Monday, October 26, 2015

ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ရောင်လွှမ်းနေပါတယ်...

ကျနော်တို့ ကချင်ပြည်နယ်မှာ စစ်ရောင်လွှမ်းနေပါတယ်...
စစ်ရေး စစ်ရိပ်တွေလွှမ်းခြုံနေပြီး စစ်မုန်တိုင်းက တောင်ပိုင်းမုတ်သုံလေနှင့် (အညာကတက်လာသော စစ်အစိုးရလက်ကိုင်တုတ်တပ်များ) အတူပါလာပြီး စစ်မိုးများနေရာကွက်ကြား ရွာသွန်းနေကာ ပြည်သူအများ စိုးရိမ်ထိတ်လန့် 
လျက်ရှိနေပါတယ်။

ထိုကဲ့သို့ မြောက်ပိုင်းဌာနေမှာ သောကလှိုင်းတွေထနေချိန် အလယ်ပိုင်းဗိသနိုးနှင့်ဝန်းကျင်တွင်မတော့ပဉ္စမမြောက်မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်မည့်
မင်းအုပ်စိုးရွေးချယ်ရန်အလို့ ငှာ လှုပ်ရှားထွေပြားနေကြလျက်ရှိသည်။

ထိုကဲ့သို့  ပြင်းထန်စွာဖြစ်ပေါ်လျက်ရှိသည့် အခြေနစ်ခုအကြား ဂန္ဓာလရာဇ်
မြောက်ပိုင်းတိုင်းသားအချို့ က လက်ထဲတွင်ဘာမျှ အာဏာမရှိသေးသော်
လည်း မျှော်လင့်ချက်ပေးခံနေရသည့် အမျိုးသမီးတဦးအပေါ် သံသယ
အထွေထွေနင့်အတူ အားမလိုအမရ အပြည့်အ၀ယုံကြည့်မှု မရဖြစ်ပေါ်သလို ပဟေကဍ္ဍိများလည်းထုတ်မေးနေကြသည်ကား 'အဖွားကြီးက နုတ်ဆိတ်လှပါလား။ ဘာမှမပြောပါလား"ဟူသတတ်။

ထိုကဲ့သို့ ဂန္ဓာလရာဇ်တိုင်းသားများစောဒကပွားချိန်တွင် ယင်းတို့၏ ယုံကြည့်အားထားလေးစားရသည့် ခေါင်းဆောင်ကြီးက ဤကဲ့သို့ အမြော်အမြင်ကြီးကြီးနင့် လိမ္မာပါးနပ်စွာ မှတ်ချက်ချလိုက်သည်မှာ အထင်ကရရှိလှပေသည်။
ခေါင်းဆောင်ကြီးက
"ကချင်ပြည်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ ပက်သက်လို့  ဒေါ်အောင်ဆန်းစုကြည်က အခရာမကျသလိုအဖြေလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီစစ်ပွဲတွေရပ်စဲသွားအောင်လို့ တော့ သူမှာလုပ်နိုင်စွမ်းတခုခုရှိတယ်လို့ တော့ယုံကြည့်ပါ
တယ်" တဲ့။

ဘီဘီစီလေးလေးဖေသန်းစကားနဲ့ဒုတိယအကြိမ်ငှားပြောရရင်...စဉ်းစားဖို့နဲ့ ဝေဖန်သုံးသပ်ဖို့ ပါပဲ။

ဓာတ်ပုံ..(ဂူဂယ်လ်).ကေအိုင်အေ ဒုစစ်ဦးစီချုပ် ဗိုလ်ချုပ်ဂွမ်မော်

No comments: