုခင်းများကို ဆုံးဖြတ်နိုင်ရန်အတွက် မူဆလင်ဘာသာရေးဆိုင်ရာဥပဒေပညာရှင်များအဖွဲ့ ဖွဲ့စည်းခွင့်ပေးရမည်။ယင်းတရားရုံးတွင် မူဆလင် တို့၏ ရှိအိုက်တရားတော်နှင့်အညီ လက်ထပ်ရေးကိစ္စ၊အမွေဆက်ခံရေးကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများကို စီရင်ခွင့်အာဏာရှိရမည်။
(13) မြန်မာနိုင်ငံအတွင်းရှိ မူဆလင်တို့မှ ဘဏ္ဍာရေးပစ္စည်းများ၊ဗလီများ၊ဘာသာရေးစာသင်ကျောင်းများ၊သင်္ချုံင်းမြေများ၊သချိုင်းဂူများ၊အထိမ်းအမှတ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ရံပုံငွေများကို စီမံကွပ်ကဲနိုင်ရန်အတွက် အစ္စလာမ်ကောင်စီကို ဥပဒေဖြင့် ဖွဲ့စည်းပေးရမည်။ထိုကောင်စီကို မူဆလင်ကိုယ်စားလှယ်များနှင့် အူလီမာခေ မူဆလင်ခေါင်းဆောင်တို့ဖြင့် ဖွဲ့စည်းပေးရမည်။ မူဆလင်ကောင်စီဆိုင်ရာနည်းဥပဒေများကို တိုင်းပြုပြည်ပြုလွှတ်တော်တွင်ပါဝင်သော မူဆလင်ကိုယ်စားလှယ်များနှင့် ဗဟိုဥပဒေပြုလွှတ်တော်နှင့် ယင်းကိစ္စအတွက်ဖိတ်ခေါ်ထားသော မူဆလင်ညီလာခံတို့က ပူ့းပေါင်းရေးဆွဲရမည်။
(14) (က) မူဆလင်အာရဗီအထက်တန်းကျောင်း၊ကောလိပ်ကျောင်းများ တည်ထောင်ခွင့်ပေးရမည်။ အစ္စလာမ်သမိုင်းနှင့် ယဉ်ကျေးမှုများကို သင်ကြားခွင့်ပေးရမည်။ ထိုပညာရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ သင့်တင့်သော ထောက်ပံ့ကြေးပေးရမည်။
(ခ) အစိုးရကျောင်းများတွင် မူဆလင်ကျောင်းသားများအတွက် အူရဒူစာပေ၊ အာရဗီစာပေနှင့် အစ္စလာမ်ဘာသာရေးသင်ခန်းစာများကို သင်ကြားခွင့်ပေးရမည်။
(ဂ) မူဆလင်တို့၏ ကိုယ်ပိုင်ကျောင်းများတွင် ဘာသာရပ်အားလုံးကို အူရဒူဘာသာဖြင့်သာ သင်ကြားခွင့်ပေးရမည်။ အခြားစာပေများကို အတင်းအကြပ်မသင်စေရ၊ မူဆလင်တို့၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ယုတ်လျော့သေးသိမ်စေမှုများကို မပြုလုပ်ရန် အာမခံချက်ပေးရမည်။ ဟု တောင်းဆိုခဲ့ကြသည်။
မောင်တောမြို့နယ် အလယ်သံကျော်ရွာ ညီလာခံမှ မူဆလင်တို့၏ တောင်းဆိုချက်များကို ခြုံငုံသုံးသပ်ရလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မူဆလင်သီးခြားပြည်နယ် တောင်းသည်သာမက ရခိုင်ပြည်တောင်ပိုင်းကိုလည်း ရခိုင်နှင့် ၅၀% နှုန်းစီ အခွင့်အရေးတန်းတူပေးရမည်ဟု တောင်းဆိုထားကြောင်း တွေ့ရှိနိုင်ပါသည်၊ ထိုအကြံအစဉ်များသည် ယနေ့ ထိ မပျောက်ပျက်သေးဘဲ တစိုက်မတ်မတ် ကြိုးစားနေသော ဘူးသီးတောင်၊မောင်တောနေ ဘင်္ဂလီကုလားများနှင့် ရခိုင်ပြည်မှ ပြည်မဖက်သို့ပြောင်းရွေ့သွားသော ပြည်တွင်းနေအစ္စလာမ် ဘာသာကိုးကွယ်သောလူမျိုးများ၏ ဘုံရည်မှန်းချက် ပန်းတိုင် ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။
သီရိသုဓမ္မ စတီဗင်တင်အောင်
ကျမ်းကိုး
ဘူးသီးတောင်မြို့ ဖြစ်စဉ်သမိုင်း
မောင်တောမြို့ ဖြစ်စဉ်သမိုင်းမှ ကောက်နှုတ်ချက်များ
သီရိသုဓမ္မ စတီဗင်တင်အောင်

No comments: