ယောက်ျားလေးများအတွက် အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ
Monday, October 26, 2015
၁။ စီးပွားရေးကို အလေးထားပါ
တချို့လူတွေက ပြောကြတယ် ပိုက်ဆံရှိတိုင်း အကုန်လုပ်လို့ မရနိုင်ဘူးတဲ့၊ ဒါပေမဲ့ ပိုက်ဆံ မရှိရင်ရော ဘဝဟာ ကျေနပ်စရာတွေနဲ့ ပြည့်စုံပါ့မလား.... ။ ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့ အားအင် အများစုကို သင့်ဘဝရဲ့ အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘဝတိုးတက်ဖို့အတွက် ကြံဆနေပါ။
၂။ ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့
အလုပ်မှာ လစာနည်းတယ်ဆိုပြီး စောဒက မတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလားဆိုပြီး သောက ရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေ ပါနဲ့....ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် လေ့လာ သင်ယူ ပါ.... သင့်မှာ တကယ်လို့ ဘွဲ့ဒီဂရီ တခု ရှိထားတယ်ဆိုရင် သင်သိထားတဲ့ သဘောတရား သီအိုရီ တွေကို လက်တွေ့ဘဝမှာ အသုံးချဖို့ ကြိုးစားပါ။
ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ.... အလုပ်ဟာ တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ သင်လေ့လာခဲ့တာထက် ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့ ဆက်တိုက်သင် ယူနေပါ.... ပိုက်ဆံမျက်နှာ တခုထဲကို မကြည့်နေပါနဲ့။ အသက် ၃၀ မတိုင်ခင် ကိုယ်ပိုင် တိုက်တွေ ကားတွေ ဝယ်နိုင်တဲ့သူဆိုတာ ရှားပါတယ်။
၃။ မိဘတွေကို စာနာ နားလည်ဖို့ ကြိုးစားပါ။
မိဘတွေဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့.... သူတို့ကို စာနာနားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့ မျက်လုံးထဲမှာ သင်ဟာ ကလေးပါပဲ... သူတို့ကို ပျော်ရွင်အောင်ထားပါ။ မတတ်နိုင်ရင်တောင် အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေး တွေ ပေးတာတွေက သူတို့ကို စိတ်ချမ်းသာစေပါတယ် ၊ သူတို့ စိတ်ပျော်ရွှင်ရင် သင့်မှာလဲ ကောင်းတာတွေ ရရှိလာပါလိမ့်မယ်။
၎။ မိတ်ဆွေကောင်းတွေကို ပေါင်းသင်း ဆက်ဆံပါ
မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘဝမှာ အရေးပါပါတယ်....ကိုယ်ကောင်းတဲ့ အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေ ချည်းနဲ့ပဲ သင့်အချိန်ကို မကုန်ပါစေနဲ့.... အနည်းဆုံးတော့ ကိုယ်အခက်အခဲ ရှိတဲ့အ ချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ် ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို ကောင်းကောင်း ဆက်ဆံပါ.... သူတို့တွေ ဆင်းရဲသည်ဖြစ်စေ...ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊
၅။ အချစ်ကို မကိုးကွယ်ပါနဲ့
အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်ဆိုတာ ကောင်းပါ တယ်... လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့ သူတွေပြောစကားကို နားမယောင်ပါနဲ့ .... တကယ် က တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကို နားလည်ဖို့ ခက်ပါတယ် ... သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ ....လက်တွဲ ဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက် ၃၀ မတိုင်ခင် အချစ်ဟာ အတုအယောင်တော့ မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ ကောင်းကောင်း မွန်မွန် မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေ့ ချို့တဲ့နေပါတယ်၊ အရင်ဆုံးလေ့လာ သင်ယူသင့်ပါ တယ် ... မျက်စိမှိတ်ပီး မယုံသင့်ပါဘူး၊
၆။ အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့
အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ ပါပါတယ် ။ လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစား မရှိတော့ဘူးဆိုရင် တဘဝလုံးပဲ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရချည် ဆိုပြီး ကြောက်လန့် နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက် မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀ အရွယ် ယောက်ျားတယောက်ဟာ တက်သစ်စပန်း တပွင့်နဲ့ တူပါတယ်၊ ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်... ရင့်ကျက်တဲ့ ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည် တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက် ရူးရူးမူးမူး ကြိုးစားနေမဲ့အစား အသက် ၃၀ မတိုင်ခင်မှာ တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။
၇။ အကုန်လုံးကို မလုပ်ချင်ပါနဲ့
သင့်မှာ အွန်လိုင်း ဂိမ်း ကစားတာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ ...ဓာတ်ပုံရိုက်တာ စသဖြင့် ဝါသနာတွေ ရှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်းမပြီးခင် အချိန်အထိတော့ အချိန်ပေး လုပ်ခဲ့ နိုင်ပါတယ် .... ဒါပေမဲ့ ကျောင်းပြီးလို့ အခုလို အလုပ်ထဲ ဝင်တဲ့အချိန်မှာတော့ အဲလိုဝါသနာတွေအ တွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှုတွေ လုပ်ဖို့ မတတ်နိုင်တော့ပါဘူး... စိတ်ဝင်စားမှု ၀ါသနာ ဆိုတာ လူတိုင်းမှာ ရှိပါတယ်.... ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ ...အကုန် လုံးကို လုပ်ဖို့ မလွယ်ပါဘူး...။
၈။ လူငယ်ဆိုတာ မဆုံးရှုံးပါဘူး
ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင် စိတ်ပျက်အားငယ် သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ အကောင်းမြင် သဘောထားရှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစက ပြန်စ ပါ...မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ...အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံး မပေးပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. အမှားတခုဖြစ်ပြီးရင် ကိုယ့်ကိုယ်ကို အတိတ်မှာပဲ အဆုံးမသတ်လိုက်ပါနဲ့... ထပ်ကြိုးစားလို့ အောင်မြင်ရင် အတိုင်းမသိ ဝမ်းသာဖို့ ကောင်းပါတယ်....။
၉။ လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့ တွေ့တဲ့သူတွေကို မေတ္တာထား ဆက်ဆံပါ
လူတွေမှာ အားကျစရာ လူတွေရှိပါတယ်... ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ...သူတို့ကို အတုခိုးပြီး လိုက်လုပ်တာ ပင်ပန်းပါတယ်...ဘာလို့လဲဆိုတော့ သင်ဟာ သင်ပါပဲ .... ကိုယ်မကြိုက်တဲ့ လူနဲ့ တွေ့ရင်လဲ မဝေဖန်ပါနဲ့ လူတွေမှာ သူတန်ဖိုးနဲ့သူ ရှိကြပါတယ်... သူတို့ကို နားမလည်နိုင်ဘူးဆို ရင် လက်ခံနိုင်ဖို့ အားထုတ်ပါ၊
၁၀။ တာဝန်ယူစိတ် ရှိပါစေ
အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ လုပ်ခဲလုပ်ခဲ့ အခုအချိန်ကစပြီး မှန်ကန် ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ.... ယောက်ျားလေးတွေဟာ အလုပ်မှာပဲဖြစ်ဖြစ် ဘဝမှာပဲ ဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့ စိတ်ရှိဖို့ လိုပါတယ်.... ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့...နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့နေရာမှာတောင် မိန်းကလေးတွေဟာ တာဝန်ယူရဲတဲ့ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ် မဟုတ်လား။
၁၁။ ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး
ရုပ်ရည် ချောမောမှုကို ဦးစားမပေးပါနဲ့။ ကြင်နာတဲ့ နှလုံးသား၊ သန့်ရှင်းတဲ့စိတ်.. ရိုးသားတဲ့ ဂုဏ်အင်တွေက ပိုပြီး အရေးပါပါတယ်..လူတွေက ရုပ်ချောတဲ့လူထက် မညစ်ပတ်တဲ့သူကို ပိုသ ဘောကျပါတယ်။ တကယ်လို့ ရုပ်ချောတာမှ ကြိုက်တယ်ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထား ပါနဲ့...ဒီလိုလူမျိုးတွေက အမြင် ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ။
၁၂။ ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ
ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက်နောက်ကျမှ အိပ်တာတွေက အခုအချိန် မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့ မကြိုးစားပါနဲ့... အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော် လာတဲ့အခါမှာ သိသာ ကွာခြားသွားပါတယ် .... ဘဝမှာ ရှင်သန်ဖို့အတွက် ကျန်းမာဖို့ လိုပါတယ်... မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် ပုံမှန်ကျန်းမာဖို့ ကြိုးစားပါ.... ကိုယ့်ကိုယ်ကို ကာကွယ် ပါ။
၁၃။ မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့
အခုအချိန်အထိ သင်ဟာ အောင်မြင်တဲ့သူတယောက် မဖြစ်သေးဘူးဆိုပြီး စိုးရိမ်မနေပါနဲ့ .... အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ...သင်နဲ့ အသင့်တော်ဆုံး အလုပ်ကို လုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို လှမ်းယူပါ...။
၁၄။ အလုပ်ကို ဂရုတစိုက် လုပ်ပါ
အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲ ကောင်းကောင်း...ဘယ်လောက်ပဲ နိမ့်တဲ့အ လုပ်ဖြစ်ပါစေ...အစွမ်းကုန် အားထုတ်လုပ်ဆောင်ပါ.... အောင်မြင်တဲ့ လူဆိုတာ အသေးအဖွဲ အလုပ် တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲ့စိတ်ထားနဲ့ အလုပ် သဘောတရားလေးတွေကို နားလည်ဖို့ကသာ အနာဂတ်အတွက် အရေးကြီးပါတယ်။
၁၅။ စစ်မှန်တဲ့ ခံစားမှုတွေကိုပဲ အလေးပေးပါ
မိန်းကလေးတွေကို ဖိနပ်လဲ စီးပေးနိုင်တဲ့၊ အဝတ်အစား လှလှလေးတွေ ဝယ်ပေးနိုင်တဲ့ သူတွေကို မနာလို မဖြစ်ပါနဲ့ ... သင့်အတွက် အချိန်ကုန်ပါတယ်... မိန်းကလေးတွေ အစိုးရိမ်ဆုံးက ချစ်သူရှာမတွေမှာ မဟုတ်ဘူး....ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကိုပဲ။ ချစ်တယ် ဆိုတဲ့ စကားလုံးလေး တလုံးကသာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ် ရရှိစေပါတယ်. ။ လောကမှာ တခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်...
၁၆။ အပြစ်ကင်းတဲ့ ကလေးလိုစိတ်မျိုး နည်းနည်းတော့ ထားပါ
တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို ထားတတ်ဖို့ လိုပါတယ်။ အပြစ်ကင်းတာ တုံးအတာ မဟုတ်ပါဘူး။ ဖြူစင်တာပါ။ စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ။ ဘဝမှာ အောင်မြင်တာ ကျရှုံးတာ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကို ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ ကြိုးစားကြည့်ပါ။
မဇ္ဈိမ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment