Sunday, October 25, 2015

" ထို့ ကြောင့် - ဤကြောင့် " " ထို့ ကြောင့် - ဤကြောင့် "

"  ထို့ ကြောင့် - ဤကြောင့် "

ကမ္ဘာကျော်မဟုတ်  လူတော်မဟုတ်ပေမဲ့
သူအတော်လုပ်ခဲ့ပါသည် ။
ပြည်သူသာအမိ  ပြည်သူသာအဖ
ပြည်သူသာအဓိက  ပြည်သူကိုဦးထိပ်တင်
ပြည်သူကိုသခင်မှတ် သူကတော့ကျွန်လိုလုပ်
ပြည်သူကျွေးတဲ့ ထမင်းတလုပ်နဲ့
ရှိသမျှအစွမ်းကိုထုတ်  အငုတ်ဖြစ်နေတဲ့ပြည်ကို အခက်အလက်
အရွက်အပွင့် အသီးတွေဝေစာဖို့ 
ကျရာနေရာကနေ ဘဝတစ်လျှောက်လုံး
ပေးစပ်ခဲ့သူ တွေးမနေတတ်တဲ့သူ
ငေးမနေတတ်တဲ့သူ ဘယ်အရေးဖြစ်ဖြစ်
ဝေးဝေးမနေတတ်ခဲ့သူ ဘေးတွေ့လျှင်
ပြေးတွေ့ ကာ ပြည်တွက်အသက်ပေးရဲသူ
ထို့ ကြောင့် - ဤကြောင့်
ဘယ်သူတွေတားတား ဘာတွေပြောပြော
ကျွန်တော်ရဲ့အသဲခြားက မဲတပြားကို
သူကိုသာပေးဖို့  ရဲရဲဝံ့ဝံ့ ခိုင်ခိုင်မာမာ
ဆုံးဖြတ်လိုက်ပါပြီ ---------------
ဒါဟာ သူရဲ့အမျိုးချစ်တဲ့  မျိုးချစ်စိတ်ကြောင့်ပါပဲ ။
                                                     သုည

No comments: