Thursday, October 29, 2015

ဒေါ်စု မပြောခဲ့သော စကားနှစ်ခွန်း

ဒေါ်စု မပြောခဲ့သော စကားနှစ်ခွန်း
=======================
ဒေါ်စု မပြောခဲ့သော ပထမစကားတစ်ခွန်းမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ရှောက်ကြပါ ဟူသည့် စကားဖြစ်ပါသည်။
ဒေါ်စုကို အနောက်က သင်ပေးလိုက်သည့် လစ်ဘရယ် အယူအဆက ဒေါ်စုနှုတ်ကို ပိတ်ထား၍ ဖြစ်နိုင်ပါသည်။ နောက်တစ်ကြောင်းမှာ ဒေါ်စုကိုယ်တိုင်၏ ဘဝအနာအဆာ များက ထိုစကားကိုပြောရန် လိပ်ပြာမလုံခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့အတွက် စာနာ နားလည်ပေးနိုင်ကြမည် ဖြစ်ပါသည်။ သို့သော် ဒုတိယစကား တစ်ခွန်းကိုဖြင့် ပြောစေ ချင်ပြန်ပါသည်။
ဒေါ်စု မပြောခဲ့သည့် ဒုတိယစကားတစ်ခွန်းမှာ မျိုးချစ်စိတ်ဓါတ်မွေးမြူကြပါ ဟူသော စကား ဖြစ်ပါသည်။
တစ်ခါတစ်ခါတော့ ဒေါ်စု တစိမ်းဆန်ပါသည်။ ဥပမာ မြန်မာဟု မြန်မာတို့က ခေါ်စေချင် သည်။ ဒေါ်စုက အနောက်ဘက် လေသံ၏ ဗမာဟူသော စကားကို ဒေါ်စု နှစ်သက်လွန်း ပါသည်။ အမေရိကန် သမ္မတ မြန်မာနိုင်ငံကိုလာ၍ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောစဉ် မင်္ဂလာပါ မြန်မာ ဟု နှုတ်ဆက်သံကြားလိုက်သောအခါက ဒေါ်စုကို သတိရလိုက်မိသည်။ ထိုမြန်မာ၊ ဗမာ အယူအဆကွဲအတွက် ဒေါ်စုကို ဝေဖန် ရေးသား ထားသော ဆောင်းပါးတစ်ပုဒ်ကိုလည်း သတိရမိသည်။
ထိုဆောင်းပါးကို ဖောက်သည် ချပါဦးမည်။
နိုင်ငံတကာ သတင်းဌာနများအနေဖြင့် ဘားမားဟု ဆက်လက် ခေါ်ဝေါ် သုံးစွဲနေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာဟု ခေါ်ဆိုရန် ငြင်းဆန်လျက်ရှိပြီး ယခင် အသုံးအနှုံး ဖြစ်သည့် ဘားမား ဆိုသည့် အသုံးအနှုံးကိုသာ ဆက်လက် အသုံးပြုနေသောကြောင့် သူမနှင့် သူမ၏ လှုပ်ရှားမှုများအပေါ် ဘက်လိုက်ပြီး အာရုံစူးစိုက်လွန်းသည်။ နိုင်ငံတကာ သတင်းဌာနများက သူမလုပ်သည့်အတိုင်း လိုက်လုပ်နေသလောဟု စဉ်းစားစရာ ဖြစ်လာပါသည်။
သာမာန် မြန်မာနိုင်ငံသားများအား ဆန်းစစ်လေ့လာလိုက်သောအခါ ပြည်သူအားလုံး နီးပါး က ဗြိတိသျှတို့ ပေးခဲ့သော ဘားမားဟူသည့် အခေါ်အဝေါ်အစား ထုံးတမ်းစဉ်လာ အမည်ဖြစ်သော မြန်မာဟု ခေါ်ဝေါ်ခြင်းကို ပိုမိုနှစ်သက်သကဲ့သို့ ဂုဏ်ယူလျက်ရှိသည်ကို တွေ့ရှိနိုင်သဖြင့် ၎င်းတို့ အပြုအမူများသည် ပို၍ ဆန်းကြယ်သည်ဟု ဆိုနိုင်ပါသည်။ သူမအရွယ်ရောက်သော အချိန် အများစု ၂၈ နှစ်လုံးလုံး နိုင်ငံခြားတွင် နေထိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ထဲရင်ထဲတွင် သူမသည် ပြည်ထောင်စုမြန်မာနိုင်ငံသား စစ်စစ်ဖြစ်သည်ဟု နှလုံးမသွင်းထားသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူမအနေနှင့် ဤသို့ မြန်မာတစ်ဦးထက် ဗမာလူမျိုးတစ်ဦးဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဤသို့ ဖြစ်ရိုးမှန်လျှင် သူမအနေနှင့် ဒေသအများအပြား၊ တိုင်းရင်းသားလူမျိုး အများအပြား နှင့် ဖွဲ့စည်းတည်ထောင်ထားသောမြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဟု မည်သို့ ပြောဆိုနိုင်ပါ မည်နည်း။ မြန်မာနိုင်ငကို ဘားမား ဟု ခေါ်ဝေါ် အသုံးပြုနေခြင်းကြောင့် နိုင်ငံ တစ်ခုလုံးနှင့် ပတ်သက်၍ သူမ ထားရှိသည့် အစီအမံသဘောထားအပေါ် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်သည့် သွေးချင်း၊ သားချင်းများက သံသယရှိစရာ ဖြစ်လာပါသည်။
ဤသို့မှမဟုတ် ယခင် ဗိုလ်ချုပ်မှူးကြီးစောမောင် အစိုးရလက်ထက် (၁၉၈၈-၁၉၉၂) နိုင်ငံကို မြန်မာဟု ပြန်လည်ခေါ်ဆိုခဲ့သဖြင့် သူမနေနှင့် ကလေးဆန်သော စိတ်ဓါတ်ဖြင့် လက်ရှိ အစိုးရကို လက်မခံလို၍လည်း ထိုကဲ့သို့ ဆက်လက် ခေါ်ဝေါ်ပြောဆိုနေခြင်းမျိုး ဖြစ်နိုင်ပါသည်။
သူမတွင် ဤသို့ စိတ်ထားမျိုးရှိခြင်းသည် တိုင်းရင်းသားလူမျိုးများအကြား တရားမျှတမှု စိတ်ဓါတ်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး စိတ်ဓါတ်တို့ကို မည်သို့မျှ အထောက်အကူ ပြုနိုင်မည်မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အနောက်အုပ်စု မီဒီယာ များက ဒေါ်စုကို ကွင်းကွင်းကွက်ကွက် အာရုံစိုက်လာစေရန် မြန်မာပြည်၏ မင်ဒဲလားဟု တင်စားခဲ့ကြသေးသည်။ မည်သို့ပင် တင်စားစေကာမူ မြန်မာပြည်သား အပေါင်းတို့၏ ရှင်းလင်းပြတ်သားသော အမြင်မှာ မင်ဒဲလားက လူဖြူများ၏ ဖိနှိပ်မှုက လွတ်မြောက် အောင် လုပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ကို လူဖြူများ လက်အောက် သို့ သွတ်သွင်းနေသူဖြစ်သည်ဟု အခိုင်အမာ နားလည်ခဲ့ကြပေသည်။

အမတ်ဒိန်- ဒေါ်စု၏ ဖြေမရသော ဆက်ထုံးများမှ
ပြည်သူ့အာဏာ

No comments: