Wednesday, October 28, 2015

ကျောက်စိမ်း အရှုပ်တော်ပုံ

ကျောက်စိမ်း အရှုပ်တော်ပုံ

Global Witness ရဲ့ မြန်မာ့ သယံဇာတ ကျောက်စိမ်း အရှုပ်တော်ပုံ အစီရင်ခံစာကြီး က လက်ရှိ အစိုးရကို ရွေးကောက်ပွဲ မတိုင်မီ အကြီးအကျယ် ထိုးနှက်သလို ဖြစ်ခဲ့ရပေမယ့် ဒီကိစ္စကို ခုချိန်ထိ ဖြေရှင်းချက် မပေးသေးပဲ ငြိမ်နေကြပါတယ်၊

သူတို့ကသာ တုံတီဘာဝေ ရူးချင်ယောင်ဆောင်နေပေမယ့် တကယ်တမ်း အစီရင်ခံစာထဲမှာ ပါလာတဲ့ နှီးနွယ်နေတဲ့ ပြည်တွင်း ပြည်ပ ကုမဏ္ကီများ အတော်ကို ဂယက်ရိုက်နေပါတယ် ကျည်ကွယ်မျက်ကွယ်တွေ ယူကုန်ကြပါတယ်။

ဖေါ်ကောင် ဘညွန့် လုပ်ခဲ့တဲ့ လူတွေကတော့ တေဇ နဲ့ ဦးဇော်ဇော်တို့ နှစ်ဦး ဖြစ်ပါတယ်။ အမေရိကန် ရဲ့ နံမည်ပျက်စာရင်းကနေ လွတ်ချင်နေကြတဲ့ အတွက် Global Witness နဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ကျောက်စိမ်းလုပ်ငန်းဟာ စစ်အစိုးရဲ့ အဓိက အသက်ဆက်ရာ ဖြစ်နေတဲံ့အပြင် ကချင် နဲ့ စစ်ပွဲများ ဖြစ်ရာ အခြေခံ အကြောင်းရင်း ဖြစ်လာတဲ့အတွက် အမေရိကန်ရဲ့ မြန်မာအပေါ် ထားတဲ့ နိုင်ငံခြားရေး မူဝါဒမှာ အဓိက မှတ်ကျောက်တင်စရာ ဖြစ်လာပါတယ်။

အမေရိကန် သန်းပေါင်း ၃၁ ဘီလီယံကို ဘယ်လို ရခဲ့လည်းဆိုတာ Global Witness က အခုလို ရှင်းပြပါတယ်၊ ၂၀၁၄ အတွက် တရုတ်ပြည်က တရားဝင် ထုတ်ပြန်တဲ့ ကျောက်စိမ်း ၀ယ်ယူတင်သွင်းမှု ပမာဏ နဲ့ မြန်မာအစိုးရ ထုတ်ပြန်တဲ့ ကျောက်စိမ်း ထွက်ရှိမှု ပမာဏကို ပေါင်းပြီး တစ်ကီလို ပျှမ်းမျှ ပေါက်ဈေး နဲ့ မြှောက်လို့ရတဲ့ ပမာဏ ဖြစ်ပါတယ်၊ ဒါတောင်မှ တရားဝင် ထုတ်လုပ်ရရှိတဲ့ စာရင်း ပမာဏရဲ့ သုံးပုံတပုံပဲ ယူ တွက်ချက်ခဲ့တာ ဆိုပါတယ်။

ဒါကို ကြည့်ရင် ကချင် တိုင်းရင်းသား လက်နက်ကိုင်တွေ တရားမ၀င် အရောင်းအ၀ယ် လုပ်တာ မပါသေးဘူးဆိုတာ ထင်ရှားပါတယ်၊ ပါနေတဲ့ အဓိက ကျတဲ့ လူတွေ နဲ့ ကုမဏ္ကီတွေကတော့ အောက်ပါအတိုင်း အတိအကျ စာရင်းနဲ့ တင်ပြထားပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစု
ဦးသန်းရွှေရဲ့ သား နှစ်ယောက် ဖြစ်တဲ့ ကြိုင်စန်းရွှေ နဲ့ ထွန်းနိုင်ရွှေ တို့ ပိုင်ဆိုင်တဲ့ Kyaing International နဲ့ Myanmar Naing Group  တို့က ကျောက်စိမ်းတွင်း ၆ တွင်း အတွက် တူုးဖေါ်ခွင့်လိုင်စင်တွေကို လုပ်ထုံးလုပ်နည်းတွေ အတိုင်း လုပ်စရာ မလိုပဲ ချပေးလိုက်ရတယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန အထက်တန်း အရာရှိတဦးက ပြောပြခဲ့ပါတယ်။

တတိယ ကုမဏ္ကီ ဖြစ်တဲ့ “ကြွယ်ဝဆုံး’ ကိုတော့ ခုန ကုမဏ္ကီ ၂ ခုရဲ့ ဒါရိုက်တာ ဦးဝင်းတင် အမည်နဲ့ မှတ်ပုံတင်ထားခဲ့ပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ ရတနာပြပွဲတွေမှာ ကြိုင် နဲ့ နိုင် ကုမဏ္ကီတွေက ဒေါ်လာ သန်း ၇၀ ကျော်ဘိုး ရောင်းချနိုင်ခဲ့ပြီး ကြွယ်ဝဆုန်း ကတော့ သန်း ၂၂၀ ရရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဦးသန်းရွှေ မိသားစု ပိုင်တဲ့ ကျောက်တွင်းတွေမှာ အဓိကလုပ်ကိုင်နေတာက တရုတ် နိုင်ငံသားတွေ ဖြစ်ပြီး ၀ စစ်တပ်ရဲ့ ကုမဏ္ကီတွေနဲ့ ပူးတွဲ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

နယ်လှယ်ပါးရိုက် ၀န်ကြီး ဦးအုန်းမြင့်

မြောက်ပိုင်းတိုင်း တိုင်းမှုးဘ၀ထဲက ဒေသတွင်းက ထွက်ရှိတဲ့ ကျောက်တွေကို သိမ်းယဲူခြင်း၊ လာဒ်ယူခြင်းတွေအပြင် နောက်ပိုင်းမှာ မိသားစုပိုင် Myanmar Win gate ကျောက်ရောင်းဝယ်ရေး ကုမဏ္ကီကို ဖွင့်လှစ် လုပ်ကိုင်ခဲ့ပါတယ်။ သား နဲ့ ချွေးမ နာမည်နဲ့ မှတ်ပုံတင်ခဲ့ပြီး ဖားကန့်မှာ ကျောက်တွင်း ၂ တွင်း ပိုင်ဆိုင်ပါတယ်။

ဦးမောင်မောင်သိမ်း

ဖြုတ်ချခံရတဲ့ ကြံဖွံ့ရဲ့ ပါတီ အတွင်းရေးမှုးပါ၊ တရားမ၀င် သစ်များ ရောင်းချနေမှုအပြင် မြတ်ယမုံ နဲ့ မျိုးနွယ် ကျောက် ကုမဏ္ကီတွေကို ပိုင်ဆိုင်ပါတယ်၊

အခြား ပုဂ္ဂို လ်များကတော့ လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေး ဒုဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ် ဦးဘုန်းဆွေ၊ ဆက်သွယ်ရေး နဲ့ နည်းပညာ ဒုဝန်ကြီး ဗိုလ်ချုပ်ဟောင်း ၀င်းသန်း၊တို့ ဖြစ်ပါတယ်၊

သူတို့ မသိတာတွေ အများကြီး ကျန်ပါသေးတယ်လို့ Global Witness က ၀န်ခံထားပါတယ်။

စစ်တပ်ပိုင် ကုမဏ္ကီများ

ဦးပိုင် လီမိတက် (MEHL), MEC, ရွှေအင်းဝ နဲ့ Northern Star တို့ ဖြစ်ပါတယ်။ ဖက်စပ်လုပ်တဲ့သူတွေကတော့ ၀န်ကြီး ဦးအုန်းမြင့်ပိုင် ကုမဏ္ကီ၊ ကမ္ဘောဇ နဲ့ ထူး တို့ ဖြစ်ပြီး ခန့်ထားတဲ့ တပ်မတော် အရာရှိတွေက လုပ်ငန်း ဘာမှ နားမလည်ပဲ အမိန့်ပဲ ပေးတပ်လို့ အချို့ အတော် စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။

နောက် ကုမဏ္ကီတခုကတော့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇ ပဲ ဖြစ်ပါတယ်။ ၀ လွတ်မြောက်ရေး တပ်မတော်ကလည်း အဓိက အခန်းကဏ္ကကနေ ပါဝင် ပါတ်သက်နေပါတယ်၊ ဒီအရှုပ်တော်ပုံကြီးတွေကို ရေးပြနေရရင် တစ်ထောင့်တည ပြီးနိုင်မှာ မဟုတ်တော့ပါဘူး၊

နိုင်ငံခြား ကုမဏ္ကီတွေထဲမှာ ကိုကာကိုလာရဲ့ ပြည်တွင်း ဒါရိုက်တာ ဒေါ်ရွှေစင် နဲ့ ဘိန်းဘုရင် Wei Hsueh Kang  အတွက် ပြည်ပမှာ ဟန်ပြ ကုမဏ္ကီ ၅ ခု လောက် ဖွင့်ပေးထားတဲ့ Catepillar တို့ ဖြစ်ပါတယ်၊ နှစ်ခုစလုံးက တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိပါဘူးလို့ ငြင်းဆို ခဲ့ကြပေမယ့် ကျောက်စိမ်းလုပ်ငန်းတွေမှာ ပါနေတဲ့ သူတွေနဲ့တော့ စီးပွားရေး ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘိန်းဘုရင် Wei Hsueh Kang  မှတဆင့် တရားမ၀င် ကျောက်စိမ်းတွေကို ထုခွဲရောင်းချရတဲ့ ငွေတွေကို Catepillar က လျော်ဖွတ်ပေးနေတယ်လို့ ဖေါ်ပြထားပါသေးတယ်၊

ဦးနေ၀င်းက သူကိုယ်တိုင် အကျင့်စာရိတ္တပျက်စီး၊ ဗိုလ်သန်းရွှေက တပ်မတော်ရဲ့ စာရိတ္တကို ဖျက်ဆီး၊ ဗိုလ်သိန်းစိန်ကတော့ တနိုင်ငံလုံးရဲ့ စာရိတ္တတွေကို ဖျက်ဆီးခဲ့သူတွေ အဖြစ် သမိုင်း စာမျက်နှာများပေါ်မှာ ထင်ကျန်ခဲ့တော့မှာ ဖြစ်ပါတယ်၊

ကံကြမ္မာ ဆိုတဲ့ တရားသူကြီးက မသမာသူတွေရဲ့ လက်အောက်က လွတ်မြောက်ပြီး မြန်မာနိုင်ငံ ရှေ့လျောက် ဖွံ့ဖြိုးတိုးတက် တည်ငြိမ်မှု ရှိမရှိ ဆိုတာကို နိုဝင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် စီရင်ချ ချမှာ ဖြစ်ပါတယ်၊

HSW



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: